သတင်း

လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။ KNLA-ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြဝတီမြို့၊ မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်အကြားတွင် လက်ခတ်တောင်စခန်းကုန်းအား စစ်ကောင်စီတပ်မှ ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ KNLA−ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ် တပ်စွဲထားသည့် လက်ခတ်တောင် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထွက်ပြေးခဲ့သည့်အတွက် အရေးယူခံနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ လပ်ခတ်တောက် စခန်းကုန် ပြန်လည်ရရှိရေးအတွက် တပ်မ(၄၄) မှူးမှ တိုက်ရိုက် ညွန်ကြားပြီး ခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းထုတ်နုတ်အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း KNLA− ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောထံမှ…
Read More
PDFကို ငွေလှူသည့်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ

PDFကို ငွေလှူသည့်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ

RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊အင်းစိန်အကျဉ်းထောင်အတွင်းမှ ငွေစုပြီး PDF များကို ၁၁ သိန်းလှူဒါန်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ထောင်တွင်းမှ ဖုန်း ၇ လုံးဖမ်းဆီးမိခဲ့သည့်ကိစ္စနှင့်အင်းစိန်ထောင် ညွန်ချုပ် ဦးဇော်မင်းကို ၂၄ နာရီအတွင်း အနားပေးခံရကာ အလုပ်ပြုတ်သွားပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ ဒုတိယပတ်အတွင်းက အကျဉ်းထောင်အတွင်းမှနေ၍ PDF များထံ အလှူငွေ ၁၁ သိန်းလှူဒါန်းပေးသည့် ဝန်ထမ်းမှာလည်း ဖမ်းဆီးခံထားရကြောင်း၊ ထောင်အတွင်းမှ ဖုန်း ၇ လုံးသိမ်းဆည်းရမိကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ညွန်ချုပ်ကို ၂၄ နာရီအတွင်း အရေးယူခံလိုက်ရခြင်းဖြစ်ကြောင်း၊ ညွန်ချုပ်အသစ်ဖြစ်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ အင်းစိန်ထောင် ညွန်ချုပ်ဦးမျိုးဇော် အသစ်ပြောင်းလာပြီဖြစ်ကြောင်း သိရသည်။ (more…)
Read More
ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIAနှင့် PDF များက ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ ပန်းတင်တံတားထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်ရှိကြောင်း တိုက်ပွဲဝင် သတင်းရစ်မြစ်ထံမှ သိရသည်။ ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် ရှေ့တန်းတပ်မ…
Read More
လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ လက်ခတ်တောင် တာဝါတိုင် စစ်ကောင်စီတပ်စခန်းကုန်းကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂၀ ရက်နေ့မှ နံနက် ၆ နာရီမှ စတင်တိုက်ခိုက်ခဲ့ကြပြီး ၂၁ ရက်နေ့ နံနက် ၅ နာရီတွင် တောင်ကြောတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ အသေအဆုံးရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊…
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့

အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့

RNA_ဇူလိုင်(၂၁)၊၂၀၂၃ ခုနှစ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရဲဘော်များသည် ၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများ၊ စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့သည် တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည်။ ၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများတွင် ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာအပါအဝင် ၅၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၉၁ ဦးသေဆုံးခဲ့ကြောင်း၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်းတိုက်ပွဲ ၄ ကြိမ်၊ စစ်ကြောင်းထိတွေ့တိုက်ပွဲ ၃၅ ကြိမ်၊ ဒရုန်းနှင့်လက်နက်ကြီးတိုက်ပွဲ ၁၆ ကြိမ် ပြုလုပ်ခဲ့ရာတွင်…
Read More
ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က ၆၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၁၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျမသိရှိရသေးကြောင်း၊ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရး အဆက်ဆက်တွင် အသက်ပေးသွားကြသော အာဇာနည်အပေါင်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Myaing Underground Defence Force - MUGDF က ထုတ်ပြန်ထားသည်။ (more…)
Read More
အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာ (ရွာမ) ကျေးရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင် မင်းအောင်လှိုင်လက်အောက်ခံ တပ်စခန်းကို ယနေ့ ညနေ ၅ နာရီခန့်က Myingyan Black Tiger (MBT) အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး စကစ တပ်သားအများအပြားထိခိုက် Tayဆုံးခဲ့သည်။ စခန်းသိမ်းနိုင်ရန် လက်တကမ်းအလိုတွင် RPG-7 ပြောင်းကွဲသွား၍ ရန်သူဘန်ကာအား ဆက်လက်မဖြိုခွင်းနိုင်သောကြောင့်  ရဲဘော်အားလုံး အန္တရယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်" ဟု (MBT) က ထုတ်ပြန်ထားသည်။ (more…)
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်တည်း ယနေ့ နံနက် ၇ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

RNA_ဇူလိုင် (၁၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း ဆောမြို့အနီးဝန်းကျင်ထိ ဇူလိုင် ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးအနည်းဆုံးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများထံမှ သိရသည်။ "ကျွန်တော်တို့ ဒေသမှာထိတာတော့ အလွန်ဆုံး ဆယ်ယောက်ပေါ့။ သူတို့ဂျမ်မာကားတွေလည်းပါတယ်လေ။ စုပြုံပြီးတက်လာတာမဟုတ်ဘူး" ဟု ဆောနှင့် ချင်းပြည်နယ်အစပ်က ဒေသခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁၈ ရက်နေ့မှာ ဆောနှင့် ကန်ပက်လက်ကြားမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက် လက်အောက်ခံများ မြေပြင်တွင် ၁၀ ဦးဝန်းကျင် သေဆုံးကြောင်း၊ ဆောမြို့ အနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း၊ ယခုရက်ပိုင်း…
Read More
ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

PpRNA_ဖားကန့်၊ဇူလိုင် (၁၄)ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအတွင်း၌ ကုမ္ပဏီ (၅) ခုက စုပေါင်းကျောက်တူးပြီး မိုးကာလ ကျောက်စိမ်းတူးဖော်မရသည့်အခါ တူးလက်စအတိုင်းထားခဲ့သည့်အတွက် အများသုံးကျေးရွာလမ်းပြိုကျပြီး ကျေးရွာနေအိမ်အချို့ မြေပြိုမည့် အန္တရာယ်ရှိနေသည်။ "နေမင်းကမ္ဘာ" နှင့် "မြန်မာတကောင်း" တို့ပါဝင်သည့် ကုမ္ပဏီ(၅)ခုက စုပေါင်းပြီး ကုဋေကျေးရွာမှ နေအိမ်များအား သိန်းထောင်ချီပေးဝယ်ကာ ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး မိုးကာလ ကျောက်တူးမရသည့်အခါ မြေပြန်လည်ဖို့ပေးခြင်းမဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုရက်သတ္တပါတ်အတွင်း မြေပြိုမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး အများပြည်သူသွားလမ်းပါ ပြိုကျပျက်ဆီးနေခြင်း ဖြစ်သည်။ (more…)
Read More