စစ်ကိုင်းတိုင်း

ကနီမြို့နယ်က ချင်းတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ကနီမြို့နယ်က ချင်းတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် တပ်ဖွဲ့များတွင် ချင်းတွင်း ပြည်သူ့ကာကွယ်ရေးတပ် Chindwin People's Defence Force (CDDF) ပါဝင်နေပြီး၊ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကနီ PDF က ဓာတ်ပုံများနှင့်တကွ လှုပ်ရှားမှုများကို အသိပေးလာသည်။
Read More
ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းက စစ်ရေးပြခင်း၊ ကျမ်းသစ္စာကျိမ်ဆိုခြင်း အခမ်းအနားတွင် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) မှ တီထွင်ထုတ်လုပ်သော လက်နက်များကို ထုတ်ဖော်ပြသခဲ့ပြီး စမ်းသပ်ဖောက်ခွဲပြသခဲ့ကြောင်း သိရသည်။ Red News Agency
Read More
NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ PVTV ရုပ်သံအစီစဉ် " တပ်ပျက်လုလု ဖိုးတက်ပု" သရော်စာကဏ္ဍ တင်ဆက်သူ ကိုအောင်နေမျိုး၏ ကျန်းမာရေးမကောင်းသည့် ဖခင်အပါအဝင် မိသားစု (၅) ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။ စစ်ကောင်စီတပ်က ကိုအောင်နေမျိုးကို ဖမ်းဆီးမရသည့်အတွက် ဓားစာခံအဖြစ် လေဖြတ်နေသည့် ဖခင်၊ မိခင်၊ အစ်မ နှစ်ယောက်နှင့် တူမ တို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဖမ်းဆီးသွားကြောင်း၊ မိသားစုဝင်များ အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ကိုအောင်နေမျိုးက ပြောကြားထားသည်။ Red News Agency
Read More
“နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

“နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

"နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်" RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ‌ယနေ့ ညနေပိုင်းက "နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်" စာသာများ ကိုင်ဆောင်ပြီး ကြွေးကျော်သံများဖြင့် ကျေးရွာများအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။
Read More
စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြရင်း နှိုးဆော်ဟောပြောခဲ့ကြကြောင်း သိရသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်ကာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ) က ရဲဘော် (၂) ဦးကျဆုံးခဲ့ရပြီး PDF ( Kalay) မှ (၁) ဦး၊ CNDF မှ (၁) ဦး၊ ပ.က.ဖ မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာ အထက်တန်းကျောင်းနှင့် အောင်ဆုပန် ဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၂၆ ရက်…
Read More
MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်တိုင်း၊ မင်းကင်း မြစ်ရိုးအောက် မင်းကင်း PDF တပ်ခွဲ (၁)၊ တပ်ခွဲ (၂) နှင့် MDF Special Forces စခန်း နေရာအား ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် အင်အားအလွန်အကျွံဖြင့် တိုက်စစ်ဆင်လာသည့်အတွက် စခန်းစွန့်ခွါခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရဖြင့် PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စခန်းပတ်လည်ထောင်ထားသည့်မိုင်းများ နင်းမိကြကြောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင်း PDF ရဲဘော်များ စခန်းထားခဲ့ကာ လွတ်မြောက်လာပြီဖြစ်ကြောင်း MDF ကထုတ်ပြန်ထားသည်။ Photo: MDF Special Force…
Read More
စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ဧရိယာအတွင်း ရောက်ရှိနေသော်လည်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ရရာနည်းဖြင့် အရှိန်အဟုန်မပျက် ယနေ့ ညနေပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

ရွာအတွင်း စစ်ကောင်စီတပ် တပ်စွဲစဉ် ပြည်သူ (၃) ဦးအထက် ရက်ရက်စက်စက် သတ်ဖြတ်ခံရ

RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာတွင် စစ်ကောင်စီတပ် (၃) ရက် တပ်စွဲပြီး ပြည်သူ (၄) ဦးကို ရက်ရက်စက်စက်သတ်ပြီး နေအိမ်များမီးရှို့သွားကြောင်း သိရသည်။ ရေမျက်ရွာအတွင်း စစ်ကောင်စီတပ် (၃) ရက်ကြာ တပ်စွဲအပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ထွက်ခွါသွားရာတွင် အိမ်ထဲတွင် မီးရှို့အသတ်ခံထားရသူ (၁) ဦး၊ ဓားစာခံအဖြစ်ဖမ်းဆီးခံရပြီး ဦးခေါင်းတေ့ပစ်ရသူ (၁) ဦး၊ သေနတ်ဒဏ်ရာရရှိသည့် နေရာတွင် သေဆုံးနေသူ အမျိုးသမီး (၁) ဦးအပါအဝင် အသတ်ခံထားရသူ အနည်းဆုံး (၃) ဦးအထပ်ရှိကြောင်း၊ ရွာတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုနှင့် တိရိစ္ဆာန်များ စားစရာမရှိသည့် အနေအထားနှင့်ကြုံတွေ့ခဲ့ရပြီး၊…
Read More
နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

တိုက်ပွဲပြင်းထန်သည့် နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့ RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် (၁၀) ဝန်းကျင်က နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းအသုံးတိုက်ခိုက်ခဲ့ပြီး နတ်ချောင်းကျေးရွာနေအိမ်တချို့ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။ Photo: CJ Red News Agency
Read More