ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

အမှတ် (၈) စစ်ကြောင်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)တို့အကြား စစ်ရေးနိုင်ငံရေးဆွေးနွေးမှုများကို ၆လကြာသည်အထိ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး ပေါ်ပေါက်ခဲ့သော်လည်း ယခုအချိန် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ပါဝင် ပူးပေါင်းလာသည့်အတွက် တပ်ဖွဲ့သုံးဖွဲ့ဖြစ်သွားပြီဟု အမှတ် (၈) စစ်ကြောင်းက ထုတ်ပြန်ထားသည်။

အမှတ် (၈) စစ်ကြောင်း၏ အခြေခံမူဝါဒများမှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊ တော်လှန်ရေးအင်အားစုများ ညီညွတ်ပေါင်းစည်းလာရေး၊ လှုပ်ရှားစစ် အကောင်အထည်ဖော်ရေး၊ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေးတို့ဖြစ်ပြီး ယခုအချိန်တွင် အညာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA #AhNyar

By RNA Editor