ဒီမော့ဆို

ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၄၀) ကျော်သေဆုံး

RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့ (၁၈) ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀)ကျော်သေဆုံးခဲ့ကြောင်း ယနေ့ KNDF က ထုတ်ပြန်ထားသည်။   ဒေါညေးခူကျေးရွာ အနီးတွင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit)တို့ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ…
Read More
ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နှင့် (၅)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။ "ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့…
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်(ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇) အား KA ၊ KNDF စသည့် တပ်ပေါင်းစုတပ်ဖွဲ့မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅) ဦးအထက် သေဆုံးပြီး လက်နပ်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉/၃၀) ရက်နေ့က ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၆)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် ဗျူဟာ…
Read More
ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

RNA_မတ်(၂၅)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြိးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံးပြီး (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။   ၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူကျေးရွာဖက်သို့…
Read More
ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

ဒေါသဲရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း ဒေသဲရွာအတွင်း စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်တို့ ရင်ဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၄) ဦးသေဆုံးကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါသဲရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲကို မတ်လ (၁၀) ရက်နေ့က ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ရဲဘော် (၃) ဦးဒဏ်ရာရ

မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ရဲဘော် (၃) ဦးဒဏ်ရာရ

RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။ နယ်မြေစိုးမိုးထားသည့် စစ်ကောင်စီတပ်အား တိုက်ထုတ်ပြီး နယ်မြေစိုးမိုးရေးနှင့် မိုင်းရှင်းလင်းရေးပြုလုပ်စဉ် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)မှ ရဲဘော် (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁) ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာ နယ်မြေအား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အား မောင်းထုတ်နိုင်ခဲ့ပြီး နယ်မြေအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More
သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

RNA_ဒီဇင်ဘာ ( ၃)၊၂၀၂၂ ခုနှစ် ကရင်နီပြည်(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅) မှ ကျဆုံးခဲ့သည့် ရဲဘော်ဒို ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ပြုလုပ်ခဲ့သည်။ ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များက သေးဆူးလဲရွာအနီးဝန်ကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် နိုဝင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲတွင် ရဲဘော်ဒို ကျဆုံးခဲ့ရသည်။ (more…)
Read More
စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

RNA_ဒီဇင်ဘာ(၂)၊၂၀၂၂ခုနှစ်။ ကရင်နီ ( ကယား) ပြည်၊ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေသည့် ထိန်းချုပ်နယ်မြေအား ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ " ဒီမော့ဆို့မြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်း လင်းရေးများ ပြန်လည်ပြုလုပ်နေခဲ့ပြီ" ဟု ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး လက်နက်ကြီးထိမှန်ကျဆုံး 

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး လက်နက်ကြီးထိမှန်ကျဆုံး 

RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအတွင်း တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) လက်အောက်ခံ (KDF)တပ်ဖွဲ့ မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေးသည် လက်နက်ကြီးထိမှန်ကာ ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ဝန်းကျင်က ကျဆုံးခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့…
Read More