ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ရပ်ကွက်-ယုဇနဥယျာဉ်မြို့တော်၊ ၁၀လမ်း(A)ဘလောက် တိုက် (၁၆) ရှိ အခန်းမှာ ပေါက်ကွဲမှုဖြစ်အပြီး တယောက်ပြေးဆင်းလာရာ ရပ်ကွက်လမ်းထိပ်က လူများဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဖမ်းဆီးခံရသည့် လူငယ်က အော်ဟစ်ပြောဆိုခဲ့ကြောင်း ရပ်ကွက်အတွင်းမှ ပြည်သူတဦးက အသိပေးလာသည်။

ယနေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ပေါက်ကွဲမှုတွင် တဦးမှာ ဒဏ်ရာရရှိခဲ့ပြီး၊ တဦးမှာ ပြေးထွက်လာစဉ် ရပ်ကွက် လမ်းထိပ်က လူများ၏ ဝိုင်းဝန်း ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ယုဇန ၁၀လမ်း (A)ဘလောက် လမ်းထိပ်ကလူများ ဝိုင်ဖမ်းပြီး မကြာမီ စစ်ကောင်စီတပ် စစ်ကား ၄ စီးနှင့် ရဲကားများရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးရုံးမှာ အထိုက်ချနေကြောင်း၊ ရပ်ကွက်အတွင်းမှ ပြည်သူများက ၁၀လမ်း (A)ဘလောက်မှ ဝိုင်းဖမ်းပေးသူများကို ရှောင်ကြရန်နှင့် ဖမ်းပေးသည့်အတွက် မကျေနပ်မှုများရှိကြောင်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ဉ်အတွင်း တဦးကျဆုံးကာ တဦးဖမ်းခံရသည်ကို အတည်ပြုနိုင်ပြီး မည်သည့်အဖွဲ့က ဖြစ်သည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ ယခုအခါ လမ်းတွင်းလူများ မရှိတော့ဘဲ ရပ်ကွက်ရုံးတွင် စစ်ကောင်စီတပ်သားများရှိကြောင်း သိရသည်။

Red News Agency

By Editor