BLACK WOLF – PDF အဖွဲ့ ခေါင်းဆောင်တဦး ကျဆုံး 

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ် စသည်တို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် BLACK WOLF – PDF တပ်ဖွဲ့ တည်ထောင်ရာတွင် အဓိကပါဝင်ခဲ့သည့် ရဲဘော်ကိုလှိုင်ဝင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့သည်။

” ကိုလှိုင်ဝင်းသည် ယခုအခါ ရှေ့တန်းတနေရာ၌ တော်လှန်ရေးအတွက် စွမ်းစွမ်းတမံကြိုးစားရင်း ( ၂၃ ရက် ၁၁ လ ၂၀၂၂ ) ခုနှစ် တွင် မြင့်မြတ်စွာ အ သက်ပေးလှူခဲ့ရသည်။ထိုကြောင့် ကျွန်ုပ်တို့ Black wolf – pdf အဖွဲ့သားများသည် အထူးပင် ဝမ်းနည်းကြေကွဲရပါသည်” ဟု BLACK WOLF – PDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ကျဆုံးသွားသည့်ရဲဘော်ကိုလှိုင်ဝင်းသည် BLACK WOLF – PDF စတင်တည်ထောင်ကတည်းက ပံ့ပိုးကူညီခဲ့သည့် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ကိုလှိုင်ဝင်းကျဆုံးခဲ့ရသည့်အတွက် စစ်ကောင်စီတပ်အား လက်စားချေတိုက်ခိုက်သွားမညါဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor