အမှတ် (၈) စစ်ကြောင်း

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ဈာပန

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ဈာပန

RNA_ဇူလိုင်(၂၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦး၏ တပ်စု၂၊ တပ်စုမှူး၊ အမှတ် (၈) စစ်ကြောင်း၏ တပ်စိတ်မှူး ရဲဘော်စိုင်းနောင်(ခ)ရဲဘော်ထွန်းခ (အသက် ၁၉ နှစ်)၏ ဈာပနအခမ်းအနားကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၏ ယာယီဌာနချုပ် တနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို အမှတ် (၈) စစ်ကြောင်းရဲဘော်များနှင့် မဟာမိတ်များပူးပေါင်းပြီး ဇူလိုင်လ (၁၇) ရက်နေ့က တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)မှ ရဲဘော် စိုင်းနောင် (ခ) ရဲဘော် ထွန်းခနှင့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၏ စစ်ဦးစီး‌ရေးချုပ် တာဝန်ဖြင့်လည်းကောင်း၊ အမှတ် (၈) စစ်ကြောင်း၏…
Read More
ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိကြောင်း အမှတ် (၈) စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။ ရေလာလေး စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦးထက်မနည်းသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ…
Read More