တောင်ပိုင်းတိုင်းစစ်ဒေသ

တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) မှ ရဲဘော် (၃) ဦးဒဏ်ရာရ

တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) မှ ရဲဘော် (၃) ဦးဒဏ်ရာရ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြားအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA၊ ကျားဖြူတပ်ခွဲ (၂) အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် ယမန်နေ့ ( နိုဝင်ဘာ ၂၂ ရက်) နံနက် ၉ နာရီကျော်က တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) အဖွဲ့မှ ရဲဘော် (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   "စကစဘက်မှလက်နက်ကြီးများနှင့်အဆက်မပျက်ပစ်ကူ‌‌သောကြောင့် ကျွန်တော်တို့ကျားဖြူတပ်ခွဲ(၂)မှရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။မိမိတို့ကျားဖြူတပ်ခွဲ(၂)မှရိက္ခာပို့ကား၁စီး၊ပွိုင့်တူးတူး၁လက်၊ဖုန်း၅လုံးနှင့်စစ်သုံးကျောပိုးအိတ် စစ်အသုံးအဆောင်များစွာကျန်ခဲ့သည်" ဟု 96 Soldiers - တောင်ပိုင်း ကျားဖြူ တပ်ခွဲ -၂ မှ ထုတ်ပြန်ထားသည်။ (more…)
Read More
96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ ခုနှစ်။ “ 96 Soldiers တွေ မြို့ကိုတက်လာမယ်၊ မကြာခင်မှာ တက်လာမယ်၊ 96 Soldiers “ ဟု ရဲဘော်သစ်နောင်နောင်က တိုက်ပွဲဝင်ရန် သွားလာနေစဉ် ကြုံးဝါးထားသည်။  [embedyt] https://www.youtube.com/watch?v=Xi3tqoBcx3U[/embedyt] 96 Soldiers - PDF ရဲဘော်များသည် တောင်ပိုင်းတိုင်းစစ်ဒေသနှင့် အညာမြေစစ်ဒေသတို့တွင် စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ကော့ကရိတ်တိုက်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။  Red News Agency
Read More