စစ်တပ်အာဏာသိမ်းမှု

စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

စစ်ကိုင်းတိုင်းက တော်လှန်ရေး (၄) နှစ်ပြည့်လူထုလှုပ်ရှားမှု

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း တနေရာတွင်၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများ၊ PDF ရဲဘော်များ၊ ကျောင်းသူ ကျောင်းသားများ၊ ဒေသခံပြည်သူများပါဝင်သော စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေး (၄) နှစ်ပြည် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ (more…)
Read More
နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းအား အပြည့်အစုံဖော်ပြလိုက်ပါသည်။ #rednewsagency #rednews #rna #myanmar #revolution #burma
Read More
ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ

ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၄ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသတွင် ပညာသင်ကြားခွင့် ဆုံးရှုံးမှုနောက်ကွယ်က အကြမ်းဖက်ခံရမှုများ၊ အကြမ်းဖက်ခံရမှုများ နောက်ကွယ်က ပညာသင်ကြားခွင့် ဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး မြေပြင်အခြေအနေများကို ပြောပြထားသည်။ Red News Agency
Read More
ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်

ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်

RNA_အောင်တိုဘာ(၁၄)၊၂၀၂၄ခုနှစ်။   စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား မဆန့်ကျင်ပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းနှင့် အပြောင်းအလဲသည် စစ်တပ်အသာစီးရသည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သွားနိုင်သည့် အလားအလာရှိသည်ဟု ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ရဲဘော်ကျော်ကိုကိုက ပြောကြားထားသည်။ Red News Agency
Read More
အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

အိပ်မက်တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေသော ကျောင်းသားများ

RNA_အောက်တိုဘာ(၁၃)၊၂၀၂၄ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသ စစ်ကိုင်းတိုင်းအတွင်းက ကျောင်းသူ ကျောင်းသားများ၏ အိပ်မက်​တွေ ပျက်စီးသွားပေမဲ့ ကြိုးစားရုန်းကန် ပညာသင်ကြားနေကြသည့် အခြေအနေများကို တင်ပြလိုက်ရပါသည်။ Red News Agency
Read More
ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

RNA_စက်တင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။ အညဒေသက ဓလေ့ထုံးတမ်းများ နောက်ကွယ်မှာ ကြုံတွေ့နေရတဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုများကို လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ဆက်ထားခြင်းဖြစ်သည်။ Red News Agency
Read More
တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

"စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်" ရန်နိုင် - Wiper  စစ်တပ်ရဲ့သမိုင်းတလျှောက် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုဦးဆောင်နိုင်မှုမှာ အညံ့ဆုံးဖြစ်ပြီး ပြည်ပရန်ကိုကာကွယ်ဖို့ တည်ထောင်ထားတဲ့ စစ်တပ်ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးနေသူဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကတိုက်တိုင်းရှုံးပြီး စစ်တပ်ရဲ့တပ်ရင်းဌာနတွေ အစုလိုက်အပြုံလိုက် လက်နချ အလံဖြူထောင်နေတာတွေက ပုံမှန်ပြယုဂ်လို ဖြစ်လာခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့စစ်တပ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ချောက်ထဲတွန်းချလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘက်ကလည်း ထိထိမိမိသုံးသပ်ထားခဲ့တယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့ပေမယ့်လည်း ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲတွေ တဖြည်းဖြည်းနဲ့အားကောင်းလာပြီး…
Read More
တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

“လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်” ခေတ်ငြိမ်းအေး  “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖုန်းလိုင်းတွေ အကုန်ဖျက်ပြီး အာဏာသိမ်းတယ်ဆိုပြီး ကြေငြာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူတွေအကုန်လုံးကို ဖမ်းပြီး အာဏာသိမ်းတယ် ဆိုတာ လွယ်လားလို့ တွေးမိတယ်။ နောက်တစ်ခုက ညီမတို့တွေ မြို့ပေါ်ကိုသွား နေပူပူကြီးထဲ မြို့ကို တပတ်ပတ်ပြီးအော်တာနဲ့ ပုံမှန်အတိုင်း ဖြစ်လာမှာလား၊ ဒါတွေကို မင်းအောင်လှိုင်က ရယ်နေမလားပဲနော်လို့" ယောသူတယောက်က…
Read More
လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

"စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်တိုင်း နင်းနေကြအကွက်ဖြစ်တဲ့ “အစည်းအဝေးသို့ တက်ရောက်၍ တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါတယ်” ဆိုတဲ့ TV မှာ သတင်းကြေငြာ ဝါဒဖြန့်ကောင်းရုံ အဆင့်ကိုကျင့်သုံးနေပြီး လက်တွေ့မှာ အလုပ်မဖြစ်နိုင်တဲ့ကိစ္စတွေကို ဟန်ပြလို့ ကောင်းနေကြတုန်းပါပဲ။ စီးပွားရေးကဏ္ဍ ကျဆုံးမှုတွေအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးနေပုံတွေကလည်း ကြောက်ခမန်းလိလိ အံ့အားသင့်လောက်အောင် ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်" ကေဂျီ - Wiper စစ်တပ်အာဏာသိမ်းပြီး ၃နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် မေလ ကုန်ရက်ပိုင်းအတွင်း နိုင်ငံရဲ့သမိုင်းမှတ်တမ်းတစ်လျှောက်မှာ ငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်းမှုနဲ့ ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင် မြင့်တက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ ဦးမော့လာနေပါပြီဆိုတဲ့ နိုင်ငံ့စီးပွားရေးရဲ့ အခြေအနေမှန်ဟာ ပျက်ကပ်ဆိုက်…
Read More
လူငယ်နဲ့ စစ်မှုထမ်းဥပဒေ

လူငယ်နဲ့ စစ်မှုထမ်းဥပဒေ

"အစားကျွေး အနားပေးပြီးရင် ရေတိုက်အသေရိုက်" တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကို မကြာခင် အဓမ္မပို့တော့မှာဖြစ်တယ် .......... မောင်ဝိ စစ်မှုထမ်း ဥပဒေအသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလအတွင်းပိုင်းကတည်းက ကြိုတင်စီမံထားခဲ့တာ ဖြစ်တယ်။ ထိုအချိန်ကတည်းက နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ထုတ်ပြောခဲ့တာဖြစ်ပြီး၊ ပြောဆိုချက်ထဲမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိကာ အမျိုးသား စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း ၂ နှစ်တန်၊ ၃ နှစ်တန် အခြေအနေပေါ်မူတည်ပြီး စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။ “ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ…
Read More