31
Oct
RNA_အောက်တိုဘာ(၃၁)၊၂၀၂၆ခုနှစ်။ မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးစောင့်ကြည့်အဖွဲ့ (FATF) ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားနိုင်ရန် ဂျပန်အစိုးရက တွန်းအားပေးကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်ရန်နှင့် စီးပွားရေး နာလန်ပြန်ထူနိုင်စေရန်အတွက် ဂျပန်အစိုးရက ကြိုးပမ်းခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကတည်းက (၄) နှစ်ကျော်ကြာမြင့်လာချိန်အထိ ငွေကြေးခဝါချမှု အမည်ပျက်စာရင်း ထည့်သွင်းခံထားရခြင်း ဖြစ်သည်။ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှင့် ငွေကြေးခဝါချမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေချိန် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအား FATF မှ အထူးစိစစ်စောင့်ကြည့်မည့် အခြေအနေများကိုလည်း လျှော့ချစေလိုကြောင်း ဂျပန်အစိုးရက တိုက်တွန်းတောင်းဆိုထားသည်။ FATF ၏ အမည်ပျက်စာရင်းသွင်းခံထားရသည့် မြန်မာနိုင်ငံသည် တရားမဝင်ငွေကြေးလွှဲပြောင်းမှုများ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိသာထင်ရှားသည့်…