ဖားကန့်၌ လဝက ဒုဦးစီးတစ်ဦး ယနေ့ ပစ်သတ်ခံရ

RNA_ဖားကန့်၊ မတ် (၁၂)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စစ်ကောင်စီလက်အောက်ခံ လဝက ဒုဦးစီးအဆင့်ရှိ လွင်မြင့်သည် ယနေ့ နေ့လည်ပိုင်းက နေအိမ်ဝန်ထမ်းအိမ်ရာအတွင်း ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဖားပြင်ကျေးရွာ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်များက စီးနင်းခဲ့ပြီး နောက်တစ်နေ့၌ လဝက ဝန်ထန်းတ ပစ်သတ်ခံရခြင်းဖြစ်သည့်အတွက် ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးစီးနင်းခံရမှုနှင့်ဆက်စပ်မှုရှိ/မရှိကို Red News Agency သတင်းထောက်အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြု ပြောကြားထားခြင်း မ‌ရှိသေး‌သော်လည်း ဒေသတွင်း သတင်းများအရ KIA/PDF များက စစ်ကောင်စီအား လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း၊ လဝက ဒုဦးစီးမှူး ပစ်သတ်ခံရပြီးနောက် ချက်ချင်း စစ်ကောင်စီတပ်များက ဖားကန့်မြို့နယ်တစ်ဝိုက် ကင်းပုန်းချ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြသည်။

#RedNewsAgency

By Editor