မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းနှင့် စာကြည့်တိုက် ဖယ်ရှား ရှင်းလင်းခံရ 

RNA_ဇွန် ၂၇၊၂၀၂၂ခုနှစ်။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( MAEUSU) ၏ သမဂ္ဂရုံးခန်းရှိ ကျောင်းသားများသမဂ္ဂနှင့်သက်ဆိုင်သည့်အဆောင်အ‌ယောင်အမှတ်တံဆိပ်အလံများအသုံးအဆောင်ပစ္စည်းများအားလုံးနှင့် စာကြည့်တိုက်ကို စစ်ကောင်စီလက်အောက်ခံ MAEU ပါမောက္ခချုပ် အောင်မျိုးသူနှင့်အဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။

Photo: MAEUSU / ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရသည့် သမဂ္ဂရုံးခန်းနှင့် စာကြည်တိုက်။ 

လေကြောင်းတက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ကိုယ်ထူကိုယ်ထစာကြည့်တိုက်ဖြစ်သည့် ” MAEU Students’ Union Library “ရှိ စာအုပ်နှစ်ထောင်ကျော်ခန့်ရှိကြောင်း၊ ဖယ်ရှားရှင်းလင်းလိုက်သည့်ရက်ကို MAEUSU မှ အတိအကျသိရှိရန် စုံစမ်းနေကြောင်း၊ စစ်ကောင်စီလက်အောက်ခံ MAEU ပါမောက္ခချုပ် အောင်မျိုးသူသည် မိတ္ထီလာ နည်းပညာတက္ကသိုလ်မှ MAEU သို့ စစ်ကောင်စီကပြောင်းရွှေ့ခန့်အပ်ခဲ့သည်။

“ခွပ်ဒေါင်းကြောက်တဲ့ ရောဂါရှိတဲ့ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်လက်ဝေခံတွေ အနေနဲ့ သမဂ္ဂ နှင့် စပ်လျဉ်းပြီးဖိနှိပ်ပျက်ပြယ် မှေးမှိုန်အောင် လုပ်ခဲ့တာဟာ ခေတ်အဆက်ဆက်ပါပဲ။ အခုလိုလေကြောင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရုံးခန်းကိုဖယ်ရှားဖျက်သိမ်းလိုက်ရုံနဲ့ လေကြောင်းတက္ကသိုလ်ကျောင်းသား/သူတွေ၊ ကျောင်းသားဟောင်း ‌တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်‌ရေးစိတ်ဓာတ်ကိုတော့ ဖယ်ရှားဖျက်ဆီးလို့ ရမှာမဟုတ်ပါဘူးလို့ ပြောလိုပါတယ်” ဟု မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( MAEUSU) မှ အဖွဲ့ဝင်တဦးက Red News Agency သို့ ပြောသည်။

Photo: MAEUSU / ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရသည့် သမဂ္ဂရုံးခန်းနှင့် စာကြည်တိုက်။
Photo: MAEUSU / ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရသည့် သမဂ္ဂရုံးခန်းနှင့် စာကြည်တိုက်။
Photo: MAEUSU / ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရသည့် သမဂ္ဂရုံးခန်းနှင့် စာကြည်တိုက်။

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( MAEUSU) သည် အာဏာသိမ်းစစ်ကောင်၏တရားမဝင် ပညာရေးယန္တရားလည်ပတ်နေကြောင်းပြသနိုင်ရန်အတွက် အရည်အသွေး၊သတ်မှတ်ချက်စံနှုန်းများနှင့်မပြည့်မီသည့် ဘွဲ့ကြိုပထမနှစ်မှ ဘွဲ့ကြိုဆဋ္ဌမနှစ်အထိ အတန်းများကို အကြမ်းမဖက်အာဏာဖီဆန် (CDM) ပြုလုပ်ကြရန်၊သပိတ်မှောက်ရန်နှိုးဆော်ထားသည့်ကာလဖြစ်ကြောင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေကြောင်း သိရသည်။

RedNewsAgency

By Editor