မန္တလေး

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။   (more…)
Read More
စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းကွင်းမိပြီး အသေအဆုံးများ

စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းကွင်းမိပြီး အသေအဆုံးများ

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မွေတလိုင်းကျေးရွာ တပ်စွပ်ထားသည့် စစ်ကောင်စီတပ် ကျေးရွာမှအထွက် ယနေ့ နံနက် (၉) နာရီဝန်းကျင်က မိုင်းကွင်းအတွင်း ဝင်ရောက်လာသည့်အတွက် တောကြီးမွေပွေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၉) ဦးသေဆုံးသည်ဟု သိရသည်။ " မြွေတလိုင်းကျေးရွာကို တပ်စွဲထားပြီး ဧရာဝတီအနောက်ဘက်ကမ်းကို( 107 )ဖြင့် ပစ်ခက်ခဲ့သော စစ်ကြောင်းကို မြွေတလိုင်းကျေးရွာမှ အပြန် နံနက် ( ၉ )နာရီ ဝန်းကျင်တွင်မိုင်းခွဲ ( ၉) ဦးသေဆုံးပြီး ( ၁ )ဦးပြင်းထန်ဒဏ်ရာရ။ မိုင်းကွင်းရှိတာသတင်းပေါက်တော့ ခွေး ( ၂၅) ကောင် မိုင်းကွင်းနောက်ကနေ ပတ်ဝင်လာတယ်။ ကွင်းက ( ၂)…
Read More
မန္တလေးတွင် ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ၍ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား

မန္တလေးတွင် ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ၍ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား

RNA_နိုဝင်ဘာ (၁)၊ ၂၀၂၂ ခုနှစ် ။ မန္တလေးမြို့၊ ၇၈လမ်းနှင့် ၄၂ ခုံးကျော်တံတားအနီးရှိ မီးပွိုင့်တစ်ခုတွင် ယနေ့(နိုဝင်ဘာ ၁)နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရသဖြင့် ရဲမေနှစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖြစ်စဥ်မှာ အမှတ် (၁၁) နယ်မြေရဲစခန်းအနီးတွင် အိုးဘိုထောင်မှ အချုပ် သားများအားတင်ဆောင်လာသော ရဲအချုပ်ကားသည် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ တရားရုံးထုတ်စစ်ဆေးမှုအပြီးအပြန်တွင် မီးပွိုင့်မိနေစဉ် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်ရှိ အမည်မသိ လူနှစ်ဦးက အချုပ်ကား ဝဲဘက်ဘေး ယာဉ်မောင်းဘက်တံခါးပေါက်မှ တစ်ဆင့် ကားခေါင်းခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဘေးတွင်လိုက်ပါစီးနင်းလာသည့် ရဲမေ…
Read More
အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

အချုပ်ကားကို PDF ကြားဖြတ်တိုက် ရဲ ၂ ဦးသေ၊ နိုင်ကျဉ်းတချို့လွတ်မြောက် 

RNA_စက်တင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။ မန္တလေးမြို့၊အိုးဘိုထောင်မှ ထွက်လာသည့် ရဲအချုပ်ကားကို ယနေ့ နံနက် (၉) နာရီဝန်းကျင်က မြစ်ငယ်မြို့ မြစ်ငယ်တံတားအနီးတွင် မဟာမိတ်မြို့ပြပြောက် ကျားတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်လက်အောက် ခံရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး မတရားဖမ်းဆီးခံရသူ (၂) ဦးလွတ်မြောက်ခဲ့ကြောင်း Truth Keeping Force- Amarapura က ထုတ်ပြန်ထားသည်။ ရဲအချုပ်ကား တိုက်ခိုက်ခံရစဉ် မတရားဖမ်းဆီးခံထားရသူ (၈) ဦးလွတ်မြောက်သော်လည်း (၆) ဦးမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရကြောင်း၊ လုံးဝ လွတ်မြောက်သူ (၂) ဦးကို လုံခြုံရာနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

RNA_စက်တင်ဘာ (၁၉)၊၂၀၂၂ခုနှစ်။ မန္တလေးတိုင်း၊ မြစ်ငယ်မြို့ပေါ်မှ မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ်ကြောင်း မြစ်ငယ်မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ - MNPDF က အရေးယူမည်မဟုတ်ကြောင်း သိရသည်။ မြစ်ငယ်မြို့ပေါ်မှ မီးရထားဝန်ထမ်းများနှင့် ပတ်သက်ပြီး တော်လှန်ရေးပုံရိပ်ကို ဝေဝါးစေရန်အတွက် ပုံမှားရိုက်ပြီး ခြိမ်းခြောက်စာများ ပို့နေသူများရှိကြောင်း သိရသည်။ (more…)
Read More
အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

RNA_ဩဂုတ်၁၂၊၂၀၂၂ခုနှစ်။ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်သည် အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်ပြီး ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ " အိုးဘိုထောင်တွင်း ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးပါ။ ထို့ကြောင့် ကိုနောင်ထက်အောင်၏ အခြေအနေသည် ထောင်တွင်းမှာ အလွန်ဆိုးဝါးလျက်ရှိသည်" ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ယမန်နေ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်မှအိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားပြီး အစာငတ်ခံတိုက်ပွဲဝင် ရဲဘော်များကို တိုက်ပိတ်ရိုက်နှက်ခြင်း၊ ဆေးကုသခွင့်မရခြင်း စသည့် ထောင်တွင်းညှင်းပန်းနှိပ်စက်ခံရမှုများနှင့် ထောင်တွင်းတိုက်ပွဲများအပေါ် ပြည်သုများ အာရုံစိုက်ကြဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းထားသည်။ Red News Agency
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ (more…)
Read More
ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ ကရင်နီပြည်မှာကျဆုံးခဲ့သည့် ကိုစိုင်းဘုန်းမင်းသန့်ကို ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ကရင်နီPDFက အာဇာနည်သူရဲကောင်းအဖြစ်ထည့်သွင်းဂုဏ်ပြုသည့်အတွက် မိခင်ဖြစ်သူက ကြေကွဲစွာနှင့်ထပ်ဆင့်ဂုဏ်ပြုကြောင်း လူမှုကွန်ယက်တွင် ရေးသားထားသည်။ ကရင်နီပြည် တိုက်ပွဲတနေရာ၌ အသက် (၂၂) နှစ်အရွယ် ကိုစိုင်းဘုန်းမင်းသန့်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့က ကျဆုံးခဲ့သည့်အတွက် ဇူလိုင်လ (၂၀) ရက်နေ့ရောက်ပါက ကျဆုံးခြင်း (၉) လပြည့်ပြီဖြစ် ကြောင်း သိရသည်။ ကိုစိုင်းဘုန်းမင်းသန့် မိခင်သည့် KPDF က ယနေ့ပြုလုပ်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှတ်တမ်းကို ပြန်လည်မျှဝေရာတွင် " အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း...တဲ့ သားစိုင်းဘုန်းမင်းသန့်ရေ..အမေကလဲ ကြေကွဲစွာနဲ့ ထပ်ဆင့်ဂုဏ်ပြုပါတယ်"…
Read More
ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစဉ် ကျည်ကုန်သည်အထိ အသက်အသေခံ ပစ်ခတ်ခဲ့သူ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စွပ်စွဲကာ စစ်ကောင်စီက ယနေ့ ထုတ်ပြန်ခဲ့သည်။ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်းအပါအဝင် ရဲဘော်များနှင့် ဆက်စပ်သူ (၇) ဦးသည် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)မှ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သူများဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားပြီး၊ (၆) ဦးကို အရှင်ဖမ်းမိပြီး ဆရာစွမ်းကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို ခုခံရင်း ကျဆုံးခဲ့ရကြောင်း…
Read More