Tag: စစ်ကိုင်းတိုင်း

  • စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

    RNA_ဇူလိုင် ၃၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်နှင့် အပါအပေါင်းအပါ အင်အား ၁၃၀ ကျော်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သူရဲကောင်း ၁၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    ” အင်းအား ၁၃၀ ကျော် ခွေးစစ်ကြောင်းကို ကျွန်တော်တို့တောကြီးမြွေပွေးတပ်ဖွဲ့ အပါဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ ပြောက်ကျား တပ်ဖွဲ့များ၊ ပ. က .ဖ များ တော်လှန်ရေးညီနောင်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သူရဲကောင်းရဲဘော် ( ၁၁ )ဦး ကျဆုံးခဲ့ပြီး ထိခိုက်မှုများပြား။ စစ်ခွေး (၂) ကောင်သေ” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

    ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုပ်လိုစိတ်၊ တော်လှန်လိုစိတ် အပြည့်ရှိသော်လည်း လက်နက်အင်အား မမျှသည့်အတွက် ရဲဘော်များ၏ တော်လှန်ရေးသွေးတွေ မြေခ အသက်ပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

    မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

    RNA_ဇွန် ၃၀၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် တိုက်ပွဲများစွာ ဖော်ဆောင်ခဲ့သော တိုက်ခိုက်ရေးလှုပ်ရှားသူများက NUG ကာကွယ်ရေးဝန်ကြီးဌာန ( MOD) နှင့် လက်တွဲဆောင်ရွက်နိုင်ရေး လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE-YRF ) ဖွဲ့စည်းကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။

    ဇွန်လ ၂၉ ရက်နေ့က လူငယ်သူရဲကောင်းတပ်ဖွဲ့ကို မြို့နယ်အတွင်းရှိ ပကဖ၊ ပအဖ တို့နှင့် တွေ့ဆုံစဉ်

    အညာမြေထူးပျောက်ကြားတပ်ဖွဲ့၊ ကျားသစ်နက်၊ Future Generation၊ PRA ခွဲ ၃၁ ၊မြိုင်PDF၊ နောက်မြောက်တိုင်း PDF တပ်ဖွဲ့ များနှင့်အတူ လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE -YRF ) တို့က ဇွန်လ ၁၅ ရက်နေ့က မြိုင်မြို့နယ် ကန်နီကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ကြသည်။

    (more…)

  • PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

    PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

    RNA_မတ်၂၀၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ NGR PDF တပ်ဖွဲ့ဝင် ရဲဘော်တဦး၏ မိဘနှစ်ပါးဖြစ်သည့် ကိုနိုင်မိုးနှင့် မမာဦးတို့ကို အခြား PDF (၂) ဖွဲ့က ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်သွားကြောင်း သိရသည်။

    ဆားလင်းကြီးမြို့နယ် အခြေစိုက် National Revolutionary Guards ( NRG PDF) တပ်ဖွဲ့ ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု သတ်မှတ်ပြီး မတ်လ (၁၇) ရက်နေ့ နံနက် (၁၁) နာရီ ၄၀ မိနစ်ဝန်းကျင်က Salingyi People’s Force ( S.P.F) နှင့် Myanmar ချီဂွေဗားရား အဖွဲ့တို့ ပူးပေါင်းပြီး သုတ်သင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    (more…)

  • လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဟု ဗိုလ်သူရိန်တပ်ဖွဲ့ကပြော

    လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဟု ဗိုလ်သူရိန်တပ်ဖွဲ့ကပြော

    RNA_မတ်၁၉၊၂၀၂၂ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ဗိုလ်သူရိန်တပ်ဖွဲ့ ( Bo Thurain – Yinmabin PDF )က လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဖြစ်ကြောင်း ယနေ့ ပြောကြားထားသည်။

    ” လက်နက်အင်အား မလုံလောက်သေးပေမဲ့ စစ်ခွေးကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ မဖြစ်ဖြစ်အောင် ကြိုးစားနေပါတယ်။ ပြည်သူများ၏ ထောက်ပံ့မှုများကိုလည်း မအလရဲ့ စစ်ခွေးတွေကို ငရဲရောက်အောင်ပို့ဖို့အတွက် အလေအလွင့်မရှိ အသုံးပြုနေပါတယ်။လက်နက် ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း အောင်မြင်မှုရှိနေပါပြီ။ တိုက်ပွဲမှာခွေးစာကျွေးပြီး ကုန်သွားတဲ့ ပစ္စည်းတွေအတွက် တိုက်ပွဲနား ချိန်မှာ ထုတ်လုပ်ရေးတွေအဆက်မပြတ်လုပ်နေပါတယ်” ဟု ဗိုလ်သူရိန် တပ်ဖွဲ့က ‌ပြည်သူများကို ပြောကြားထားသည်။

    (more…)

  • စစ်ကောင်စီလက်ပါးစေနှင့် လုပ်ငန်းရှင်များပေါင်းပြီး ရွှေမျောလုပ်ငန်းများ တရားမဝင် လုပ်ကိုင်နေ

    စစ်ကောင်စီလက်ပါးစေနှင့် လုပ်ငန်းရှင်များပေါင်းပြီး ရွှေမျောလုပ်ငန်းများ တရားမဝင် လုပ်ကိုင်နေ

    RNA_မတ်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ရွှေမျောလုပ်ငန်းကို စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်၊ ရပ်ကျေးအုပ်ချုပ်ရေးနှင့်ပေါင်းပြီး တရားမဝင် လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

    NLD အစိုးရလက်ထက်က ကရားကျေးရွာ ရေတိုက်စားမှု မရှိစေရေးအတွက် ရေထိန်းနံရံ ပြုလုပ်ထားပြီး၊ ကျေးရွာအနီး ရွှေမျောလုပ်ငန်းများ၊ သဲ၊ ကျောက် ထုတ်လုပ်မှုများကို ခွင့်မပြုခဲ့ကြောင်း၊ ယခု စစ်ကောင်စီလက်ပါးစေများနှင့် လုပ်ငန်းရှင်များပေါင်းပြီး တရားမဝင်ပြုလုပ်နေကြောင်း သိရသည်။

    ” အခုဆို ရွာဆိပ်ကမ်းကိုရောက်ပြီ၊ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ကမ်းထိန်းနံရံကျတဲ့ တည့်တည့်နေရာကို မောင်းနေပါတယ်။ ကျေးရွာနေပြည်သူတွေက ဒါကိုလက်မခံနိုင်ကြောင်းပြောနေကြပါတယ် လက်ရှိမှာသူတို့လုပ်ချင် ရာလုပ်နေကြပါတယ်။ နောက်ဆိုထက်ပိုဆိုးလာနိုင်တာ့မို့ ဘယ်သူ့ပြောရမှန်းလဲ မသိတော့ဘူး ရှိတဲ့လူကြီးကလဲ အထက်ကခိုင်းရင် ဟုတ်ကဲ့ခေါင်းငြိမ့်ဘဲ တတ်တာဆိုတော့ ရွာနေပြည်တွေ အားကိုးမရှိပါဘူး” ဟု ဒေသခံပြည်သူ တဦးက ပြောထားသည်။

    ဖောင်းပြင်မြို့နယ်၊ နတ်စက်ကျေးရွာအုပ်စုအတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး မြစ်ကျောက်၊မြစ်သဲ ထုတ်လုပ်မှုကို အကြောင်းပြပြီး ရွှေမျော လုပ်ငန်း လုပ်ကိုင်နေသည့် ပြည်သူအားလုံး မတ်လ (၄) ရက်နေ့မှစပြီး လုပ်ငန်းများ ရပ်နားထားကြရန် ဖောင်းပြင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    Red News Agency

  • လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

    လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

    RNA_မတ်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောကျေးရွာကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဝင်စီးစဉ် PDF ရဲဘော် ကိုမိုးဝင်း၏ မိသားစုဝင် (၄) ဦး အပါအဝင် ပြည်သူ (၁၁) ဦးကို သတ်ပြီး မီးရှို့သွားကြောင်း Hero Tiger Force ထံမှ သိရသည်။

    ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force ရဲဘော် ကိုမိုးဝင်း၏ (၅) နှစ်သား၊ (၁၁) နှစ်သားနှင့် ဇနီးဖြစ်သူ ဇနီ၏အမေ ယောက္ခမ ဖြစ်သူတို့အပါအဝင် ကျေးရွာနေ ပြည်သူ(၁၁)ကို ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသည့်အတွက် လက်ပံတော ဘုန်းကြီးကျောင်း ဝင်ခိုနေစဉ် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးပစ်ခတ်ကာ ဝင်စီးပြီး သတ်ဖြတ်သွားခြင်း ဖြစ်သည်။ (more…)

  • ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

    ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

    RNA_မတ် ၂၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၈) ဦး ကျဆုံးခဲ့ရသည့် သွေးကြွေးအနေဖြင့် ဒီးပဲယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ကြပြီး ယနေ့ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း၊ အလေးပြုခြင်းစသည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၈) ဦးကျဆုံးခဲ့ရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့ကြရကြောင်း၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်တောလေး၊အင်ပင်စသည့် ကျေးရွာနေပြည်သူ ထောင်ချီကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ဒီပဲယင်း ရဲစခန်းကို အဝေးပစ် ဒုံး များဖြင့် ယမန်နေ့ညက တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲများသေဆုံးမှုရှိကြောင်း၊ ယနေ့နံနက်မှာ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်း၊ ရဲစခန်းကို ဒီပဲယင်း အခြေစိုက် ကောင်းကင်၊စွယ်တော်၊ဇာမဏီ တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    RedNewsAgency

  • ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    RNA_၂၈၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုံးရွာကို စစ်ကောင်စီတပ် ဝင်စီးပြီးနောက် အနီးအနားဝန်းကျင်မှာ ပြည်သူ (၉) ဦးကို သတ်သွားပြီး၊ (၃) ဦးကိုဖမ်းကာ ဆိုင်ကယ် (၅၉)စီးနှင့် ကား ၄ စီး၊ နေအိမ် (၅) လုံးမီးရှို့ကာ ဘုန်းတော်ကြီးကျောင်းက ကွန်ပျူတာကို ဖျက်ဆီးသွားကြောင်း သိရသည်။

    “တပ်တွေက ဒီနေ့ထွက်သွားပြီ၊ အနီးဝန်းကျင်မှာ အလောင်း (၉) လောင်းတွေ့တယ်၊ ၂ လောင်းက နယ်ဝေးက၊ ဆိုင်ကယ် ၆၀ ပြောပါတော့ ၅၉ စီးမီးရှို့တယ် နေအိမ် ၅ လုံးပြာကျသွားတယ်။ ၃ ယောက်ကို လေယာဉ်နဲ့ခေါ်သွားတယ် ဖမ်းတာပေါ့၊ အခုတော့ အခြေအနေက ရှုပ်ထွေးနေတုန်းပဲ၊ လောလောဆယ် ဒါပဲ သိရသေးတယ်၊ ရွာထဲပိတ်မိနေတဲ့ ကလေးတွေက အခြေအနေကောင်းပါတယ်” ဟု ယင်းမာပင်မြို့နယ်အခြေစိုက် ရိုက်မဖိုက်တာအဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။

    PDF သင်တန်းဆင်းပွဲရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေယာဉ်နှင့်ရောက်ရှိလာပြီး ပစ်ခတ်ကာ ချင်းပုံးရွာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဝင်စီးပြီး တရွာလုံးကို ပိတ်ဆို့ခဲ့ကြောင်း၊ ယနေ့ မှသာ စစ်ကောင်စီတပ်များ ကျေးရွာကထွက်သွားကြောင်း သိရသည်။

    RedNewsAgency

  • NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

    NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

    RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ဦးဆောင်ပီး CDMဆရာ ဆရာမများ‌၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ အခြေခံပညာကျောင်သူကျောင်းသားများကိုအမျိုးသားညီညွတ်ရေးအစိုးရNUG၏သင်ရိုးညွန်းတမ်းနှင့်အညီ နေရာ တချို့တွင် စာပေသင်ကြားနေပီဖြစ်ကြောင်း သိရသည်။ (more…)

  • PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

    PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

    RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များကို နှိပ်နှင်းရန် အလောင်းမင်းတရားစစ်ဆင်ရေး၊ အနော်ရထာ စစ်ဆင်ရေးတို့ကို ဦးဆောင်စီမံကွပ်ကဲနေသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။

    ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် PDF နှိမ်နှင်းရေး စစ်ဆင်ရေး မအောင်မြင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။

    (more…)