17
Jan
RNA_ဇန်နဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖားကန့်မြို့ပေါ်ထိတွေ့တိုက်ပွဲ မဖြစ်ပွားသည့်အတွက် စစ်ကောင်စီတပ်ဘက်က "လူသတ် လုယက် PDF မိတ်ဖက်မြေခွေး KIA" တွေ့သည့်နေရာ ချေမှုန်းစို့ ဆိုသည့် စာရွက်များ ဖားကန့်စည်ပင်စျေးမှာ ယနေ့ နံနက်ပိုင်းက လာကပ်သွားကြောင်း သိရသည်။ အနန့်ပါ ကိစ္စပြီးသည့်နောက်ပိုင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများသည် ထင်ရာစိုင်း လုပ်ချင်သလို လုပ်နေကြကြောင်း၊ ယခုတပတ်အတွင်း စစ်ကောင်စီတပ်သား (၂၀) ဝန်းကျင်သည် လမ်းမများပေါ်တွင် စစ်ဆေးရေးများလုပ်ပြီး မေးသမျှ မဖြေနိုင်ပါက ကားသိမ်း၊ ဆိုင်ကယ်သိမ်း၊ ဖုန်းသိမ်းမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ (more…)