မင်းအောင်လှိုင်

မင်းအောင်လှိုင် လိုက်ပါသည့်ကားတန်း ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားမောင်းသမား အရေးယူခံရ

မင်းအောင်လှိုင် လိုက်ပါသည့်ကားတန်း ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားမောင်းသမား အရေးယူခံရ

RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။ နေပြည်တော်တွင် မင်းအောင်လှိုင် လိုက်ပါလာတဲ့ ကားတန်းကို ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားသံလမ်းပြေးယာဉ်မောင်း အရေးယူခံထားရကြောင်း သိရသည်။ တိုင်းအမှတ်(၅)နယ်မြေ၊ ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်၊၂၂၆/ ၁၆-၁၇ ရှိ GE ဂိတ်(တရားဝင်မြို့ပြဂိတ်)မှာ အောက်တိုဘာလ (၁၉) ရက်နေ့က မင်းအောင်လှိုင် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းစဉ် ့ရထားယာဉ်မောင်း ဖိုးလပြည့်၊ လုပ်သားမောင်းနှင်လာသည့် ပလက်တွဲ (၁)တွဲပါရှိသည့် 68-RGC သံလမ်းပြေးယာဉ်ဖြတ်သန်းခဲ့လို့ ယာဉ်တန်းရပ်တန့်မှုဖြစ်ပွားခဲ့သည်။ (more…)
Read More
စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုတွေကို ပြည်သူနှင့်အတူ ကျော်လွှားနိုင်ခဲ့ပြီဟု မင်းအောင်လှိုင်ပြောပြန်

စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုတွေကို ပြည်သူနှင့်အတူ ကျော်လွှားနိုင်ခဲ့ပြီဟု မင်းအောင်လှိုင်ပြောပြန်

RNA_အောက်တိုဘာ ၅ရက်၊ ၂၀၂၂ခုနှစ် ။ ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှုနှင့် အကြမ်း ဖက်မှုများကို ပြည်သူနှင့်စစ်တပ်  တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ကျော်လွှားနိုင်ခဲ့ပြီဟု အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်ပါသည်။ အောက်တိုဘာ ၄ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့မှာ မင်းအောင်လှိုင်ရောက်ရှိနေပြီး၊ SME လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။ (more…)
Read More
မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ဆိုတာ စစ်အာဏာရှင်စနစ်တည်မြဲရေးသာဖြစ် 

မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ဆိုတာ စစ်အာဏာရှင်စနစ်တည်မြဲရေးသာဖြစ် 

စစ်ကောင်စီက PDF တွေကို EROs တွေ အကူအညီမပေးနိုင်ရေးနဲ့ PDF ၊ NUG အင်အားလျော့နည်းလာအောင် အချင်းချင်းသွေးကွဲလွဲအောင် နည်းမျိုးစုံသုံးပြီး အချိန်ဆွဲနေတာပါပဲ။ ဒါကြောင့် သန္ဓေမမှန် ရိုးသားမှု မရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဆိုပြီး ဟန်ပြလုပ်နေတာဖြစ်ပါတယ် ဇင်လင်းနိုင် ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်တဲ့နေရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးများကိုသာ ပေးမယ်လို့ နေ ပြည်တော်မှာ စက်တင်ဘာ ၂၇ ရက် မနေ့က လုပ်တဲ့ အစည်းအဝေးမှာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။  ဒါ့အပြင် ပြည်ပ ပရောဂတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဝိဝါဒကွဲပြားမှုတွေရှိနေတယ်လို့ သူက ဆိုပြန်ပါတယ်။ ဒီပြောဆိုမှုဟာ သူတို့နဲ့ မဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ရည်ညွှန်းတာလို့ ထင်ပါတယ်။…
Read More
စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို မြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ - NUGက ထုတ်ပြန်ထားသည်။ လက်ယက်ကုန်းအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ (၁) ရက် နေ့ရက်မှစပြီး ယနေ့ ( ၂၀၂၂ ခုနှစ် စက်တင် ဘာ ၂၆ ရက်) အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။…
Read More
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။ စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

RNA_စက်တင်ဘာ ၁၉၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာလ (၁၁) ရက်နေ့ညက ပြန်ရောက်လာပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည်ကို တွေ့ရသည်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုပ်သံများနှင့် သတင်းစာများတွင် မင်းအောင်လှိုင်နှင့်ပက်သက်ပြီး သ တင်းဖော်​ပြခြင်း မရှိသည်ကိုတွေ့ရသည်။ ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံနွေးမှုဟု ဆိုကာ ဟန်ပြလုပ်ဆောင်နေသည်။ ထို လက်နက် ကိုင် ၁၀ တွင်လည်း တိုက်ပွဲများ ဆင်နွှဲနေကြသည့်အဖွဲ့ အများစုပါနေသည်။ (more…)
Read More
ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

RNA_ဩဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ ဩဂုတ်၂၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ဒေသခံ အမျိုးသား (၅) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။ (more…)
Read More
အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

RNA_ဩဂုတ်၇၊၂၀၂၂ခုနှစ်။ ယနေ့ညနေပိုင်းမှစတင်ပြီး အင်းစိန်အကျဉ်းထောင်တွင် ရဲအင်အားလုံခြုံရေးများ သာမန်ထက်ပိုများများချထားပြီး အင်တာနက် Wifi များ ဖြတ်တောက်ထားကြောင်း သိရသည်။ (more…)
Read More
ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

RNA_ဇွန် ၁၅၊၂၀၂၂ခုနှစ်။ စစ်ကောင်စီက သေဒဏ်အတည်ပြုထားသည့် ၈၈ မျိူဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်သားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို နံနက်ဖန် ( ဇွန်လ ၁၆ ရက်) နံနက် (၄) နာရီ အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးမည်ဟု သိရသည်။ " အခု ဝန်ထမ်းတွေကြားမှာပြောနေကြတယ် မနက်ဖန် မနက်အစောကြီး ၄ နာရီတဲ့။ ကြိုးပေးဖို့ စံသိန်းနဲ့ ဝင်းအောင်ရွေးချယ်ထားတယ်ပြောတယ်၊ ကျနော်သာလုပ်ခိုင်းရင် မလုပ်ပါဘူးဗျာ" ဟု အင်းစိန်အကျဉ်းထောက်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ‌Red News Agency ကို ပြောသည်။ စစ်ကောင်စီက သေဒဏ်အတည်ပြုသည့်ကိစ္စ တကမ္ဘာလုံးက ကန့်ကွတ်နေကြောင်း၊ စစ်ကောင်စီ အကောင်အထည်ဖော်ပါက…
Read More
” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဟန်ပြငြိမ်းချမ်းရေး “

” မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဟန်ပြငြိမ်းချမ်းရေး “

စစ်တပ်အတွက် စစ်ဘောင်ကျယ်နေသည့် အခြေအနေဖြစ်သည် ယခုလို လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများနိုင်ငံအဝှမ်း နေ့စဥ်ဖြစ်ပေါ်နေချိန် အာဏာ သိမ်းစစ်ကောင်စီက နိုင်ငံတော်ကြီး ငြိမ်းချမ်းရေးအတွက် ခေါင်းစဥ်တပ်ကာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့တွေ့ဆုံလျက်ရှိနေလေသည်။   စစ်ကောင်စီခေါင်းဆောင်နှင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြရမည့် ထိုပွဲသို့ အပစ်ရပ်လက်မှတ်ထိုးထားသော RCSS/SSA(သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ )၊ALP( ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ)၊KNU/KNLA-PC(ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက် ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ) ၊ NMSP(မွန်ပြည်သစ်ပါတီ)၊LDU(လားဟူ ဒီမိုကရက်တစ်အစည်း အရုံး )၊PNLO(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊DKBA(ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) စသည့် အဖွဲ့ ၇ ဖွဲ့နှင့် အပစ်ရပ် လက်မှတ်မထိုးသော UWSA ‘ဝ’ တပ်ဖွဲ့ ၊ SSPP(ရှမ်းပြည်တိုးတက်ရေးပါတီ)၊ NDAA(မိုင်းလားအဖွဲ့ )စသည့် အဖွဲ့ ၃ ဖွဲ့တို့ကတက်ရောက်မည်ဟု စစ်ကောင်စီက…
Read More