စစ်ကောင်စီစစ်ကြောင်း ဝင်တိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူရဲကောင်း ၁၁ ဦးကျဆုံး

RNA_ဇူလိုင် ၃၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မင်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်နှင့် အပါအပေါင်းအပါ အင်အား ၁၃၀ ကျော်ကို ဇူလိုင်လ ၃ ရက်နေ့က တိုက်ခိုက်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သူရဲကောင်း ၁၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

” အင်းအား ၁၃၀ ကျော် ခွေးစစ်ကြောင်းကို ကျွန်တော်တို့တောကြီးမြွေပွေးတပ်ဖွဲ့ အပါဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းများ ပြောက်ကျား တပ်ဖွဲ့များ၊ ပ. က .ဖ များ တော်လှန်ရေးညီနောင်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ သူရဲကောင်းရဲဘော် ( ၁၁ )ဦး ကျဆုံးခဲ့ပြီး ထိခိုက်မှုများပြား။ စစ်ခွေး (၂) ကောင်သေ” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုပ်လိုစိတ်၊ တော်လှန်လိုစိတ် အပြည့်ရှိသော်လည်း လက်နက်အင်အား မမျှသည့်အတွက် ရဲဘော်များ၏ တော်လှန်ရေးသွေးတွေ မြေခ အသက်ပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor