Red News Agency

Independent Journalism for Justice and Human Rights.

Category: သတင်း

  • အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ထိရောက်စွာ ဆောင်ရွက်ပေးရန် နိုင်ငံတကာကို NUG အစိုးရ တောင်းဆို

    အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ထိရောက်စွာ ဆောင်ရွက်ပေးရန် နိုင်ငံတကာကို NUG အစိုးရ တောင်းဆို

    RNA- စက်တင်ဘာ ၅ ရက်။

    အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်များ အမြန်ရပ်တန့်ရေးနှင့် ပြည်သူများအား ညှင်းပမ်းနှိပ်စက်မှုများအပါအဝင် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် ထိရောက်စွာ ဆောင်ရွက်ပေးရန် NUG အစိုးရက တောင်းဆိုကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်း ပူးပေါင်းပြီး ရှမ်းပြည်သွေးစည်းညီညွတ်ရေး တပ်ပေါင်းစုဖွဲ့စည်း

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်း ပူးပေါင်းပြီး ရှမ်းပြည်သွေးစည်းညီညွတ်ရေး တပ်ပေါင်းစုဖွဲ့စည်း

    RNA – စက်တင်ဘာ ၄ ရက်။

    အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများကို တော်လှန်တိုက်ခိုက်ရန်အတွက် ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ရှမ်းပြည်သွေးစည်းညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းကြောင်း ယနေ့ ( စက်တင်ဘာလ ၄ ရက်) ထုတ်ပြန်ထားသည်။

    ရှမ်းပြည်နယ်တွင် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရှမ်းပြည်သွေးစည်းညီညွတ်ရေး တပ်ပေါင်းစု ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ရှမ်းပြည်သွေးစည်းညီညွတ်ရေးတပ်ပေါင်းစုက ယနေ့ ထုတ်ပြန်ထားသည်။

    တပ်ပေါင်းစု၏ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် တောင်းပိုင်း မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်း ဆက်သွယ် ကူညီပံ့ပိုးရန်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်သည်အထိ ပြည်သူ့အစိုးရနှင့် လက်တွဲဆောင်ရွက်ရန်စသည်တို့ကို ရည်မှန်းထားကြောင်း သိရသည်။

    Red News Agency

  • နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က စနိုက်ပါများနှင့် လေ့ကျင့်နေပြီ

    နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က စနိုက်ပါများနှင့် လေ့ကျင့်နေပြီ

    RNA-စက်တင်ဘာ ၄ ရက်။

    အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေသည့် ပြည်တွင်းအခြေစိုက် နယ်စည်းမခြား မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ က စနိုက်ပါများနှင့် လေ့ကျင့်နေပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

    နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့အနေဖြင့် ယခုအနေအခြေတွင် အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများကို တိုက်ခိုက်နေပြီး၊ စနိုက်ပါ လေ့ကျင့်မှု ပြည့်ဝပါက အရှိန်အဟုန်မြှင့်ကာ စစ်ကောင်စီအကြီးအကဲများနှင့် ဒလန်များ စစ်ကောင်စီလက်အောက်မှ ပူးပေါင်းပါဝင်သူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ထိ ကျဆုံးခဲ့ရသူ ၁၀၄၆ ဦး၊ ဖမ်းဆီးခံထားရသူ ၆၂၃၀ ဦး၊ ဖမ်းဆီးခံထားရသူများထဲတွင် ၂၆၄ ဦးမှာ ထောဂ်ဒဏ်ချမှတ်ခံထားရပြီး သေဒဏ် ၂၆ ဦး၊ ၁၈ နှစ်အောက် ကလေး ၂ ဦးပါရှိကြောင်း ယနေ့ AAPP က ထုတ်ပြန်ထားသည်။

    Red News Agency

  • NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးကို ရိုဟင်ဂျာအဖွဲ့အစည်းများက ထောက်ခံ ကြိုဆို

    NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးကို ရိုဟင်ဂျာအဖွဲ့အစည်းများက ထောက်ခံ ကြိုဆို

    RNA- ဩဂုတ် ၃၀ ရက်။

    အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး အဖွဲ့ဝင်အဖြစ် ရိုဟင်ဂျာတဦးဖြစ်သည့် ဦးအောင်ကျော်မိုးကို ခန့်အပ်ခြင်းအပေါ် ဘင်္ဂလားဒေရ်ှ့နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ အရပ်ဖက်အဖွဲ့အစည်းများက ကြိုဆိုထောက်ခံကြောင်း ယနေ့ ( ဩဂုတ်လ ၃၀ ရက်) တွင် ထုတ်ပြန်ကြေညာထားသည်။

    NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင်အဖြစ် ဦးအောင်ကျော်မိုးကို ဩဂုတ်လ ၂၇ ရက်နေ့က ခန့်အပ်ခဲ့ကြောင်း၊ ဦးအောင်ကျော်မိုးသည် ရခိုင်ပြည်နယ် ဇာတိဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးစုအသီးသီး၏ အခွင့်အရေးကိစ္စများ၊ ဘင်္ဂလားဒေရ်ှ့နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ပညာရေး၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ကိစ္စများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

    ထုတ်ပြန်ချက်တွင် ဦးအောင်ကျော်မိုးကို ထောက်ခံကြိုဆိုသည့် အဖွဲ့များမှာ Rohingya Youth Association ( RYA) ၊ Rohingya Women Development Forum ( RWDF) ၊ Arkan Rohingya Cultural Association ( ARCA) ၊ ARSPH၊ RYLA၊ RSU၊ YRD စသည့် ၁၇ ဖွဲ့ဖြစ်သည်။

    Photo – RYA

    အမျိုးသားညီညွတ်ရေးအစိုးရက ရိုဟင်ဂျာများကို အမိမြန်မာနိုင်ငံအတွင်းက မူလဌာနေ တိုင်းရင်းသားများ ဖြစ်သည့် အားလျော်စွာ တိုင်းရင်းသား မျိုးနွယ်စု အဖြစ် အသိအမှတ်ပြု ကြေညာပေးရန်နှင့် ယဉ်ကျေးမှုနှင့် အမျိုးသားရေး လက္ခဏာများအား ပြည်ထောင်စုအဆင့်မှ ထိန်းသိမ်း ကာကွယ်ပေးရေး ဥပဒေပြဌာန်းပေးရန်၊ ရိုဟင်ဂျာများ၏ မွေးရာပါ အခွင့်အရေးနှင့် နိုင်ငံသားဖြစ်မှုအား ခြွင်းချက် မရှိ အသိအမှတ်ပြုရန် စသည့် တောင်းဆိုချက်များကိုလည်း ဦးကျော်မိုးထွန်း အနေဖြင့် NUG အစိုးရအား ညှိနှိုင်းအကြံပြု ဆောင်ရွက်နိုင်မည်ဟု ရိုဟင်ဂျာများက မျှော်လင့်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    Red News Agency

  • လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

    လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

    RNA- ဩဂုတ် ၂၉ ရက်။

    စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရာတွင် စစ်ကိုလိုလားလို့ မဟုတ်ဘဲ ခုခံစစ်နှင့် ဖိနှိပ်မ့ကို လုံးဝလက်မခံနိုင်သည့် မတရားမှုကို တွန်းလန်သည့် တွန်းလှန်စစ်ပုံစံမျိုးသာဖြစ်သည်။ ” လက်နက်ကိုင်တိုက်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိရင်လဲ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သလို လက်နက်ကိုင်တိုက်တဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတာ။ ဝိုင်းဝန်းလုပ်ဆောင်တယ်ဆိုတာက ရရာလက်နက်နဲ့ အသေခံခိုင်းတာမဟုတ်ပါဘူး။ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ် ” ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။[embedyt] https://www.youtube.com/watch?v=ARQOl0Exo7E[/embedyt] စစ်ကောင်စီမှာရှိနေတဲ့ လက်နက်အလွဲသုံးစားလုပ် အာဏာအလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ တိုက်ပွဲပုံစံတွေ ဖြစ်လာနိုင်သည်။

    Red Nes Agency

  • တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်က ဒလန်ဇော်လတ် ယနေ့ နံနက်က ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် အပစ်ခံရ

    တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်က ဒလန်ဇော်လတ် ယနေ့ နံနက်က ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် အပစ်ခံရ

    တောင်တွင်းကြီး၊ ဩဂုတ် ၂၁ ရက်။

    ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ယနေ့ ( ဩဂုတ်လ ၂၁ ရက်) နံနက် ၈ နာရီဝန်းကျင်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁) ရပ်ကွက်၊ အကြမ်းဖက် စစ်ကောင်စီမှ ရာအိမ်မှူးအဖြစ်ခန့်အပ်ထားသည့် ဒလန်ဇော်လတ်ကို အုပ်ချုပ်ရေးမှူးရုံးထဲဝင်ပြီး ပစ်ခတ်ခဲ့ရာ ဦးခေါင်းတချက်၊ ရင်ဘတ်နှစ်ချက် ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ဒလန်ဇော်လတ်သည် တပ်မတော်ထောက်ခံပွဲများအား ဦးဆောင်စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက် ရပ်ကွက်အတွင်း ရာအိပ်မှူး လုပ်ကာ စစ်တပ်သတင်းပေးဖြစ်ကြောင်း သိရသည်။

    တောင်တွင်းကြီးမြို့တွင် နေထိုင်လျက်ရှိသည့် အကြမ်း ဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ပါကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေး တပ်မတော်က အထူးသတိပေး ချက်ထုတ်ပြန်ထားသည်။

    Red News Agency

  • အာဏာသိမ်း စစ်ကောင်စီတပ်ကထွက်ပြီး ပြည်သူ့ရင်ခွင်ဝင်ရောက်လာမည့် ပြည်သူ့စစ်သားများကို KNDF က လက်ခံမည်

    အာဏာသိမ်း စစ်ကောင်စီတပ်ကထွက်ပြီး ပြည်သူ့ရင်ခွင်ဝင်ရောက်လာမည့် ပြည်သူ့စစ်သားများကို KNDF က လက်ခံမည်

    RNA- ဩဂုတ် ၂၀ ရက်။

    ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ( KNDF) က အာဏာသိမ်းစစ်ကောင်စီတပ်က ထွက်လာမည့် ပြည်သူ့ စစ်သားများကို လုံခြုံရေးအာမခံပြီး အတူပူးပေါင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။

    ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်ဟားများကို KNDF နှင့် အတူ ပူးပေါင်းကြိုဆိုမည့်ကိစ္စကို ယနေ့ ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးအတည်ပြုကြပြီး၊ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်သားများအတွက် လုံခြုံရေး အာမခံသည့်အပြင် ဆုငွေများပါ ချီးမြင့်မည်ဖြစ်ကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။

    ပြီးခဲ့ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် PDF များနှင့် ပြည်သူ့စစ်သားများ အတူပူးပေါင်းကာ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

    Red News Agency

  • ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    ဖားကန့်မြို့နယ်၌ ရဲတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

    ဖားကန့်၊ ဩဂုတ် ၁၉ ရက်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁) ဈေးကုန်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲသားတစ်ဦး ယနေ့ ( ဩဂုတ်လ ၁၉ ရက်) ညနေပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    အရပ်ဝတ်ဖြင့်လာရာမှ သေနတ်ပစ်ခံရပြီး သေဆုံးသည့်ရဲသည် မူးယစ်ဆေး သုံးစွဲ ရောင်းချထံ စပ်ကြေးလာကောက်သူ ဖြစ်နိုင်ကြောင်း၊ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း အတိအကျမသိရသေးသော်လည်း အခင်းဖြစ်ပွားရာ ဈေးကုန်းနှင့် ယာယီကားလေးကွင်းအနီးတို့၌ မူးယစ်ဆေးဝါး သုံးစွဲသူ ရောင်းချသူများ ကျင်လည်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    မူးယစ်ဆေး ရောင်းဝယ်သူများထံမှ အပတ်စဉ်ကြေး လစဉ်ကြေးများကောက်ယူရန် လာသောရဲသည် AD ဘင်ဖြင့် လာရောက်ခဲ့ပြီး၊ သေဆုံးသူမှာ ရဲတပ်ကြပ် ဝင်းမြင့်ဖြစ်ကြောင်း၊ အလောင်းအား ဖားကန့် ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

    #RedNewsAgency

  • RNA- ဩဂုတ် ၂၀ ရက်။  ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ( KNDF) က အာဏာသိမ်းစစ်ကောင်စီတပ်က ထွက်လာမည့် ပြည်သူ့ စစ်သားများကို လုံခြုံရေးအာမခံပြီး အတူပူးပေါင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။  ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်ဟားများကို KNDF နှင့် အတူ ပူးပေါင်းကြိုဆိုမည့်ကိစ္စကို ယနေ့ ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးအတည်ပြုကြပြီး၊ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်သားများအတွက် လုံခြုံရေး အာမခံသည့်အပြင် ဆုငွေများပါ ချီးမြင့်မည်ဖြစ်ကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။  ပြီးခဲ့ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် PDF များနှင့် ပြည်သူ့စစ်သားများ အတူပူးပေါင်းကာ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။  Red News Agency

    RNA- ဩဂုတ် ၂၀ ရက်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ( KNDF) က အာဏာသိမ်းစစ်ကောင်စီတပ်က ထွက်လာမည့် ပြည်သူ့ စစ်သားများကို လုံခြုံရေးအာမခံပြီး အတူပူးပေါင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်ဟားများကို KNDF နှင့် အတူ ပူးပေါင်းကြိုဆိုမည့်ကိစ္စကို ယနေ့ ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးအတည်ပြုကြပြီး၊ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်သားများအတွက် လုံခြုံရေး အာမခံသည့်အပြင် ဆုငွေများပါ ချီးမြင့်မည်ဖြစ်ကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် PDF များနှင့် ပြည်သူ့စစ်သားများ အတူပူးပေါင်းကာ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။ Red News Agency

    RNA- ဩဂုတ် ၁၉ ရက်။

    ယောဒေသရာကွယ်ရေး တပ်ဖွဲ့က ဂန့်ဂေါမြို့ မြောက်ဘက် ဖိုးမော်ကြီးကွေ့အနီးတွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ ( ဩဂုတ်လ ၁၉ ရက်) ညနေ ၄ နာရီခွဲ ဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီးမိုင်းထိကာ ၂၀ ကျော်သေဆုံးပြီး၊ ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရရှိသွားသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ( YDF) ကထုတ်ပြန်ထားသည်။

    ဂန့်ဂေါမှ ကလေးဘက်သို့ ယနေ့ ထွက်လာသည့် စစ်ကားတန်း အစီး ၄၀ ဝန်ကျင်ရှိကြောင်း၊ လမ်းတလျှောက်မှ ဒေသခံများ၏ ဆိုင်ကယ် အစီး၂၀ ကျော်ကို လုယူကြကြောင်း၊ YDF က မိုင်းထောင်ပြီး ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်ကောင်း သိရသည်။

    Red News Agency

  • မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ကွယ်လွန်

    ရန်ကုန်၊ ဩဂုတ် ၁၁ ရက်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာ ဦးဇော်လွင် (ခ) ဦးမင်းဇော်လွင် သည် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

    ဆရာဦးမင်းဇော်လွင်သည် ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလက မြောက်ဥက္ကလာပမြို့နယ် GSC တွင် နာယကအဖြစ်ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် ရှစ်လေးလုံးကျောက်တိုင်ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူများရွေးချယ်ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

    ဆရာဦးမင်းဇော်လွင်သည် ကျောင်းဆရာတဦးဖြစ်ပြီး၊ မြောက်ဥက္ကလာပမြိုကနယ် ဗိုလ်ချုပ်ချစ်သူများအဖွဲ့၊ ကန်သာယာပြည်သူ့ပန်းခြံပြန်လည်ရရှိရေးအဖွဲ့၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အားကစားကွင်းနှင့်ပန်းခြံများ၊ အခြားမြေလွတ်မြေရိုင်းများ ပြန်လည်ရရှိရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် စစ်တပ်အာဏာသိမ်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်ခဲ့ပြီး၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ခေါင်းဆောင်တစ်ဦးဖြစ်သည်။ စစ်တပ်လက်ပါးစေများက ဖမ်းဆီးရန်ကြိုးပမ်းမှုကြောင့် ပြည်တွင်းတနေရာတွင် ရှောင်တိမ်းနေရင်း ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

    မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လူထုတွေ့ဆုံပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကန်သာယာပြည်သူ့ပန်းခြံတွင် ပြုလုပ်ခဲ့ရာ ဆရာဦးဇော်လွင် ပြည်သူများအား ပြောကြားခဲ့သည့် အမှတ်တရစကားများကို ပြန်လည်ဖော်ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=udF9lIGUNX8[/embedyt] Red News Agency