ညောင်ဦးမြို့နယ်၊ NLD အမျိုးသမီးလုပ်ငန်းကော်မတီဝင်တစ်ဦး အကျဉ်းထောင်တွင်း ကွယ်လွန် 

Written by

in

RNA_ဇွန်လ ၃၀၊ ၂၀၂၂ခုနှစ်။

မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊တိုက်ကုန်းရပ်အမျိုးသားဒီမိုက​​ရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ(ရပ်ကျေး အတွင်းရေးမူး) ဒေါ်ခင်ညို သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် ရက် ၃၀ တွင်ထောင်တွင်းကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန် သွားကြောင်း သိရသည်။

NLD အမျိုးသမီးလုပ်ငန်းကော်မတီ(ရပ်ကျေး အတွင်းရေးမူး) ဒေါ်ခင်ညိုသည် မေ၃၀ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရပြီး ဇွန်၂၈ရက်နေ့ နံနက်၅နာရီခွဲခန့်က ထောင်တွင်းကျန်းမာရေးဆိုးဝါးပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

Red News Agency