11
Nov
RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ပင်လုံမြို့တို့အပါအဝင် နေရာအနှံ့ ရက်ဆက်မိုးရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ် (၂) နာရီခန့်က ပင်လုံမြို့ နန်ဆီဟော်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ပင်လုံ-လဲချားလမ်းမကြီး လမ်းပိုင်းနေရာအချို့၌ ရေလွှမ်းမိုးမှုများရှိခဲ့ကြောင်း၊ ဒေသခံပြည်သူများ လမ်းခရီး သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဆိုသည်။ (more…)