Tag: တိုင်းရင်းသားလက်နက်ကိုင်

  • ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

    ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

    RNA_ဖေဖော်ဝါရီ( ၉)၊၂၀၂၃ ခုနှစ်။
     
    ကရင်အမျိုးသားအစည်းအရုံး – KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
     
    ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်များအကြား နေတိုင်း ထိတွေ့တိုက်ပွာများ ဖြစ်ပွားခဲ့သည်။

    (more…)

  • ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

    ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီလက်အောက်ခံ ဂျာယန်ကျေးရွာ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် မတရားဖမ်းဆီးထားပြီး စစ်သင်ဆန်းပေးခံနေရသည့် တအာင်းလူမျိုး (၁၂၇)ဦိးအား TNLA မှသွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

    တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသအတွင်း အဓမ္မဖမ်းဆီးခံထားရသည့် တအာင်းလူမျိုး(၁၂၇)ဦိးတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀)ဦီး၊ အမျိုးသမီးငယ်(၁၅)ဦီး၊ အခြားအရွယ် (၉၂)ဦီး ပါဝင်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ကာ ဟန့်တားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

    (more…)

  • ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

    ဖယ်ဒရယ်နှင့်ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် SSPP/SSA လက်တွဲမည်

    RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် – SSPP/SSS အနေဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီရေး လိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

    ရှမ်းပြည်တိုးတက်ရေးပါတီ၏ ၂၀၂၂ ခုနှစ် တိုးချဲ့ဗဟိုကော်မတီမျက်နှာစုံညီ ( နှစ်ချုပ်) အစည်း အဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဖေဖော်ဝါ ရီလ (၁) ရက်နေ့အထိ ဝမ်ဟိုင်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင် (၂၆) ဦး၊ အရံဗဟိုကော်မတီဝင် (၅) ဦးနှင့် ဗဟိုရုံးအဖွဲ့ဝင် (၁၄) ဦးတို့ တက်ရောက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။

    (more…)

  • ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

    ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

    RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

    နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။

    ဓာတ်ပုံ – (၅၉) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ကျင်းပခဲ့သည့် မြင်ကွင်း 

    (more…)

  • အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့

    အားကောင်းသည့် တပ်မဟာ ၁ ခုကို ၁ နှစ်အတွင်း MNDAA အကောင်အထည်ဖော်နိုင်ခဲ့

    RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
     
    မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တခုဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က ၁ နှစ်အတွင်း တပ်မဟာ (၆၁၁) ကို တပ်သားသစ်စုဆောင်းခြင်း သင်တန်းပေးခြင်းစသည့် တည်ဆောက် အကောင်အထည်ဖော်ခြင်းနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
     
    ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် တပ်မဟာ (၆၁၁) သည် တနှစ်အတွင်း သင်တန်းများပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ကာ တပ်မဟာ တခုလုံး တိုက်ပွဲဝင်နိုင်သည့် အနေအထားဖြစ်သည့်အတွက် လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်က ထုတ်ပြန်ကြေညာထားသည်။

    (more…)

  • ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

    ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

    RNA_ဇန်နဝါရီ (၃)၊၂၀၂၃ ခုနှစ်။
     
    ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို လွှဲပြောင်းလိုက်ကြောင်း သိရသည်။
     
    “ အခု KIO ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်တာ ထွေထွေထူးထူးမဟုတ်ပါဘူး။ ၄ နှစ်တကြိမ်အပြောင်းအလဲ လုပ်တာလဲရှိတယ်” ဟု ကချင်လူမျိုး သတင်းသမားတဦးက ပြောသည်။

    (more…)

  • မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်

    မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်

    RNA_ဇန်နဝါရီ ၂၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အားကောင်းနေသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ယနေ့ နံနက်ပိုင်းက နမ့်ဆန်မြို့နယ်မှာ အလုပ်သင်အရာရှိနှင့် ဗိုလ်သင်တန်းကျောင်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
    PSLF/TNLA ၏ ယနေ့ ကျင်းပပြုလုပ်သည့် အပတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် အလုပ်သင်အရာရှိသင်တန်းမှ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ကြောင်း၊ အပတ်စဉ် (၂) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှ ဗိုလ်လောင်း (၅၁) ဦးကို အရာရှိအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

    (more…)

  • စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

    စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

    RNA_နိုဝင်ဘာ (၂၂)၊၂၀၂၂ ခုနှစ်။
    မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ စစ်အုပ်စု တခုလုံးကို အလျင်အမြန်ချေမှုန်းသုတ်သင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်သည်။
    လက်နက်ကိုင် ပဋိပက္ခရှည်ကြာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူများသည် ဆိုးသထက်ဆိုးလာဖို့ရှိိသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နိုင်ရေးက အဓိကဖြစ်ပြီး မဟာမိတ်စစ်ရေးတပ်ပေါင်းစုနှင့် တွန်းလှန်ရန်လိုအပ်ကြောင်း (၇၅)ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းထားသည်။
    “ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်” ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
    ပြည်တွင်းစစ်ကြာရှည်သည်နှင့်အမျှ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေအလိုက် လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများရှိကြောင်း၊ နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသည့် ခုခံစစ်နှင့်အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်နယ်မြေစိုးမိုးမှု မလုပ်နိုင်သည့်အနေအထားများ ရှိလာပြီဖြစ်သည်။
    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေပြီး၊ မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များကလည်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေကြသည်။

  • AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

    AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

    RNA_စက်တင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်လက်အောက်ခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးမှ ‌AAအား ထောက်ပံ့ပေးနေသည့် အမာခံများအား စုံစမ်းဖော်ထုတ်အရေးယူရန် စက်တင်ဘာလ (၂၀) ရက်နေ့က Video Conferencing ဖြင့် နပခကွပ်ကဲမှုအောက်ရှိ တမခမှူး၊ စကခမှူး၊ ရေတပ်ဌနခမှူး၊ နဖ(၁)မှူး၊ စဗာမှူး၊ နဗဟမှူး၊ လကရကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့မှူးများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အတွင်းရှိကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ပြောကြားထားရန်နှင့် ကုန်လမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များ စနစ်တကျ စစ်ဆေးသွားရန် ညွှန်ကြားထား သည်။

    (more…)

  • ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

    ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် – AA ရဲဘော်များက စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့ထားသည့်အတွက် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ် နယ်စပ် စခန်းများကို AA ရဲဘော်များက ပိတ်ဆို့ထားနိုင်သလို အပြီးတိုင် သိမ်းပိုက်ထားမှုများရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

    ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် လမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

    (more…)