03
Jan
RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်အာဏာရှင်က မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန် ထပ်မံတောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က ယနေ့ ပေးပို့သော ၇၄ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။ " စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာ ဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင် စု၏ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်" ဟူ၍ အမေရိကန်…