ရှမ်းမြောက်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၅) ဦးကျဆုံး၊ ၆ ဦးပျောက်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။ 

ရှမ်းပြည်နယ် မြောက်မိုင်း မူဆယ်မြို့နယ်အခြေစိုက် People Security Defemse Army – Northern Shan State အဖွဲ့က ခွဲထွက်သည့် PDF ၁၄ ဦးရှိ စခန်းကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် နေရာတွင် PDF () ဦးကျဆုံးကာ ဒဏ်ရာရ () ဦးအပါအဝင် () ဦးလွတ်မြောက်ပြီး () ဦးပျောက်ဆုံးနေကြောင်း သိရသည်။

PDF အဖွဲ့ဝင် ၁၄ ဦးရှိနေသည့် မူဆယ်မြို့နယ်၊ ကျေးရွာတရွာအနီးဝန်းကျင်ရှိ စခန်းကို People Security Defemse Army – Northern Shan State အဖွဲ့ဝင် (၁၀) ဦးဝန်းကျင်က လက်နက်အပြည့်အစုံဖြင့် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ သေဆုံးခဲ့သူများရှိပြီး အရှင်ဖမ်းခံရသူများရှိကြောင်း သိရသည်။ 

အရင်က PSDA အဖွဲ့မှာ အားလုံးအဆင်ပြေခဲ့တယ်၊ တိုက်ပွဲအတွင်းမှာ ခေါင်းဆောင်က ကျသွားတယ်၊ နောက်တက်လာတဲ့ ခေါင်းဆောင်နဲ့ သိပ်အဆင်မပြေကြဘူး၊ အဲဒါနဲ့ တရားဝင်စာတင်ပြီး ထွက်ကြတာတွေရှိလာတယ်၊ အဲထဲကမှ တချို့က တပ်ဖွဲ့ ထပ်ထောင်ကြတယ်၊ အဲဒီအထဲမှာ နောက်တက်လာတဲ့ ခေါင်းဆောင်ရဲ့ မဟုတ်တာတွေ တော်လှန်ရေးစည်းကမ်းနဲ့ မညီတာတွေကို သူတို့သိထားတာတွေရှိတဲ့သူတွေ ဖြစ်နေတယ်၊ အခုက အဖွဲ့သစ်လုပ်မယ်ဆိုပေမဲ့ လက်နက်မရှိသေးပါဘူး၊ အဲဒါကို စခန်းကို ဝင်စီးပြီး သတ်တာ () ဦးကျသွားတယ်၊ ၂ ယောက်ကဒဏ်ရာနဲ့ တစ်ယောက်ကတော့ ဒဏ်ရာရဘူး သူတို့ ၃ ဦးတော့လွတ်သွားတယ်၊ ၆ ယောက်ကတော့ ပျောက်နေတယ် ဘယ်လိုအခြေအနေရှိလည်း မသိရသေးဘူး သေလားရှင်လား ဆိုတာလေ၊ ဖမ်းခံရတာလည်း ဖြစ်နိုင်တယ်ဟု ဝင်စီးခံရသည့် PDF အဖွဲ့ဝင်များနှင့်နီးစပ်သူ တဦးက ပြောသည်။ 

သတ်ဖြတ်ခံရမှုမှ လွတ်မြောက်လာသည့် ရဲဘော်ဆာဒံက “အခုဟာက ကျနော်တို့လည်း ပစ်စရာ လက်နက်မရှိပါဘူး၊ သူတို့ကသာ လက်နက်အပြည့်အစုံနဲ့ ဝင်ပစ်တာခံရတာပါ၊ အချင်းချင်းကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာပါ အဲဒါကြောင့် တန်ရာတန်ကြေးအတိုင်း ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒါကြီးက မတရားတဲ့ အမှုကြီးဗျ၊ ညီနောင်ချင်းတောင်မှ ရက်ရက်စက်စက် ကြက်ကလေး ငှက်ကလေးလို သတ်တာဗျ ရည်ရွယ်ချက်ရှိရှိကို သတ်တာဗျဟု ပြောသည်။

ယခု ဝင်ရောက်ပစ်ခတ်ခံရသည့် PDF ရဲဘော် (၁၄) ဦးထဲက () ဦးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က People Security Defemse Army – Northern Shan State အဖွဲ့က ဟီးရိုး၊ စိန်းကြီး၊ သူရ တို့ ၃ ဦးကို တပ်ရင်းမှ နုတ်ထွက် (ထွက်ပြေး) သွားကြောင်းနှင့် တရားဝင်ထုတ်ပယ်ထားသူများဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

People Security Defemse Army – Northern Shan State အဖွဲ့၏ ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရပြီး လွတ်မြောက်လာသည့် ဒဏ်ရာရရဲဘော် () ဦးသည် ထုတ်ပယ်ခံရသူများဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ဒဏ်ရာရ ရဲဘော် ၂ ဦးနှင့်အခြား ရဲဘော် ၁ ဦးတို့သည် လက်နက်ကိုင်အဖွဲ့အစည်းတခု၏ လက်အောက်ခံအဖွဲ့ထံ ရောက်ရှိပြီး လုံခြုံရေး စိတ်ချရသွားပြီဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor