အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ စစ်ကောင်စီ၏ အမှတ် () နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ) စခန်းအား အာရက္ခတပ်တော်-AA မှ သိမ်းပိုက်မှုမြင်ကွင်း ထုတ်ပြန်မှု ရုပ်သံမှ စစ်ကောင်စီလက်အောက်ခံများ သေဆုံးသည့် မြင်ကွင်းများကိုချန်ပြီး ထုတ်နုတ်ထားသည့် ရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။ 

နခခ () စခန်းအား () လအကြာ ဝန်းရံပိတ်ဆို့ထားပြီးနောက် အောက်တိုဘာ ၁၄ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၅၅) ရက်အကြာ ဒီဇင်ဘာလ () ရက်နေ့၊ နံနက် () နာရီ (၃၀) မိနစ်အချိန်၌ အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများအပြင် ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် စစ်ကောင်စီလက်အောက်ခံ အများအပြားကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

နခခ() စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၅၀) နှင့်အထက် သေဆုံးနိုင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသူများကို လိုက်လံရှင်းလင်းနေကြောင်း၊ အာရက္ခတပ်တော်အနေဖြင့် မောင်တောဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

By RNA Editor