မော်ဝမ်းရပ်ကွက်

စစ်တပ်နှင့် အပေးအယူတည့်ခဲ့သည့် ဖားကန့်မှ​ကျောက်စိမ်း လုပ်ကွက်တစ်ခုအား စစ်တပ်မှဝင်စီး

စစ်တပ်နှင့် အပေးအယူတည့်ခဲ့သည့် ဖားကန့်မှ​ကျောက်စိမ်း လုပ်ကွက်တစ်ခုအား စစ်တပ်မှဝင်စီး

RNA_ဖားကန့် မေလ၂၉ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့၊ မော်ဝမ်းအုပ်စု၊ မော်ဝမ်းကြီးကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်မှ မေလ ၂၇ ရက် ညဦးပိုင်းတွင် သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။   စစ်ကောင်စီတပ်မှဝင်စီးခဲ့သည့် ကျောက်စိမ်းလုပ်ကွက်သည် အပေးအယူ တည့်ထားသည့်အတွက် ကျောက်စိမ်းတူးဖော်မှုလုပ်ကွက်ဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းစဉ် ဘက်ဟိုးနှင့် မြေသယ်ကားများအား သိမ်းဆည်းပြီး လုပ်ကွက်လုံခြုံရေးယူပေးထားသည့် ကချင်အမျိုးသား (၆) ဦးခန့်နှင့် ကျောက်ကျင်းလုပ်ကွက်မှ ဝန်ထမ်း(၅၀)ဦးခန့်အား ‌ဖမ်းဆီးကာ မြေပြင်တွင်ထိုင်ခိုင်းထားခဲ့ကြေင်း မျက်မြင်တွေ့သူတဦးက ပြောသည်။   စစ်ကောင်စီ စစ်တပ်၏ ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်သည် ကျော်နိုင်နှင့်ညီများ ပိုင်ဆိုင်သည်ဟု စုံစမ်းသိရှိရပြီး ကျော်နိုင်နှင့်ညီများအုပ်စုသည် ယခင်က စစ်ကောင်စီတပ်နှင့် KIA လက်နက်ကိုင်အဖွဲ့အစည်းအပြင်…
Read More
ပြီးခဲ့သည့်ညက ပြည်သူ (၅)ဦးကို စစ်ကောင်စီက နေအိမ်များအတွင်းဝင်ရောက်ဖမ်းဆီး

ပြီးခဲ့သည့်ညက ပြည်သူ (၅)ဦးကို စစ်ကောင်စီက နေအိမ်များအတွင်းဝင်ရောက်ဖမ်းဆီး

RNA_ဖားကန့်၊ မတ် (၁၃)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်မှ နှင်းနှင်းဝေ လက်ဘက်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးချစ်ခိုင်၊ ဆံသဆရာ ကိုမျိုးသန့် အပါအဝင် ပြည်သူ (၅) ဦးကို ပြီးခဲ့သည့် (မတ်လ ၁၂ ရက်နေ့) ည(၁)နာရီခန့်တွင် နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။   ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ ဖားကန့်မြို့နယ်နေထိုင်သူ ပြည်သူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှု ဆက်တိုက်လုပ်ဆောင်နေပြီး ယခုလ (၁၁)ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးအတွင်း သေနတ်ပစ်ဖောက်ဝင်စီးကာ အဆိုပါရုံးအတွင်းမှ ပြည်သူ(၇)ဦးခန့်ကို ဖမ်းဆီးသွားခဲ့သည်။   (more…)
Read More