“အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။

KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် “ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။

အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။

” စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်” ဟု PDF ရဲဘော်တဦးက ပြောသည်။

ကရင်ပြည်နယ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းကို KNLA၊KNDO၊PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေသည်မှာ ယနေ့အပါအဝင် (၅) ရက်ရှိပြီဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် လေယာဉ်ပစ်ကူ အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေရကြောင်း၊ စစ်ကောင်စီတပ်ဘက်က အကျအဆုံး ပိုများနေကြောင်း သိရသည်။

ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းသည် မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံနေရာတွင် တည်ရှိကြောင်း သိရသည်။

Red News Agency

By Editor