19
Oct
RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် တိုက်သမားများထံပို့သည့် ပါဆယ်ဌာနတွင် ယနေ့ ( အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း တစ်ဦးပါအဝင် အနည်းဆုံး (၂) ဦးသေဆုံးကြောင်း သိရသည်။ " အခုပေါက်တာက ပါဆယ်ဌာနပေါ့၊ တိုက်ထဲနေရာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို ပါဆယ်ပို့တဲ့ နေရာလေ၊ ဖြစ်နိုင်တာက PDF တွေ လုပ်တာ မဖြစ်နိုင်ဘူး၊ အင်းစိန်ထောင်က အစစ်အဆေးတအား ကြပ်နေတာလေ ပျူစောထီးတွေလုပ်တာဖြစ်နိုင်တယ်၊ အခု ဝန်ထမ်းတဦးက တန်းသေတယ်၊ နောက်ထပ်တယောက်က သတိမေ့သွားပြီးမှ သေတယ်၊ အပြင်က ထောင်ဝင်စာလာတဲ့အထဲကလည်း ကလေးတယောက်…
