အထူးစစ်ဆင်ရေးတပ်ဖွဲ့ တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

RNA_ဇူလိုင်(၂၂)၊၂၀၂၅ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းများ၌ ဇူလိုင်လ ၂၁ ရက်နေ့က တစ်ပြိုင်တည်း ကျင်းပခဲ့သည်ဟု သိရသည်။

 

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF အား ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ စတင်ဖွဲ့စည်းပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့သည် တပ်ဖွဲ့စတင်ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်ဟု SOF ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor