Tag: ဒေါ်အောင်ဆန်းစုကြည်

  • စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

    စလင်း PDF နှင့်ပြည်သူများပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်

    RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

    ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက် တော်လှန်ရေးတွင်တာဝန်ကျေပွန်ခဲ့ကြသည့် အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် အကျဥ်းကျခံနေရသည့်အမျိုးသမီးများ၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တော်လှန်ပါဝင်နေကြသည့် အမျိုးသမီးများဂုဏ်ပြုသောအားဖြင့် June 19 လှုပ်ရှားမှူအနေဖြင့် မကွေးတိုင်း မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း (စလင်း)မှ ရဲဘော်များနှင့် ပြည်သူများ ပူးပေါင်းကာ “စလင်းမြို့နယ်ပြည်သူလူထုပန်းသပိတ်” ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

     

    Red News Agency

  • ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် မင်းဘူးခရိုင်တပ်ရင်း (၂) ရဲဘော်များ ပြုလုပ်

    RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် မကွေးတိုင်း၊ မင်းဘူးခရိုင်တပ်ရင်း အမှတ် (၂) ရဲဘော်များက ဆုမွန်ကောင်းတောင်းခြင်းနှင့် ခွန်အားဖြည့်မိငယ် သီချင်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=mJuvWHX-ZFc[/embedyt]

    #RedNewsAgency

  • ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်သူများ၏ ဆုတောင်းစကား

    RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက်မွေးနေ့အတွက် ပြည်သူများက ဆုတောင်းစကားသံများ ပြောကြားထားကြသည်။

    [embedyt] https://www.youtube.com/watch?v=BqPxo5wCvoA[/embedyt]

    #RedNewsAgency

  • စစ်ကောင်စီဘာတွေမျော်လင့်နေတာလဲ

    စစ်ကောင်စီဘာတွေမျော်လင့်နေတာလဲ

    “ဒေါ်အောင်ဆန်းစုကြည်ကို ဒီအခြေအနေမှာ ဘာကြောင့် PDF တွေကိုတားဆီးစေချင်တာလဲ ၊ အကြမ်းဖက်တပ်တွေ သွေးပျက်နေပြီလား မေးခွန်းထုတ်ရမှာပါ။ နောက်တစ်ချက်က ဒီအခြေအနေမှာ သူတို့ရဲ့ ထွက်ပေါက်အရ ဓားစာခံသဖွယ် ထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးတာမျိုးထက်  ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်သလို နိုင်ငံရေး စစ်ရေးနဲ့ စီးပွါးရေးအပါအဝင် နယ်ပယ်စုံမှာ  ကျရှုံးနေတဲ့  စစ်ကောင်စီဟာ  ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချရန်ကြိုးစားလာ”

    ငြိမ်းမောင်

    အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ခေါင်းဆောင်တစ်ချို့ကနေပြည်တော်အကျဥ်းထောင်မှာရှိနေတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုသွားရောက်တွေ့ဆုံခဲ့တဲ့အကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဆီကိုဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ပါတဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေသွားတွေ့ခဲ့တာလို့ဇွန်၁၂မှာသတင်းတွေမှာတွေ့ရပါတယ်။

    ဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ကို တားဆီးပေးဖို့ ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ  ပါဝင်ကူညီလုပ်ပေးဖို့ဆိုတဲ့ အချက် ၂ ချက်ကို တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို လာရောက်တွေ့ဆုံပြောဆိုမှုနဲ့ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်ဘက်ကဘာသဘောထားမှတ်ချက်မှပြန်မပေးခဲ့ဘူးလို့လည်းသိရပါတယ်။အမှန်တကယ်တွေ့ဆုံခဲ့တာဟုတ်မဟုတ်၊အဲဒီအချက်တွေတကယ်ဆွေးနွေးခဲ့တာမှန်မမှန်အတည်မပြုနိုင်သေးပါ။ လက်ရှိအချိန်ဟာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ယှဥ်ပြိုင်တိုက်ခိုက်နေကြတဲ့ PDF တပ်ဖွဲ့တွေဟာအင်အားအများအပြားကြီးထွားလာနေတဲ့အချိန်ပါ။

    (more…)

  • ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်

    ပါတီဖျက်သိမ်းကြောင်း ထုတ်ပြန်သည့်အပေါ် “ ပြည်သူရှိသ၍ ပါတီရှိနေမည်” ဟု NLD ပါတီထုတ်ပြန်

    RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ UEC က NLD နှင့် SNLD အပါအဝင် ပါတီ (၄၀) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီမှ “ပြည်သူရှိသ၍ ပါတီရှိနေမည်”ဟု ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
     
    “၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု၏အဆုံးအဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေမည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့်နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူနှင့်တစ်သားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိအမှတ်ပြုလေးစားပါကြောင်း အသိပေးအပ်ပါသည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု

    ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု

    ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု
    RNA_ဒီဇင်ဘာ ၂၂၊ ၂၀၂၂ ခုနှစ် ။
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်၊ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် စသည့်အချက်များပါဝင်သော မြန်မာ့အရေးဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။
    အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေ​သောအကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေး​ရေး၊လူ့အခွင့်အရေးလေးစားရန် တောင်းဆိုချက်များပါဝင်သော ဆုံးဖြတ် ချက်တစ်ခုကို လူ့အခွင့်အရေးလုံခြုံရေးကောင်စီက ချမှတ်လိုက်ခြင်း ဖြစ်သည်။
    ” အခုဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်တဲ့ တိုးတက်ပြောင်းလဲသော ခြေလှမ်းတခုလို့ပြောနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီကီု တောင်းဆိုမှုနဲ့ နိုင်ငံတကာကလုပ်ဆောင်ရန်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တံ့ရန်ဆိုတဲ့အချက်မျိုးတွေ ကျန်ခဲ့ပါတယ်၊ ဒါတွေကို မလိုက်နာရင် နိုင်ငံတကာအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့အဆင့်ထိတော့ မပါဝင်လာသေးပါဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကနေ နိုင်ငံတကာက ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမယ့်လုပ်ငန်းတွေအတွက် ခွန်အားသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို နောက်ထပ်အရိူက်ထိစေတဲ့ လုပ်ဆောင်ချက်နဲ့ ရပ်တည်ချက်တွေကို မဲပေးမှုအပေါ်သုံးသပ်ရင် တွေ့နိုင်ပါတယ်။ အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ မြန်မာ့အရေးကို ပြည်တွင်းရေးဖြစ်တယ်ဆိုပြီး မျက်နှာလွှဲလက်ရှောင်နေတဲ့ ကုလသမဂ္ဂဝင်နိုင်ငံတွေကို တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ကမ္ဘာမှာမအေးသေးဘူးဆိုပြီး မြန်မာပြည်သူတွေကို အားပေးလိုက်တဲ့လုပ်ဆောင် ချက်တခုဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကြိုးပမ်းလုပ်ဆောင်သွားပါ့မယ် ” ဟူ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ယက်မှတစ်ဆင့်သတင်းထုတ်ပြန်ခဲ့သည်။
    ကုလဌာနများ အမြင့်ဆုံးဆုံးဖြတ်ချက်ချမှတ်သည့်ဌာနဟု ဆိုနိုင်သည့်ကုလလုံခြုံရေးကောင်စီအနေဖြင့် လွန်ခဲ့တဲ့ (၇၄) နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဦးဆုံးချမှတ်သည့် ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်က လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့တွင်ဘ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ဖူးသည်။
    လုံခြုံရေးကောင်စီတွင်လည်း ကြေညာချက် (Statement) များ ထုတ်ပြန်ခဲ့ဖူးပြီး ယခုထုတ်ပြန်ခဲ့မှုသည် ကောင်စီဆုံးဖြတ်ချက် (resolution) အဆင့်ဖြစ်၍ည လေးစားလိုက်နာရန်လိုအပ်သည့်အဆင့်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
    ယင်းသို့ ဆုံးဖြတ်နိုင်ရန်အတွက် အမြံတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ပြီး မဲအနည်းအများနှင့် ဆုံးဖြတ်ခဲ့ကြောင်း၊ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံထည်းက တစနိုင်ငံမှ ဗီတိုအာဏာသုံး ကန့်ကွက်လျင် အတည်ပြုလို့မရကြောင်း သိရသည်။
    ယခုဆုံးဖြတ်ချက်ချနိုင်ခြင်းသည့ ဗီတိုအာဏာသုံးပြီး ကန့်ကွက်သည့်နိုင်ငံမရှိတဲ့အပြင် ထောက်ခံသူ (၁၂) နိုင်ငံ။ ကြားနေ (၃) နိုင်ငံသာရှိခဲ့၍ ဆုံးဖြတ်ချက်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီးထူးခြားချက်အနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့က မကန့်ကွက်ဘဲ အိန္ဒိယနိုင်ငံနှင့်အတူ ကြားနေမဲပေးခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

    RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။

    ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။ (more…)

  • NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်

    NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်

    RNA_ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ နံနက်ပိုင်းက ထောင်ဒဏ် ၄ နှစ်ထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ နေအိမ်တွင် ဖမ်းဆီးထားပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် စွဲဆိုထားမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေနှင့် စွဲဆိုထားမှုအတွက် ထောင်ဒဏ် ၁ နှစ်တို့ကို တပေါင်းတည်း ကျခံရမည်ဖြစ်သည့်အတွက် ထောင်ဒဏ် ၂ နှစ် သတ်မှတ်ခံရပြီး၊ သဘာဝ​ဘေးအန္တရာယ် ပုဒ်မနှင့် စွဲခံထားရမှုအတွက် ထောင်ဒဏ် ၂နှစ် ချမှတ်သည့်အတွက် ယနေ့ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် နေပြည်တော် အထူးတရားရုံးက ချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ထောင်ဒဏ် ၄ နှစ်၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ပုဒ်မ ၅၀၅(ခ)အတွက် ​ထောင်ဒဏ် (၂)နှစ်၊ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ ၂၅အတွက် ​ထောင်ဒဏ် (၂)နှစ် ချမှတ်ထားရာ ၂ နှစ်လျော့ပေးထားသည့်အတွက် ၂ နှစ်သာ ကျခံရမည်ဖြစ်ကြောင်း၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

    ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

    “ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။

    အောင်ဆန်းစုကြည် (နိုဝင်ဘာ (၃)၊ ၂၀၂၀)

    ရွေးကောက်ပွဲကြီးဖြစ်ဖို့ နီးပြီလေ။ နီးလာတာနဲ့အမျှ ဒီရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြည်သူတွေ ပို၍၊ ပို၍ သိလာကြပြီထင်ပါတယ်။ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်နဲ့ဖြစ်မြောက်သွားပြီး ပြည်သူတွေရဲ့ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ဖို့ဟာ အဓိကလိုအပ်ချက်ပါ။ ဒါကိုမလိုလားလို့ နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာလည်း ပြည်သူတွေအသိပါပဲ။ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ အတော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြတာပါ။ ဒီလိုလုပ်ရပ်တွေနဲ့ဆင်ထားတဲ့ထောင်ချောက်ထဲကို မဝင်မိကြပါစေနဲ့။

    ကျွန်မတို့ ငယ်ငယ်တုန်းက လူတိုင်းလိုလိုသိကြတဲ့ အပြောလေးတစ်ခုကို ပြန်မှတ်မိလိုက်တယ်။ “ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။ကျွန်မတို့ ဘယ်လိုအောင်နိုင်မှု ရယူကြမလဲ။ တကယ်တော့ သိပ်ပြီး မခက်ပါဘူး။ (၈)ရက်နေ့ ရွေးကောက်ပွဲကြီးကျင်းပမယ့်နေ့မှာ ကျွန်မတို့တွေ အချင်းချင်းပို့သနေတဲ့မေတ္တာတွေကို အာရုံပြုပြီး စိတ်ကြည်လင်စွာနဲ့ အိပ်ယာထကြပါ။ တည်ငြိမ်အေးချမ်းစွာနဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး မဲရုံကိုသွား မဲပေးကြပါ။

    (more…)

  • ပြည်သူ့အချုပ်အခြာ အာဏာလား နိုင်ငံတော်အချုပ်အခြာအာဏာလား-ဒေါ်အောင်ဆန်းစုကြည်နှင့်စကားစစ်ထိုးခြင်း

    ပြည်သူ့အချုပ်အခြာ အာဏာလား နိုင်ငံတော်အချုပ်အခြာအာဏာလား-ဒေါ်အောင်ဆန်းစုကြည်နှင့်စကားစစ်ထိုးခြင်း

    ” ပြည်သူ့အချုပ်အခြာအာဏာပိုင်အစိုးရလက်ထက်မှာ အာဏာရဲ့မူလပိုင်ရှင် ပြည်သူတွေရဲ့ အဆုံးအဖြတ်ဟာ အခရာကျပါတယ်။အစိုးရလို့ခေါ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တနည်းအားဖြင့်ပြောရရင် ကိုယ်စားပြုသူတွေ မရှိမဖြစ်လိုအပ်နေတာမဟုတ်ပါဘူး။ပြည်သူတွေက ကိုယ့်စီးပွားကိုယ်ရှာဖို့အတွက် အချိန်ပေးရလို့ တိုင်းရေးပြည်ရာ စီမံခန့်ခွဲရအောင် အစိုးရကို တာဝန်ပေးခန့်အပ်ထားတာလို့ ယူဆကြပါတယ်။ဒါကြောင့် ပြည်သူမကြိုက်တဲ့ အစိုးရကို ပြည်သူက ဆန္ဒပြပိုင်ခွင့်လည်းရှိ၊ဖြုတ်ချပိုင်ခွင့်လည်း ရှိပါတယ်”

    ကျော်ကိုကို

    နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ မဲစာရင်းသွားစစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့လို မဲစာရင်းလာစစ်နေတဲ့ ရပ်ကွက်နေပြည်သူတွေကို ခုလို ပြောခဲ့ပါတယ်။

    “ရွေးကောက်ပွဲမှာ ကိုယ်ပေးချင်တဲ့သူကို မဲပေးလို့ရတယ်။မဲပေးတာ နိုင်ငံသားတွေရဲ့ တာဝန်ပဲ။အခွင့်အရေးလည်းဖြစ်တယ်။…..မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာဆိုပြီး လုံးဝပြောပိုင်ခွင့်မရှိဘူးနော်။မဲပေးတဲ့တာဝန်တောင်မှ မယူဘဲနဲ့….” ဒီစကားတွေကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပြောခဲ့တာဖြစ်ပြီး Myanmar Now သတင်းထောက်က ရိုက်ကူးတင်ပြထားတဲ့ ဗွီဒီယိုသတင်းမှတ်တမ်းကို ကိုးကားပြီး ပြန်လည်ဖော်ပြလိုက်တာဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေဟာ စကားလုံးရေအရ အလုံး ၆၀ ကျော်၊ အခွန်းရေအရ ၄၊၅ခွန်းပဲဆိုပေမယ့် အနက်အဓိပ္ပာယ်အရ အတော်ကျယ်ဝန်းပါတယ်။ပြောဟန်ဆိုဟန် ကတော့ မဲမပေးရေးလှုပ်ရှားသူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြောနေတာဖြစ်ပေမယ့် ပြည်သူတရပ်လုံးကို ခြုံပြီး သတင်းစကားပါးလိုခြင်းဖြစ်ဟန်တူတယ်။စိတ်ဆိုးမာန်ဆိုး‌ပြောနေတာမဟုတ် သော်လည်း အနည်းငယ် စိတ်ကသိကအောက်ဖြစ် နေတဲ့ဟန်နဲ့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

    အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားနောက်မှာ ဘယ်တရားတွေ ကပ်ပါလာသလဲဆိုတာ ကျနော်တို့ ငဲ့စောင်းစိစစ် ဖွေလှစ်ပြီးကြည့်ဖို့ မဖြစ်မနေလိုအပ်နေပါပြီ။ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့သူတွေထဲက တယောက်ဖြစ်တဲ့အပြင် လက်ရှိအာဏာရပါတီနဲ့အစိုးရကို ကိုယ်စားပြုထားတဲ့သူ တယောက်က ပြောလိုက်တဲ့စကားကို မဆန်းစစ်ပဲ ပေါ့ပေါ့တန်တန် လက်ခံလိုက်ရင် နိုင်ငံသားတယောက်ရဲ့ တာဝန် ဘယ်လိုလုပ်ကျေပွန်မှာလဲ။

    ကျနော် သဘောပေါက်တဲ့ နိုင်ငံသားတာဝန်ဆိုတာ ပြည်သူလူထုတဦးချင်းစီတိုင်း နိုင်ငံရေးမှာ ပါဝင် ဆောင်ရွက်ခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို တက်တက်ကြွကြွ အသုံးပြုရတဲ့ တာဝန်ပါပဲ။ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေကို ကျနော်တို့ တက်တက်ကြွကြွပဲ ဆန်းစစ်ဝေဖန်ကြည့်ကြပါစို့ခင်ဗျာ။

    (more…)