Video

သေနတ်လည်းကိုင် အပ်လည်းကိုင်နေရသည့် သူနာပြုတပ်

RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။   "သေနတ်ကိုင်ဖို့လာတဲ့သူက အပ်ကိုင်ဖြစ်သွားတာပေါ့" ဟု ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ - NUG တာဝန်ခံ ရဲဘော်မင်းခေါင်က တပ်ဖွဲ့ပေါ်ပေါက်လာသည့် အခြေအနေ တစ်ချို့ကို ပြောပြထားသည်။ #RedNewsAgency #RNA #RedNews
Read More
ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန

RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး (အသက် ၈၆ နှစ်)သည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံး၌ ကွယ်လွန်သွားသည့်အတွက် ဇွန်လ ၁၇ ရက်တွင် မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းတွင် ဈာပနအခမ်းအနား ကျင်းပခဲ့သည့် မြင်ကွင်းရုပ်သံ ဖြစ်သည်။ ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) စတင်တည်ထောင်ချိန်တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို (၆) ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ကြောင်း၊ KWOဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေစဥ် KNU အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီဝင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ကရင့်တော်လှန်ရေး၌ ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
Read More
အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော

RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။ အညာဒေသအတွင်း စစ်ရေးသတင်းများနှင့်ပတ်သက်ပြီး သတိထားရမည့်အချက်များအပါအဝင် အညာဒေသအခြေအနေများနှင့် အညာဒေသတော်လှန်ရေးရဲဘော်များ သတ္တိကောင်းကြောင်းစသည်တို့ကို ကရင်ပြည်နယ်တိုက်ပွဲများတွင် အင်တိုက်အားတိုက် ပါဝင်နေသော ကျားဖြူစစ်ကြောင်းမှ ဗိုလ်မှူးကျော်ဟိန်းကပြောပြထားသည်။ Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1 #RedNewsAgency #REDNEWS #RNA
Read More
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပျက်ကျ

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပျက်ကျ

RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးရွာကို စစ်ကောင်စီတပ်ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ပြီး ပြန်အထွက် ယနေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ချင်းတွင်းမြစ်အရှေ့တောင်ဘက်ရှိ စပါးစေ့ကျေးရွာတောင်ဘက်တွင် ပျက်ကျသွားသည်ဟု သိရသည်။ "သူတို့လာပစ်တာက ကျေးနင်းကြီးရွာကို လာပစ်တာ ကျွန်တော်တို့တောင် လှမ်းမြင်ရတယ်။ ပစ်ပြီး ပြန်အထွက်မှာ စပါးစေ့ရွာတောင်ဘက်မှာ ကျတယ်လို့ သိရတယ်။ သွားကြည့်ဖို့တော့ မလွယ်ဘူး လမ်းတွေပိတ်ထားတယ်" ဟု ပုလဲဒေသခံတစ်ဦးက Red News Agency ကိုပြောသည်။ (more…)
Read More
စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီးနောက် ဖားကန့်မှာ ပြည်သူ (၁၇) ဦးသေဆုံး

စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီးနောက် ဖားကန့်မှာ ပြည်သူ (၁၇) ဦးသေဆုံး

RNA_ဇွန်(၈)၊၂၀၂၅ခုနှစ်။ တိုက်ပွဲများ ငြိမ်သက်နေသော ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာပြီးနောက် နယ်မြေစိုးမိုးရေးမြို့တွင်း စစ်ကြောင်းများလှည့်လည်စဉ်နှင့် လက်နက်ကြီး၊ ဒရုန်း၊ ပစ်ခတ်မှုများကြောင့် ယနေ့ (ဇွန်လ ၈ ရက်) အထိ အနည်းဆုံး ပြည်သူ (၁၇) ဦးသေဆုံးခဲ့ရပြီဟု သိရသည်။ (more…)
Read More
ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ / Red News Agency

ဗမာ့တပ်တော်က ဘာတွေလုပ်နေပြီး ဘာတွေပြောထားလဲ RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ဗမာ့တပ်တော်အနေဖြင့် စစ်ရေး ရည်မှန်းချက်များ၊ လုပ်ဆောင်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး Red News Agency နှင့်အင်တာဗျူးတွင် ပြည့်ပြည့်စုံစုံပြောပြထားသည်။ [embedyt] https://www.youtube.com/watch?v=vWxIBTmmoIo[/embedyt] #RedNewsAgency #RedNews #RNA
Read More
စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

RNA_ဇွန်(၇)၊၂၀၂၅ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ သပြေကုန်းကျေးရွာ ဘုန်းကြီးကျောင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေစဉ် ဆီဆိုင်မြို့နယ်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ဇွန်လ ၃ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=MKvAN312U5I[/embedyt] (more…)
Read More
စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအတွင်း သမီး (၂) ဦး(၁၀ တန်းကျောင်းသူနှင့် ၇ တန်းကျောင်းသူ)၏ မိခင်က ဖြစ်စဉ်အတွင်း မြင်တွေ့ရမှုများနှင့် ရင်တွင်းစကားများကို CDM ဆရာမ ဒေါ်ရတီအုန်းကို ပြောပြထားခြင်းဖြစ်သည်။ (more…)
Read More
လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

RNA_မေ(၁၈)၊၂၀၂၅ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ရာ (၅) နှစ်အတွင်း ဝင်ရောက်နေပြီဖြစ်သော်လည်း တချို့သော တော်လှန်သောအဖွဲ့အစည်းများမှာ လက်လုပ်များကိုသာ အားကိုးနေကြသည်ကို မြင်တွေ့နေရသည်။ အညာဒေသအခြေစိုက် NUG/MOD လက်အောက်ခံ PDF များသည်ပင် လက်နက်မပြည့်စုံသည့်အတွက် လက်လုပ်များကို တိုက်ပွဲအတွင်း အသုံးပြုနေကြရသည်များရှိကြောင်း၊ MOD လက်အောက်ခံမဟုတ်သော တပ်ဖွဲ့တချို့မှာ ယနေ့အထိ လက်လုပ်သေနတ်၊ မိုင်းစသည်တို့ကို အသုံးပြုနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပြထားသည်။ (more…)
Read More
အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂)…
Read More