Tag: မိုင်းနင်းမိ

  • အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

    အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်

    အိမ်စီးကားတစီး မိုင်းနင်းမိပြီး (၄) ဦးသေ (၂) ဦးဒဏ်ရာပြင်းထန်
     
    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။
     
    ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်လာသည့် Ipsum အဖြူရောင် အိမ်စီးကားတစီး ဇရပ်ဖြူကျေးရွာအကျော်လမ်းတွင် ယနေ့ နေ့လည် (၂) နာရီဝန်းကျင်က မိုင်းနင်းမိပြီး ကားပေါ်ပါသူ အမျိုးသား (၄) ဦးသေဆုံးကာ အမျိုးသား (၂) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    မိုင်းနင်းမိသည့်ကားမှာ တစစီဖြစ်သွားပြီး အလောင်းများမှာလည်း ရုပ်ပျက်သွားသည်အထိ ထိခိုက်ပျက်စီးသွားကြောင်း၊ လွိုင်ကော်ဆေးရုံသို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး၊ Dead Body- ၁ လောင်းနှင့် အသက်ရှင်လူနာ- ၁ဦးအား ရွှေညောင်ပင် ပရဟိတအသင်းမှ ပို့ဆောင်ပေးခဲ့သည်ဟု ရွှေလွိုင်ကော် (ကယား) ပရဟိတအသင်းမှ အသိပေးထားသည်။
    [embedyt] https://www.youtube.com/watch?v=J4eYjQqKJ9M[/embedyt]
     
    ကားမိုင်းနင်းမိပြီး သေဆုံးသွားသူများမှာ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ကိုစိန်မင်း (အသက် ၄၁နှစ်) တို့၏ အမည်များသာသိရပြီး အသက်ရှင်သောလူနာ၂ဦးနှင့် သေဆုံး ကျား-၁ ၏ အမည် /လိပ်စာ စုံစမ်း၍မရသေးကြောင်း ရွှေလွိုင်ကော် (ကယား) ပရဟိတ အသင်းက အသိပေးထားသည်။
     
    #RedNewsAgency