Category: သတင်း
-

တိုက်ပွဲတစ်ပွဲအောင်နိုင်ရန်အတွက် ဆေးတပ်သားက ဘယ်လောက်အရေးကြီးလဲ
RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။မကွေးတိုင်းအတွင်း တစ်ခုတည်းသော ဆေးတပ်ရင်းအဖြစ်ရှိနေသော ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ – NUG အနေဖြင့် ဘာတွေလုပ်နေလဲ၊ တိုက်ပွဲတစ်ပွဲ အောင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ၊ လက်နက်ကိုင်တိုက်ပွဲများအတွင်း ဆေးတပ်သားများအနေဖြင့် ဘယ်လောက်အရေးကြီးသည့် အခန်းကဏ္ဍမှာရှိသလဲ ဆိုသည့်မေးခွန်းများကို တာဝန်ခံ ရဲဘော်မင်းခေါင်က ဖြေကြားထားသည်။Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1#RedNewsAgency #REDNEWS #REDNEWS #AhNyar -

မဟာဗျူဟာအရ အရေးပါသော ကန့်ဒေါင့်ရဲစခန်းမကျရေး စစ်ကောင်စီကြိုးပန်းခဲ့သော်လည်း မအောင်မြင်
RNA_ဇွန်(၂၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာရှိ စစ်ကောင်စီ၏ မဟာဗျူဟာအရ အချက်အချာကျပြီး အရေးပါသော ရဲစခန်းမကျရေးအတွက် လေကြောင်းပစ်ကူများ၊ မြေပြင်စစ်ကြောင်းများဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဦးဆောင်ပြီး မဟာမိတ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ) လမ်းပိုင်းပေါ်တွင်တည်ရှိပြီး၊ အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာဖြစ်ကြောင်း၊ ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာတွင် ကပစ ၂၃ တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် ကပစ ၂၄ တည်ရှိကြောင်း၊ ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာများ၊ မိုင်းကွင်းများ၊ ကတုပ်ကျင်းများဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသော တပ်စခန်းတခုဖြစ်သည်ဟု PLA ကထုတ်ပြန်ထားသည်။
-
သေနတ်လည်းကိုင် အပ်လည်းကိုင်နေရသည့် သူနာပြုတပ်
RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။“သေနတ်ကိုင်ဖို့လာတဲ့သူက အပ်ကိုင်ဖြစ်သွားတာပေါ့” ဟု ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ – NUG တာဝန်ခံ ရဲဘော်မင်းခေါင်က တပ်ဖွဲ့ပေါ်ပေါက်လာသည့် အခြေအနေ တစ်ချို့ကို ပြောပြထားသည်။#RedNewsAgency #RNA #RedNews -

ဗိုလ်ချုပ်ကြီးစောဘိုမြ ဇနီး ပဒိုနော်လားဖိုး ဈာပန
RNA_ဇွန်(၁၈)၊၂၀၂၅ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး (အသက် ၈၆ နှစ်)သည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံး၌ ကွယ်လွန်သွားသည့်အတွက် ဇွန်လ ၁၇ ရက်တွင် မဲ့ကဆာ ခရစ်ယာန်သင်္ချိုင်းတွင် ဈာပနအခမ်းအနား ကျင်းပခဲ့သည့် မြင်ကွင်းရုပ်သံ ဖြစ်သည်။
ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) စတင်တည်ထောင်ချိန်တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဥက္ကဋ္ဌရာထူးကို (၆) ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့ကြောင်း၊ KWOဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေစဥ် KNU အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီဝင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ကရင့်တော်လှန်ရေး၌ ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် ကျရာတာဝန်များကို ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
-

အညာကရဲဘော်များ သတ္တိကောင်းကြောင်း ဗိုလ်မှူးကျော်ဟိန်းပြော
RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။
အညာဒေသအတွင်း စစ်ရေးသတင်းများနှင့်ပတ်သက်ပြီး သတိထားရမည့်အချက်များအပါအဝင် အညာဒေသအခြေအနေများနှင့် အညာဒေသတော်လှန်ရေးရဲဘော်များ သတ္တိကောင်းကြောင်းစသည်တို့ကို ကရင်ပြည်နယ်တိုက်ပွဲများတွင် အင်တိုက်အားတိုက် ပါဝင်နေသော ကျားဖြူစစ်ကြောင်းမှ ဗိုလ်မှူးကျော်ဟိန်းကပြောပြထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA
-

မိုးဗြဲတိုက်ပွဲတွင် လွိုင်ကော် PDF တပ်ရင်းမှ တပ်စုမှူး ရဲဘော်ကျော်ထက် ကျဆုံး
RNA_ဇွန်(၁၇)၊၂၀၂၅ခုနှစ်။ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF Alpha -2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ရဲဘော်ကျော်ထက်(ခ) ထက်ကြီးသည် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ကြောင်း သိရသည်။ -

PLA အနောက်မြောက်စစ်ဒေသ ကြီးကြပ်ရေးကော်မတီဝင် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ ကျဆုံး
RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) အနောက်မြောက်စစ်ဒေသ၊ ကြီးကြပ်ရေးကော်မတီဝင် စစ်သင်တန်းကျောင်းအုပ် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ (ခ) ကိုမိုးသည် ယနေ့ (ဇွန်လ ၆ ရက်) နံနက် ၆ နာရီ (၃၀) မိနစ်ခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးသွားသည်ဟု PLA အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ ကအသိပေးထားသည်။ -

လေယာဉ်မှူးသေဆုံးသည်ကို အတည်ပြုထားသည့်အပြင် လေယာဉ် အပျက်အစီးမှက်တမ်းကို PLA ထပ်မံထုတ်ပြန်
RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ယမန်နေ့က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူးသေဆုံးသည့်အပြင် လေယာဉ်ပျက်ကျသည့် နေရာအနီး နေအိမ်တစ်လုံးအတွင်းမှ ရုပ်အလောင်း (၃) လောင်းနှင့် ခြံဝန်းအတွင်း ရုပ်အလောင်း (၁) လောင်းတွေ့ရှိရသည်ဟု PLA က ထပ်မံအတည်ပြုထားသည်။
-

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရာဇာနှင့် ရဲဘော်သီဟလေးတို့ ကျဆုံး
RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။
တော်လှန်ရေးတာဝန်များကို ထမ်းဆောင်စဉ် ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရာဇာနှင့် ရဲဘော်သီဟလေးတို့သည် မြင့်မြတ်စွာကျဆုံးသွားသည့်အတွက် ဇွန်လ (၉) ရက်နေ့က အမိန့်ပြန်တမ်းဖတ်ကြားခြင်းနှင့် သင်္ဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
-

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ပျက်ကျ
RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကျေးနင်းကြီးရွာကို စစ်ကောင်စီတပ်ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ပြီး ပြန်အထွက် ယနေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ချင်းတွင်းမြစ်အရှေ့တောင်ဘက်ရှိ စပါးစေ့ကျေးရွာတောင်ဘက်တွင် ပျက်ကျသွားသည်ဟု သိရသည်။
“သူတို့လာပစ်တာက ကျေးနင်းကြီးရွာကို လာပစ်တာ ကျွန်တော်တို့တောင် လှမ်းမြင်ရတယ်။ ပစ်ပြီး ပြန်အထွက်မှာ စပါးစေ့ရွာတောင်ဘက်မှာ ကျတယ်လို့ သိရတယ်။ သွားကြည့်ဖို့တော့ မလွယ်ဘူး လမ်းတွေပိတ်ထားတယ်” ဟု ပုလဲဒေသခံတစ်ဦးက Red News Agency ကိုပြောသည်။