စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော် (၁၀) ဦး ကျဆုံး

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး ဝင်ရောက်စီးနင်းစဉ်အတွင်း ဒေသခံ PDF (၁၀) ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
ပုံစာ-မုံလှကျေးရွာမှာ ကျဆုံးခဲ့ရသည့် PDF ရဲဘော်များဈာပန မြင်ကွင်း။
 
စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေအဆုံးများသည့်အတွက် လေကြောင်းပစ်ခတ်မှုပြုလုပ်ချိန်တွင် PDF (၂) ဦးကျပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ကံသာရွာမှ ဒေသကာကွယ်ရေး ရဲဘော်နှစ်ဦးမှာလည်း ပိတ်မိပြီး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း၊ ဖမ်းဆီး နှိပ်စက်ခံရပြီး ကျဆုံးခဲ့ရသည့် ၆ ဦးမှာ Hero Army Khin-U အဖွဲ့ကဖြစ်ကြောင်း သိရသည်။

ပုံစာ-မုံလှကျေးရွာမှာ ကျဆုံးခဲ့ရသည့် PDF ရဲဘော်များဈာပန မြင်ကွင်း။
ပုံစာ-မုံလှကျေးရွာမှာ ကျဆုံးခဲ့ရသည့် PDF ရဲဘော်များဈာပန မြင်ကွင်း။
စစ်ကောင်စီတပ်သည် မုံလှရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် (၅၀) ခန့်ကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံလိုက်ရသည့် PDF ရဲဘော် ၆ ဦး၏ နှိပ်စက်သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများကို ယမန်နေ့က ရွှေစည်းခုံဘုရားဝန်းနားတွင် အစုလိုက် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
 
#RedNewsAgency
By Editor