ရေမဆေးကျောက်

ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။   ဖားကန့်က၊ ကျောက်စိမ်းရှာဖွေနေသူများ၊ မြေပြိုမှုကြောင့် နွံအတွင်းပျောက်ဆုံးသွားသည့် (၃၆) ဦးဝန်းကျင်ကို ယနေ့ နေ့လည်ပိုင်းအထိ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေခဲ့ကြကြောင်း သိရသည်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၆)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ (more…)
Read More
တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

တရားမဝင်ခိုးတူးလုပ်ငန်းရှင်များက စစ်ရှောင်ရွှေ့ပြောင်း‌နေအိမ်များကို ဖယ်ရှားခိုင်း

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၂၁)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့်အတွက် စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရတနာနယ်မြေအတွင်းမှ နေအိမ်များကို တရားမဝင်ခိုးတူးနေသည့် လုပ်ငန်းရှင်များက ဖယ်ရှားခိုင်းနေကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးရှိ မြေလွတ်နေရာပေါ်မှာ နေထိုင်ကြသည့် အိုးအိမ်များပျက်စီးပြီး အသက်ဘေးမှလွတ်လာသည့် စစ်ကိုင်း တိုင်းအတွင်းမှ ဒုက္ခသည်စစ်ဘေးရှောင်ပြည်သူအများစုအပါအဝင် အိမ်ခြေ(၁၅၀)ခန့်ကို ကျောက်တွင်းခိုးတူး‌နေသည့်လုပ်ငန်းရှင်များက လုပ်ကွက်ကျင်းတူးရန်ဟုဆိုကာ အဓမ္မ ဖိအားပေး ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။ (more…)
Read More
ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) မြေစာပုံပြိုကျမှု ပျောက်ဆုံးနေသူ များသော်လည်း ယနေ့ နံနက်အထိ အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ " ပျောက်ဆုံးတာကတော့ များတယ် (၅၀) ကျော်ရှိတယ်လို့ ခန့်မှန်းပေါ့၊ အလောင်းက မနေ့က တလောင်း အခုမနက်တလောင်း ဒါပဲရှာတွေ့သေးတယ်၊ မနေ့ကတွေ့တဲ့အလောင်းက ကိုမျိုး ခွန်ဆာကုန်းကပေါ့" ဟု RNA သတင်းရင်းမြစ်က ပြောသည်။ စိန်စိန်လုပ်ကွက်အနီးက မြေစာပုံသည့် ရေကန်သည် အမြင့် ပေ…
Read More
ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) တွင် ယနေ့ နံနက် ၃ နာရီ မိနစ် ၃၀ ဝန်းကျင်းက ရေကန်အတွင်း မြေစာပုံပြိုကျကာ ရေမဆေးကျော်ရှာဖွေသူ (၅၀) ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။ " အခု ၉ နာရီ မထိုးခင်လေးမှ ရှာဖွေမှုလုပ်ကြမှာ ‌အစောပိုင်းက လှေလေးနဲ့ ရှာနေရတာ တလောင်းမှမတွေ့သေးဘူး အခုတော့ ရေငုပ်ရှာကျမှာ ရေကန်ကကျယ်တယ်၊ ‌ပျောက်နေတဲ့သူတွေ သေဖို့များတယ်၊ ဈေးဆိုင် ၂ ဆိုင်က အမျိုးသမီး ၂…
Read More
ဖားကန့်မြေပြိုမှု သေဆုံးသူများပြားခဲ့ပြီး၊ သမ္မတဖွဲ့စည်းပေးသည့်အဖွဲ့ စုံစမ်းစစ်ဆေးနေ

ဖားကန့်မြေပြိုမှု သေဆုံးသူများပြားခဲ့ပြီး၊ သမ္မတဖွဲ့စည်းပေးသည့်အဖွဲ့ စုံစမ်းစစ်ဆေးနေ

ဖားကန့်မြေပြိုမှု လူ ၁၇၄ ဦးသေဆုံးမှု( ၂ဦးပျောက်နေ) စုံစမ်းစစ်ဆေးနေ၊ သေဆုံးသူ မိသားစုများကို ထောက်ပံ့ငွေပေး ကိုတာ ဖားကန့်၊ ဇူလိုင် ၅ ရက်။ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး မြေပြိုမှုတွင် ဆယ်သူရရှိထားသည့်အလောင်းမှာ ၁၄၇ ဦးဖြစ်ပြီး ၊ စာရင်းများအရ ၂ လောင်းပျောက်နေကြောင်း၊ မြေပြို လူသေသည့် ကိစ္စနှင့် ပတ်သက်ပြီး သမ္မတဖွဲ့စည်းပေးထားသည့်အဖွဲ့က ဇူလိုင် ၄ ရက်နေ့ကစတင်ပြီး စစ်ဆေးနေပြီဖြစ်ပါတယ်။ သေဆုံးသူ ၁၇၄ ဦးအတွက် မိသားစုများကို ထောက်ပံ့ငွေ ၅ သိန်း၊ ဒဏ်ရာရရှိသူ ၅၄ ဦးကို ၂ သိန်းယနေ့ ထောက်ပံ့ခဲ့ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ဖားကန့်မှ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊…
Read More
ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

ရိုက်ကူး၊ တာလင်းမောင် (ဖားကန့်) ဘဝမျှော်လင့်ချက်တွေနဲ့ ဖားကန့်ကို ကျောက်တူး တက်ကြပေမဲ့ မြေစာပုံပေါ်က ရေမဆေးကျောက် ရှာဖွေသူတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားက ဖြစ်ပါတယ်။ ဒီအထဲမှာ ယောက်ျားတွေနဲ့ တန်းတူ စီးပွားရှာနေကြတဲ့ ဈေးသည်တွေ ရှိနေပါတယ်။ မြေစာပုံက ဈေးသည်တွေဟာ သူတို့ဘဝနဲ့ သူတို့တော့ သူရဲကောင်းများဖြစ်ပါတယ်။Red News Agency
Read More