Category: ရုပ်သံ
-

စစ်ကိုစစ်နှင်တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲတွေ လုပ်မရတော့ဟု တပ်ရင်းမှူးပြော
RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။
တော်လှန်ရေးအောင်မြင်ရန်နှင့် လိုချင်သည့်ပန်းတိုင်ရောက်ရန်အတွက် ရှေ့လျှောက် စစ်ကိုစစ်နှင့် တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲများ လုပ်မရတော့ဟု ဧပြီလ ၆ ရက်နေ့က မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ရဲဘော်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ရင်းမှူးက ပြောကြားထားသည်။
“အရေးကြီးဆုံးက အမိန့်နာခံမှုမရှိပဲနဲ့ ကျွန်တော်တို့ ရှေ့ဆက်််််ပြီးတိုက်ပွဲဝင်လို့ မရပါဘူး။ ဘာ့ကြောင့်မို့လဲ ခင်ဗျားတို့ကိုယ်တိုင်လည်း မြေပြင်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြုံခဲ့ပြီးပြီ။ အဆင့်ဆင့်အမိန့်နာခံမှု ရှိကို ရှိရလိမ့်မယ်။ ကျွန်တော်တို့ ဒီကရှေ့လျှောက်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့တူတောင် တိုက်ရလိမ့်မယ် ရှီရှောင်တိုက်ပွဲတွေ လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ အပြည့်အဝ ပန်းတိုင်းတစ်ခု မရောက်ရောက်အောင် သွားရလိမ့်မယ်” ဟု တပ်ရင်းမှူး (မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ)က ပြောကြားထားသည်။
-

တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန
RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တစ်ခွဲမှူး တစ်ဦးဖြစ်သူ ရဲဘော်ဆံရှည်၏ ဈာပနအခမ်းအနား အမိန့်ပြန်တမ်းကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ -

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပျက်စီးနေသည့် မြင်ကွင်း
RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မယ်နုအုတ်ကျောင်း အပါအဝင် စေတီပုထိုး ၂၀၀ ကျော် ပြိုကျပျက်စီးခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်ပြီး ဧပြီလ (၃) ရက်နေ့က မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။
-
သတင်းအမှောင်ချခံထားရသည့် နေပြည်တော်
RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။
ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တွင် သေဆုံးအလောင်းများကြောင့် အပုပ်နံ့များထွက်နေခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ငလျင်လှုပ်ခတ်သည့်အနေ့က အလောင်းများကို ဖြစ်လိုအစဖျောက်ခြင်း၊ အိမ်ယာများမှ ဝန်ထမ်းများဖယ်ပေးရသော်လည်း အကူအညီမရခြင်းစသည့် နေပြည်တော်က သတင်းအမှောင်ချထားမှုများနှင့်ပတ်သက်ပြီး စုံစမ်းသိရှိရသမျှကို ရုပ်သံများနှင့်တကွ တင်ပြလိုက်ပါသည်။
#RedNewsAgency #REDNEWS #RNA #MyanmarEarthquake #earthquake #Earthquake2025
-

လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန
RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။ကိုတိုင်းကျော်၊ ကိုပြည်ကျော်တို့၏ မွေးသဖခင်ဖြစ်သည့် ဟား (၅) ကောင်အဖွဲ့၏ ဖခင်လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး (အသက် ၇၅ နှစ်)သည် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ဝပ်အလန်ဘုန်းကြီးကျောင်းဇရပ်၌ ဈာပနအခမ်းအနားကျင်းပပြီးနောက် ယနေ့ (ဧပြီလ ၃ ရက်) နေ့လယ်က မဲဆောက်မြို့ရှိ ဝပ်မုတ်ကထန်သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။#RedNewsAgency #REDNEWS #RNA -

စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း
RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှု မှတ်တမ်း မြင်ကွင်းကို CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောပြထားသည်။
#RedNewsAgency #RedNews #RNA
-

ရန်ကုန်-ပြည် ကားလမ်းမဘေးရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး (၇) ဦးသေဆုံး
RNA_မတ်(၂၁)၊၂၀၂၅ခုနှစ်။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်းဘေး၌ အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ကထုတ်ပြန်ထားသည်။


