ရုပ်သံ

မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။ " ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်" ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။ " ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို စွန့်လွှတ်ခဲ့တယ်၊ ဒီကိစ္စတွေကို…
Read More
KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

RNA_ဇူလိုင် ၁၉၊၂၀၂၂ ခုနှစ်။ ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ ချီတက်အလေးပြုခဲ့ကြသည့် အခမ်းအနားတွင် KPDF များက ပြည်သူများနှင့်အတူ ဝန်းရံချီတက်ခဲ့ကြကြောင်း သိရသည်။ Red News Agency
Read More
၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ Red News Agency
Read More
ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။ ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ Red News Agency
Read More
လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

RNA_ဇူလိုင် ၁၆၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်တော်များများအနေဖြင့် လက်နက်မလုံလောက်သည့်အတွက် လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ရာတွင် ထိခိုက်ဒဏ်ရာအမျိုးမျိုးအပြင် အသက်သေဆုံးမှုများပါ ရှိနေသည်။ ခေတ်မှီလက်နက်များ မရှိသည့်အတွက် အန္တရာယ်များသော်လည်း လက်လုပ် လက်နက်များထုတ်လုပ်နေရသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့က The Youth Force -Saw&Kyaukhtu မှအားထားရသော ရဲဘော် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး

၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၄၀) ကျော်သေဆုံး RNA_ဇူလိုင်၁၄၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ရန်ကြီးအောင်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီအင်အား(၁၂ဝ)ခန့်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ (၃) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၄၀) ကျော်သေဆုံးသည်ဟု ဇူလိုင် ၁၃ ရက်နေ့က ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်(၁၁)ရက်မှစတင်ပြီး ကလေးတောင်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF ၊ PDF kalay ၊ CDF-KKG ၊ RKDF ၊ UGF Kalay နှင့် ပ.က.ဖ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ PDF-Kalay မှ…
Read More
ကနီအခြေစိုက် Kani Guerrilla Force အဖွဲ့မှ တာဝေးပစ်လက်နက်ကြီး ထုတ်လုပ်အောင်မြင်

ကနီအခြေစိုက် Kani Guerrilla Force အဖွဲ့မှ တာဝေးပစ်လက်နက်ကြီး ထုတ်လုပ်အောင်မြင်

RNA_ဇူလိုင်၁၂၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်သည့် Kani Guerrilla Force (KGF) အဖွဲ့ရဲ‌ဘော်များ၏ တီထွင်ကြံဆမှုကြောင့် တာဝေးပစ် လက်နက်ကြီး ထုတ်လုပ်အောင်မြင်ပြီဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်လုံလောက်မှု မရှိသည့်အတွက် လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ်များ၊ လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြရကြောင်း၊ အလှူရှင်များ၏ ငွေများဖြင့် လက်နက်ထုတ်လုပ်နေကြသူများရှိကြောင်း သိရသည်။ အမျိုးသား ညီညွတ်ရေး အစိုးရ -NUG ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်မေလအထိ နေရာအသီးသီးမှ ရှာဖွေရရှိသည့် အလှူငွေ အမေရိကန်ဒေါ်လာ (၄၄) သန်းကျော် ခွဲဝေသုံးစွဲမှုရာ လက်နက်ထုတ်လုပ်မှုတွင်…
Read More
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် နှစ်ပတ်လည်နေ့ ကျင်းပ 

RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၂၁ ဦးကျဆုံးခဲ့ရသည့် ဇူလိုင်လ ၂ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Kaung Kin နှင့် ဒေသခံပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ၊ Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၆) ယောက် အပါအဝင် တစ်မြို့နယ်လုံး (၂၆) ဦး ကျဆုံးခဲ့ကြောင်း Kaung Kin ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ Red News Agency
Read More
ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

ကဿပဝိဇ္ဇာ PDFက အိန္ဒိယထုတ် ခါးချိုးတစ်ထောင့်ထိုး ငါးလုံးပြူးသေနတ် ထုတ်လုပ်အောင်မြင်

RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ကဿပဝိဇ္ဇာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အိန္ဒိနိုင်ငံထုတ် ခါးချိုး ငါးလုံးပြူသေနတ် ထုတ်လုပ်အောင်မြင်ဖြစ်ကြောင်း သိရသည်။ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ကို လက်နက် ကိုင် ခုခံစစ်ဆင်နွှဲနေသည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စက်ရုံထုတ် သေနတ်များကို လုံလောက်စွာမရှိသည့်အတွက် စစ်အာဏာရှင်ကို တိုက်ခိုက်ရန် လက်လုပ် ဗုံး၊ လက်လုပ်မိုင်း၊ လက်လုပ်သေနတ်များ ထုတ်လုပ်နေကြရကြောင်း သိရသည်။ Red News Agency
Read More
ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

ပေါက်ရင်ယူ မပေါက်ရင်လှူ အစီအစဉ်က သေနတ်အတိုတလက် ဝယ်ယူနိုင်ခဲ့

RNA_ဇူလိုင် ၇၊၂၀၂၂ ခုနှစ်။ နွေဦးတော်လှန်ရေး ကြာလာသည်နှင့်အမျှ ပြည်သူများ၏ လှူဒါန်းမှုများနည်းပါးလာသည့်အတွက် ကံစမ်းမဲများရောင်းချကာ " ပေါက်ရင်ယူ မပေါက်ရင်လှူ" အစီအစဉ်အတိုင်း အမျိုးသားကာကွယ်ရေးကွန်ယက်မှ သေနတ်အတိုတလက်စသည်တို့ကို ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထပ်မံပြီး မဲများဝယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ကို လှူဒါန်းကြရန် ရဲဘော် ကိုလင်းသူရထွန်းက တိုက်တွန်းထားသည်။ Red News Agency  
Read More