စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

ခလရ(၅၀) လက်အောက်ခံ တပ်သားနှင့်ပျူအဖွဲ့က ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့
 
RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။
 
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ကျေးရွာ (၁၁) ရွာမှ နေအိမ် (၁၆၈) လုံးကို စစ်ကောင်စီတပ် စစ်ကောင်စီတပ် ခလရ(၅၀) လက်အောက်ခံ တပ်သားများ၊ ပျူစောထီများက နှစ်လအတွင်းလှည့်လည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Photo : YRF

“မီးရှို့စစ်ကြောင်းသည် ထီးလင်းမြို့နယ်၌ နှစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးနေသည့်ကာလအတွင်းတွင် စုစုပေါင်းကျေးရွာ (၁၁) ရွာမှ အိမ်ခြေပေါင်း (၁၆၈) လုံးအထိ မီးရှို့ခဲ့ကြပြီးဖြစ်သည်” ဟု ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)က ထုတ်ပြန်ထားသည်။

 

ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် ခလရ (၅၀) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပါဝင်သည့် စစ်ကြောင်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က ဝင်ရောက်လာခဲ့ကြောင်း၊ ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့ကြရာ ဝါးရင်းချိုင်ကျေးရွာရှိ အိမ်ခြေ (၆၁) လုံးအနက် အိမ်ခြေ (၃၄) လုံးမီးလောင်ကျွမ်းခဲ့့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By Editor