Tag: ခင်ရွှေ
-

အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ
ဇေကမ္ဘာခင်ရွှေထံမှလာဘ်စားပြီး အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရRNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။ဇေကမ္ဘာခင်ရွှေထံမှ ငွေသိန်း (၇၀) လာဘ်စားပြီး မကြာသေးမီက ထောင်ကလွတ်မြောက်သွားသည့် အဆိုတော်တဦးနှင့် တညတာ သိန်း (၈၀) ပေးပြီး အတူနေခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အသက် (၄၀) ကျော် အကြီးတန်းအရာရှိတဦး ထောင်တွင်းစစ်ဆေးမှု ပြုလုပ်ခံနေရကြောင်း သိရသည်။အင်းစိန်အကျဉ်းထောင်တွင်း ဇေကမ္ဘာခင်ရွှေထောင်ဝင်စာနှင့် ထောင်ကမလွတ်ခင် အဆိုတော်အမျိုးသမီးတဦးတို့၏ ထောင်ဝင်စာပါဆယ်များသည် စစ်ဆေးခံနေရသည့် အရာရှိနေအိမ်မှတဆင့် ထောင်တွင်းစစ်ဆေးခြင်းမရှိ သယ်ပို့ခဲ့ကြောင်း၊ ဇေကမ္ဘာခင်ရွှေထံမှ သိန်း (၇၀) လာဘ်စားခဲ့ပြီး ရရှိသည့်ငွေနှင့်အတူ အဆိုတော်အမျိုးသမီးကို သိန်း (၈၀) ပေးကာ ထောင်ကလွတ်သည့်ညတွင် အတူနေခဲ့ကြကြောင်း အကျဉ်းဦးစီးဌာန အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။“ထောင်တွင်းစစ်ဆေးခံနေရတာပေါ့ အတိုင်ခံရတာက အရာရှိ အကြီးပိုင်းကပဲ၊ တိုင်တဲ့သူက လုံခြုံရေးအရာရှိဗျ ထိန်လင်းဦးလေ ဗိုလ်ထိန်ဆို အကုန်သိတယ် သူက ခြေတဖတ်ပြတ် စစ်တပ်ကလာတာ၊ အခု DE စစ်တာပေါ့ ထောင်တွင်း စစ်ဆေးမှုပေါ့၊ စစ်နေတာက ဒုတိယညွန်ကြားရေးမှူးချုပ်ကိုယ်တိုင် စစ်နေတာပါ။ အခုတိုင်တဲ့သူက တပ်ကလာတယ် အတိုင်ခံရတဲ့ အရာရှိက အရပ်ဖက်ပေါ့ အဲတော့ အားပြိုင်နေကြတာလည်းပါတယ်၊ အကုန်လုံးကတော့ အတူတူနဲ့အနူနူပါပဲ ဘိန်းစားချင်းအတူတူ တမူးပိုရှုချင်တာ၊ မတည့်ရင် ဦးတဲ့သူက ဆော်နေကြတာ၊ အခုက အဆိုတော်နဲ့အိပ်လိုက်တာကော ခင်ရွှေဆီက ငွေယူတာကော ရောသွားတာ ” ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။အင်းစိန်အကျဉ်းထောင်တွင် တာဝန်ကျနေသည့် ဝန်ထမ်းအများစုသည့် လာဘ်စားမှုများရှိနေပြီး ရာထူးကြီးသူက ပိုလာဘ်စားကြကြောင်း၊ သာမန်အကျဉ်းသားများသည် လာဘ်ပေးပြီး တန်းစီးချုပ်၊ အခန်းလူကြီး၊ စာရေး၊ စည်းကမ်းထိန်းစသည့် အခွင့်အရေးရသည့်နေရာများကိုယူပြီး ရောက်ရှိလာသည့် အကျဉ်းသားများထံမှ အိမ်ယာနေရာကောင်းရရှိရေး၊ ရဲဘက်မထွက်ရရေး၊ ထောင်တွင်းအလုပ်မလုပ်ရရေး (သက်သာသည့်အလုပ် ရရှိရေး) စသည့် နေရာများစွာမှ ဝန်ထမ်းများအတွက် ငွေရှာပေးရကြောင်း၊ ညွန်ချုပ်၊ ထောင်ပိုင်၊ ထောင်ပိုင်လေး၊ အဆောင်မှူး စသည့် အကျဉ်းဦးစီးဝန်ထမ်းများကလည်း ပတ်သက်နေသည့် အကျဉ်းသားများထံမှ ထောင်တွင်းနေထိုင် စားသောက်ရေး အဆင်ပြေစေရန် နည်းမျိုးစုံဖြင့် လာဘ်စားကြကြောင်း သိရသည်။Red News Agency -

ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်ပြီး လာဖမ်း၍မရဟုဇေကမ္ဘာ ဦးခင်ရွှေပြော
မျိုးချစ်စိတ်ရှိမှသာ လုပ်ဆောင်နိုင်တာဖြစ်ပြီး ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်ပြီး လာဖမ်း၍မရဟု ဇေကမ္ဘာ ဦးခင်ရွှေပြော
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက်။
ရှေးဟောင်းပစ္စည်း စုဆောင်းမှုများနှင့် ပတ်သက်ပြီး မျိုးချစ်စိတ်ရှိမှသာ လုပ်ဆောင်နိုင်တာ ဖြစ်ပြီး ရှေးဟောင်းပစ္စည်းစုဆောင်းမှုများနှင့် ပတ်သက်ပြီး Register လုပ်ထားသည့်အတွက် လာဖမ်း၍မရဟု ဦးခင်ရွှေ (ဇေကမ္ဘာ) က ပြောသည်။ “ကျွန်တော်အားလုံး Register လုပ်တယ် ကျွန်တော်လာဖမ်းလို့ မရဘူး၊ ဘာလို့ အားလုံး Register လုပ်လဲဆိုတော့ အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကနေပြီးတော့ ဦးအောင်ကိုခေါ်ပြီး လွှတ်လိုက်တယ် ” ဟု ဦးခင်ရွှေက မြို့တော်ဝန်ဦးမောင်မောင်စိုးအား ရှင်းပြသည်။
စက်တင်ဘာ ၁၄ ရက်နေ့ကအများပြည်သူ အသုံးပြုနေသည့် ဇေကမ္ဘာဝန်းအဝင်အထွက်တံခါးများ ပိတ်ထားသည့်အတွက် မြို့တော်ဝန် ဦးမောင်မောင်စိုးသွားရောက်တွေ့ဆုံ ဆွေးနွေးအပြီး၊ ရှေးဟောင်းပစ္စည်းများ လိုက်လံ ပြသစဉ် ပြတိုက်ကိစ္စနှင့်ပတ်သက်ပြီး ဦးမောင်မောင်စိုးကို ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဇေကမ္ဘာ ဦးခင်ရွှေပိုင်ဆိုင်သည့် ရှေးဟောင်းပစ္စည်းများကို စုစည်းပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး ရှေးဟောင်းပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဥယျာဉ်အတွင်း တည်ဆောက်နေပြီး NLD အစိုးရလက်ထက်တွင် ဖွင့်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ရှေးဟောင်းပစ္စည်း အမျိုးပေါင်း ငါးသိန်း ရှိကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=-niY79YSaUU[/embedyt]Red News Agency
-

ကုသိုလ်ကြောင့်ချမ်းသာခဲ့ပြီး တက်လာတဲ့ အစိုးရတိုင်းနဲ့ ရန်ဖြစ်နေဟု ဇေကမ္ဘာ ဦးခင်ရွှေပြောကြား
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက်။
“သိန်းငါးဆယ်နဲ့ရောင်းတုန်းကမဝယ်ဘဲ သိန်းငါးထောင်ရမှ ဝယ်ခဲ့ကြတယ် အဲဒါ ကျွန်တော် ကုသိုလ်လေ၊ ဘယ်အစိုးရမှ မပေါင်းဘူး တက်လာခဲ့အစိုးရနဲ့ ရန်ဖြစ်တယ် ဒါဘဲ။ ဘယ်အစိုးရနဲ့မှ မတည့်ဘူး ” ဟု ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ဇေကမ္ဘဝန်းအတွင်းမှ အများသူငါ သွာလာနေသည့် လမ်းပိတ်ဆို့ထားမှုနှင့်ပတ်သတ်ပြီး မြို့တောင်ဝန်ဦးမောင်မောင်စိုးနှင့် အဖွဲ့သွားရောက်ဆွေးနွေးအပြီး ပြတိုက်ဆောက်ရန် သိမ်းဆည်းထားသည့် ရှေးဟောင်းပစ္စည်းများ လိုက်လံပြသစဉ် ကြည့်ရှုသူများထဲက တဦးမှ ဦးခင်ရွှေဘယ်လောက်ချမ်းသာသလဲဟု မေးမြန်းစဉ် ဖြေကြားလိုက်ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=MIlYx1HJ6tw[/embedyt]Red News Agency