မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

Written by

in

RNA_ဇွန် ၃၀၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် တိုက်ပွဲများစွာ ဖော်ဆောင်ခဲ့သော တိုက်ခိုက်ရေးလှုပ်ရှားသူများက NUG ကာကွယ်ရေးဝန်ကြီးဌာန ( MOD) နှင့် လက်တွဲဆောင်ရွက်နိုင်ရေး လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE-YRF ) ဖွဲ့စည်းကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့က လူငယ်သူရဲကောင်းတပ်ဖွဲ့ကို မြို့နယ်အတွင်းရှိ ပကဖ၊ ပအဖ တို့နှင့် တွေ့ဆုံစဉ်

အညာမြေထူးပျောက်ကြားတပ်ဖွဲ့၊ ကျားသစ်နက်၊ Future Generation၊ PRA ခွဲ ၃၁ ၊မြိုင်PDF၊ နောက်မြောက်တိုင်း PDF တပ်ဖွဲ့ များနှင့်အတူ လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE -YRF ) တို့က ဇွန်လ ၁၅ ရက်နေ့က မြိုင်မြို့နယ် ကန်နီကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ကြသည်။

” မြေပြင်မှာ တကယ်လှုပ်ရှားပြီး အဖွဲ့ငယ်တွေများလာတဲ့အတွက် MODရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ခက်လာပါတယ်။ ဒါ့ကြောင့် တကယ်လှုပ်ရှားတဲ့အဖွဲ့တွေကို စုပေါင်းပြီး MOD အစီစဥ်တိုင်း လှုပ်ရှားနိုင်ဖို့ ပြန်လည်ဖွဲ့လိုက်ရခြင်းပါ” ဟု လူငယ်သူရဲကောင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။

YOUNG RANGERS FORCE (YRF) လူငယ်သူရဲကောင်းတပ်ကို ရိုးမဖိုက်တာမှခွဲထွက်လာသော Ranbo တပ်ခွဲ၊ Phoenix Rural Gurrilla Force နှင့် တောကျီးကန်းLPDF တို့စုပေါင်းပြီး ဇွန်လ (၅) ရက်နေ့က တပ်ရင်းဖွဲ့လိုက်ခြင်းဖြစ်ကြောင်း၊ MOD နှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် ပအဖ၊ ပကဖ တို့က လူငယ်သူရဲကောင်းတပ်ကို အသိအမှတ်ပြုထားကြောင်း သိရသည်။

Red News Agency