Red News Agency

Independent Journalism for Justice and Human Rights.

ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

Written by

in

RNA-ဒီဇင်ဘာ ၁၅၊ ၂၀၂၂ ခုနှစ်။
 
မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့ မင်းကွန်းမြသိန်းတန်စေတီနှင့် မင်းကွန်းပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီးအပါအဝင် ဘုရားစေတီ ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့(ဒီဇင်ဘာ ၁၅ ရက်) နံနက် ၃ နာရီ ကျော်တွင် တံတားဦးမြို့၏အရှေ့ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြုပြီး ရက်ချ်တာစကေး (၅ ဒဿမ ၂) အဆင့် အင်အား အသင့်အတင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းမိုးဇလက ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်ကြောင့် တံတားဦးမြို့အနီးရှိ ရှေးဟောင်း မယ်နုအုတ်ကျောင်း အက်ကြောင်းရာအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒေါ်ဂျမ်းဘုရားအနည်းငယ် ထိခိုက်မှုရှိကြောင်း၊ အင်းဝမြို့ရှိ စေတီလေးဆူအနည်းဆုံးထီးတော်များမြေခခဲ့ကြောင်း ၊စစ်ကိုင်းမြို့ မင်းကွန်းဒေသ မြသိန်းတန် စေတီ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် မြေခကာ မုခ်တချို့ ကွဲအက်ခဲ့ပြီးမင်းကွန်း ရှေးဟောင်းခြင်္သေ့ရုပ်ကြီး၏ ညာဘက်လက်မောင်း ပြုတ်ကျခဲ့သည်။
 
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်း စေတီစိန်ဖူးတော် မြေခခဲ့မှုနှင့်ကျောင်း၏ မျက်နှာကြက်အချို့ ပြိုကျပျက်စီးခဲ့့ကြောင်း၊ ဒက္ခိဏာဝန်ကျောင်းတိုက်၊ သိမ်ကျောင်းအတွင်း ပူဇော်ထားသည့် ရုပ်ပွါးတော်တစ်ဆူ၏ ဦးခေါင်းတော် မြေခခဲ့ရမှု စသည့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
#RedNewsAgency