Red News Agency

Independent Journalism for Justice and Human Rights.

ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

Written by

in

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( People’s Defence Force- Pwintbyu) တွင် တာဝန်‌ ထမ်းဆောင်နေသည့် ရဲဘော်စနေအတွက် M4 တလက်ကမ်ပိန်းတွင် ပြည်သူများ၏အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

“ရဲဘော်စနေအတွက် M4 တစ်လက် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းကိုကော၊ Like Share ပြုလုပ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့ငွေပမာဏ သိန်း ၁၀၀ ကျော်ကို ကူညီပေးခဲ့ကြတဲ့ ကနေဒါက မိသားစုတွေကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပြည်သူတွေဟာ ခုချိန်ထိ စိတ်ဓာတ်ပြင်းထန်နေကြဆဲ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်ခင်ဗျား” ဟု ပွင့်ဖြူ PDF က ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။

ရဲဘော်စနေအတွက် M4 တလက် ကမ်ပိန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ခဲ့သော်လည်း သက်မှတ်ရက်မပြည့်ခင် လက်နက်ဝယ်ယူရန် ပြည်သူများ၏အလှူငွေ ၂၂,၂၅၂,၅၃၃ ကျပ် (နှစ်ရာနှစ်ဆယ့်နှစ်သိန်းငါးသောင်းနှစ်ထောင်ငါးရာသုံးဆယ့်သုံးကျပ်တိတိ) ရရှိခဲ့‌သည့် အတွက် ကမ်ပိန်းကို ရပ်နားလိုက်ကြောင်း၊ M4 သေနတ်တလက်၏ ပေါက်ဈေးမှာ ကျပ်သိန်းနှစ်ရာဝန်းကျင်ရှိကြောင်း သိရသည်။

#RedNewsAgency