Author: RNA Editor

  • ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ

    ရေလယ်ကျွန်းဒေသရှိ MBT ဌာနချုပ်စခန်း စွန့်ခွါလိုက်ရ

    RNA_မတ်(၆)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး (၈) ရက်အကြာစစ်ရေးတင်မာမှုအပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း – Myingyan Black Tiger (MBT) ဌာနချုပ်စခန်း စွန့်ခွါလိုက်ရပြီဖြစ်ကြောင်း သိရသည်။

    “မတ်လ ၅ရက်နေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကာ ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ မိမိတပ်အနေဖြင့် ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ၏ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုတို့ကြောင့် မိမိတို့ ဌာနချုပ်တပ်စခန်းအား ရန်သူ့ထံဆုံးရှုံးခဲ့ရသော်လည်း ၎င်းတိုက်ပွဲတွင် ရန်သူ (၁၀)ဦးထက်မနည်း သုတ်သင်ရှင်းနိုင်ခဲ့ပြီး ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့သည့်အတွက် မိမိတို့တပ်အနေဖြင့် ကျေနပ်မိသည်” ဟု Myingyan Black Tiger က ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • ကိုဘုန်းကြွယ်လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ပြန်ပို့လိုသော်လည်း လက်ခံသူမရှိသေး

    ကိုဘုန်းကြွယ်လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ပြန်ပို့လိုသော်လည်း လက်ခံသူမရှိသေး

    RNA_မတ်(၅)၊၂၀၂၅ခုနှစ်။

    ကိုဘုန်းကြွယ် လူညာကြီးလို အထင်မခံနိုင်သည့်အတွက် ကျားဖြန့်အတွင်း လူကုန်ကူးခံရသူ (၄၀၀) ကျော်ကို ပြန်ပို့မည်ဆိုသော်လည်း လက်ခံမည့်သူ မရှိသေးသည့်အတွက် အခက်အခဲများ ဖြစ်နေသည်ဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ပြောကြားထားသည်။

    #RedNewsAgency #REDNEWS #RNA #DKBA

  • မြဝတီမြို့တွင် ပိတ်မိသော အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦးထပ်မံတွေ့ရှိ

    မြဝတီမြို့တွင် ပိတ်မိသော အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦးထပ်မံတွေ့ရှိ

    RNA_မတ်(၄)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ဟု သတင်းရရှိသည့်အတွက် BGF တပ်ဖွဲ့မှ မတ်လ (၃) ရက်နေ့ညပိုင်းက သွားရောက်စစ်ဆေးရာတွင် အင်ဒိုနီးရှားနိုင်ငံသား (၅၈) ဦး ထပ်မံတွေ့ရှိရသည်ဟု သိရသည်။

    #RedNewsAgency #REDNEWS #RNA #BGF

  • ပစ်ခတ်ခံရသည့်အတွက် (၇) ဦးကျဆုံးခဲ့သော မြောက်ဥက္ကလာ

    ပစ်ခတ်ခံရသည့်အတွက် (၇) ဦးကျဆုံးခဲ့သော မြောက်ဥက္ကလာ

    RNA_မတ်(၄)၊၂၀၂၅ခုနှစ်။

    ငြိမ်းချမ်းစွာဆန္ဒပြနေသူများအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့်အတွက် ၂၀၂၁ ခုနှစ် မတ်လ (၃) ရက်နေ့က ပြည်သူ (၇) ဦး ကျဆုံးခဲ့ရသည့် (၄) နှစ်ပြည့်အတွက် ဝမ်းနည်းစွာ ပြန်လည်တင်ပြအပ်ပါသည်။

    #RedNewsAgency #RNA #RedNews

  • Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    RNA_မတ်(၃)၊၂၀၂၅ခုနှစ်။

    အညာဒေသက တိုက်ပွဲဝင်ရဲဘော်များအတွက် အသက်အန္တရာယ်ကာကွယ်ရေး လုပ်ဆောင်နေသော သတင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၂) ဦးသေဆုံးခဲ့သော သတင်း၊ ကျားဖြန့်အတွင်း လူကုန်ကူးခံရသူတွေ ပြန်ခေါ်ရန် BGF ထုတ်ပြန်သည့်သတင်းနှင့် မြောက်ဥက္ကလာမှာ ပြည်သူ (၇) ဦးကျဆုံးသည့် (၄) နှစ်ပြည့် သတင်းတွေကို တင်ဆက်ထားခြင်းဖြစ်သည်။

    #RedNewsAgency #RedNews #RNA

  • Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    RNA_မတ်(၁)၊၂၀၂၅ခုနှစ်။

    လေကြောင်းတိုက်ခိုက်မှုကြားက စစ်ကောင်စီတပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့သည့်သတင်း၊ KIA ရဲဘော်များနှင့် TNLA ရဲဘော်များ၏ မြေပြင် ပွက်တိုက်မှု ပဋိပက္ခအခြေများကို မကြီးထွားအောင် လုပ်ဆောင်ရမည်ဆိုသည့်သတင်း၊ လိုင်းဘွဲ့မြို့နယ်က စစ်ဘေးရှောင်များကို ထိုင်းအစိုးရ အကူအညီပေးနေတဲ့ သတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=I1Jxp3ZObH4[/embedyt]

    #rednewsagency #rednews #rna #myanmar #news #burma

  • ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

    ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တစ်ကျော့ပြန် လုပ်ဆောင်လာနိုင်

    RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။
     
    တော်လှန်ရေးအတွင်း အရပ်သားအစိုးရပေါ်ပေါက်ရေး လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ၂၀၀၈ အောက်ပြန်ရောက်ရေး တကျော့ပြန်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ( ASECC ) တာဝန်ရှိသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပြထားသည်။
    [embedyt] https://www.youtube.com/watch?v=3HiRabFEO7w[/embedyt]
     
    #RedNewsAgency #REDNEWS #RNA
  • စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

    စစ်တပ်အပြုတ်တိုက်ရေးမလွယ်ကူပေမဲ့ စစ်တပ် နိုင်ငံရေးက ထွက်သွားဖို့လို

    RNA_ဖေဖော်ဝါရီ(၂၈)၊၂၀၂၅ခုနှစ်။
    စစ်ကတပ်ကို အဖြုတ်တိုက်ရေးဟာ ပြောသလောက် မလွယ်ကူတဲ့ကိစ္စ ဖြစ်ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဘယ်တော့မှလက်မလွှတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတော့ စစ်တပ်က ဘာတွေ လိုက်နာဖို့ လိုအပ်သည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
  • Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးကို BGF သတိပေးထားသောသတင်း၊ ချင်းကောင်စီ (၂) ခုပူးပေါင်းလိုက်သောသတင်း၊ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲသတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။

    #rednewsagency #rednews #rna

  • ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

    ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲ

    RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ စစ်တပ် လက်အောက်ခံ ရဲအင်အား ၁၇ ဦး ထိန်းချုပ်ထားတဲ့ MRTV အသံ လွှင့် တာဝါတိုင်ကုန်း – ဗောဓိတစ်ထောင် – စခန်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=RpjmcBaFpDY[/embedyt]