Author: RNA Editor

  • စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော်မှ သတ်ဖြတ်

    စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော်မှ သတ်ဖြတ်

    RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။

    နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကိုအား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားမှ လာရောက်ခေါ်ပြီးနောက် သတ်ဖြတ်ခံလိုက်ရသည်ဟု Nay Pyi Taw PDF ကယနေ့ ထုတ်ပြန်လိုက်သည်။

    ရဲဘော်ကိုစိုင်း၏ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ ( ၃ )ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်၊ အမိန့်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်၊ တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာနက တောင်းဆိုထားသည်။

    (more…)

  • အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲဖြစ်လိမ့်မည်ဟု ဦးရည်မွန်ပြော

    အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲဖြစ်လိမ့်မည်ဟု ဦးရည်မွန်ပြော

    RNA_မတ်(၁၃)၊၂၀၂၅ခုနှစ်။

    PDF ပကဖနှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနှင့် အထွေထွေထိုးစစ်ကြီး တစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲကြဖို့ ဖြစ်လိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။

    တော်လှန်ရေး အစောပိုင်းကာလများတွင် တပ်တည်ဆောက်ရင်း တစ်နိုင်ငံလုးအတိုင်းအတာဖြင့် စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးစားခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် လူထုအင်အားစုစည်း၊ မဟာဗျူဟာထိုင်းစစ်ဆင်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများဆင်နွှဲကာ အတွေ့အကြုံများ ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် အထွေထွေ ထိုးစစ်ကြီး ဆင်နွှဲ့ကြရန်ဖြစ်ပြီး ယင်းထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆက်သတ်ပေးလိ့မ်ဟု ယုံကြည်သည်ဟု အမှတ် (၁) စစ်ဒေသတွင် ပြုလုပ်သော တပ်မှူးသင်တန်းဆင်းပွဲတွင် ပေးပို့သော သဝဏ်လွှာတွင် ဦးရည်မွန်က ထည့်သွင်းပြောကြားထားသည်။

    (more…)

  • 96 Soldiers PDF – အညာတပ်ခွဲမှ တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာကျဆုံး

    96 Soldiers PDF – အညာတပ်ခွဲမှ တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာကျဆုံး

    RNA_မတ်(၁၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်းအခြေစိုက်၊ 96 Soldiers PDF – အညာတပ်ခွဲ၌ တာဝန်ထန်းဆောင်ခဲ့သော တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် (ခ) တစ်ဆယ်သည် ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

    “ရဲဘော်ဝေဖြိုးအောင် (ခေါ်) တစ်ဆယ်သည် နွေဦးတော်လှန်ရေးကာလအတွင် ကျွန်တော်တို့ 96 Soldiers – PDF (အညာဒေသ) တပ်ခွဲ၌ ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ပါသည်။ ရဲဘော်တစ်ဆယ် အနေဖြင့် စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလက်တွင် မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကိုပေးလှူခဲ့ပါသည်” ဟု 96 Soldiers PDF – အညာတပ်ခွဲကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ရန်ကုန်မြို့က ပြည့်တန်ဆာ ကျားဖြန့်ဂိုဏ်းချုပ်ကြီး (သို့မဟုတ်) ဘဝပေါင်းများစွာအပေါ် ကုပ်သွေးစုပ်အမြတ်ထုတ်နေတဲ့ တပ်ထွက်ဗိုလ်ပြုတ်ကြီး

    ရန်ကုန်မြို့က ပြည့်တန်ဆာ ကျားဖြန့်ဂိုဏ်းချုပ်ကြီး (သို့မဟုတ်) ဘဝပေါင်းများစွာအပေါ် ကုပ်သွေးစုပ်အမြတ်ထုတ်နေတဲ့ တပ်ထွက်ဗိုလ်ပြုတ်ကြီး

    “ဗိုလ်ပြုတ်ပြည့်တန်ဆာခေါင်းက မယားနှစ်ယောက်ယူထားရုံနဲ့ အားမရသေးဘူး။ ရောက်လာသမျှ မိန်းကလေး နုနုထွတ်ထွတ်လေးတွေကို ပန်းဦးဆွတ်ပါတယ်။ သူ့ဖာခန်းတွေမှာ ထောင်ထွက်လိုလို လူမိုက်လိုလိုကောင်တွေကို ဧည့်ခေါ်၊ မိန်းမထိန်း ခန့်ထားပါတယ်”

    (မှတ်ချက် – ငရဲခန်းမှ လွတ်မြောက်လာသူ မိန်းကလေးတစ်ဦး၏ ဖွင့်ဟဝန်ခံချက်အပေါ်အခြေခံပြီး စုံစမ်းရေးသားသည်။)

    —-Red News Agency —–

    ၁၉၉၀ ပြည့်နှစ်ကာလများတုန်းက ကိုတင်နွယ်လို့သိကြတဲ့ နာမည်ကျော် ပြည့်တန်ဆာခေါင်းတစ်ယောက် ရန်ကုန်မြို့မှာရှိခဲ့ပါတယ်။ ကိုတင်နွယ် နာမည်ကြီးရတဲ့အကြောင်းရင်းက နံပါတ်တစ် သူ့ဖာခန်း ဧည့်ကြိုနံရံမှာချိတ်ဆွဲထားတဲ့ ဓာတ်ပုံတစ်ပုံရယ်၊ နံပါတ်နှစ်ကတော့ ထိပ်ထိပ်ကြဲ လူကုံထံရပ်ကွက်မှာ အခန်းဖွင့်နိုင်ခြင်းဆိုတဲ့ အချက်နှစ်ချက်ကြောင့် ဖြစ်ပါတယ်။ န.ဝ.တ လက်ထက် တီဗီမှာ အစီအစဉ်တစ်ခုအနေနဲ့ နေ့စဉ်နဲ့အမျှ ထုတ်လွှင့်ခဲ့တဲ့ “အလှူဒါနပြုကြသူငှာ”မှာ ကိုတင်နွယ်က လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

    ထုံးစံအတိုင်း နဝတ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွန့်ထံမှ ဂုဏ်ပြုလက်မှတ်ယူ၊ လက်ဆွဲနှုတ်ဆက်၊ မှတ်တမ်းဓာတ်ပုံရိုက်သည်ပေါ့။ အဲဒီဓာတ်ပုံကို ကိုတင်နွယ်က ရွှေတောင်ကြားမှာဖွင့်တဲ့ သူ့ဖာခန်းနံရံမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ချိတ်ဆွဲထားခဲ့တာပါ။ သူ့ဆီဝင်ထွက်နေသူတွေပါးစပ်ဖျားမှာ ဒီဓာတ်ပုံအကြောင်း၊ ကိုတင်နွယ် ဘယ်လောက်ပိုင်ကြောင်းတွေ တဖွဖွပြောဆိုကြတော့ တဆင့်စကား တဆင့်နား သတင်းကြီးနေခဲ့တာပေါ့။ နောက်ဆုံးတော့ ကိုတင်နွယ်လည်း အဲဒီဓာတ်ပုံကြောင့်ပဲ ဖမ်းဆီးအရေးယူခံရပြီး သူ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလည်း တခန်းရပ်သွားခဲ့ပါတယ်။ ဒါကတော့ ၉၀ ပြည့်နှစ်များ နှောင်းပိုင်းကာလက ဖြစ်ရပ်တခုပါ။

    အဲဒီကနေ နှစ်ပေါင်းအစိတ်လောက်ကြာလာပြီးတဲ့နောက် မဟာရန်ကုန်မြို့မှာ ကိုတင်နွယ်ထက် လက်စောင်းထက်တဲ့ ပြည့်တန်ဆာခေါင်း လူကုန်ကူးကျားဖြန့်ဂိုဏ်းချုပ်တစ်ယောက် ထပ်မံပေါ်ထွက်လာပါတယ်။ ခေတ်ပျက်ကြီးထဲမှာ တောကြောင်တွေ လက်ခမောင်းခတ်ကြတာ မဆန်းပေမယ့် ဒီ တပ်ထွက်ဗိုလ်ပြုတ်ရဲ့ လုပ်ရပ်ကတော့ ဖာခေါင်းလောကမှာ အောချရလောက်ပါပေတယ်။ ဘဝပေါင်းများစွာကို ချနင်းပြီး ကုတ်သွေးစုပ်အမြတ်ထုတ်နေချက်က ရက်စက်မှုအပေါင်း သရဖူဆောင်းပါတယ်။

    (more…)

  • M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

    M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

    RNA_မတ်(၁၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်းအခြေစိုက်၊ M7 People’s Defense Force တွင် ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

    M7 People’s Defense Force တွင် မင်းသွေးသစ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ယင်းမာပင်ခရိုင် တပ်ရင်း ၃၈ အဖြစ် တရားဝင် မဖြစ်သေးကြောင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ (YOMA YAR ZAR)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၀) ရက်နေ့က ဖမ်းဆီးခဲ့သည့်အတွက် (၄) ပြည့်ပြီဟု မင်းသွေးသစ်နှင့် နီးစပ်သူ တစ်ဦးက ပြောပြထားသည်။

    (more…)

  • ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသရ နှင့် ကပ္ပိယဖြစ်သူ အိုက်ဘီးတို့ကို ပစ်ခတ်ခဲ့ဟု ပျားစစ်ကြောင်းဝန်ခံ

    ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသရ နှင့် ကပ္ပိယဖြစ်သူ အိုက်ဘီးတို့ကို ပစ်ခတ်ခဲ့ဟု ပျားစစ်ကြောင်းဝန်ခံ

    RNA_မတ်(၉)၊၂၀၂၅ခုနှစ်။

    ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုန်တိုင်းကျေးရွာတွင် စစ်ဘေးရှာင် သီတင်းသုံးနေသော “ဖယ်ခုံမြို့၊ ရှမ်းကျောင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသရ နှင့် ကပ္ပိယဖြစ်သူ အိုက်ဘီးတို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပျားစစ်ကြောင်းက ဝန်ခံလိုက်သည်။

    ၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက် ညနေတွင် အရှင်ဓမ္မသရ နှင့် အိုက်ဘီးတို့ပစ်ခတ်ခံခဲ့ရ၍ သေဆုံးသွားခဲ့ကြောင်း၊ ပျံလွန်တော်မူသွားသော အရှင်ဓမ္မသရနှင့် အိုက်ဘီးတို့သည် စစ်ကောင်စီသတင်းပေးများဖြစ်သော်လည်း ရုန့်ရင်းဆန်ခတ်ဖြစ်မှုအတွင်း ပျားစစ်ကြောင်းမှ ရဲဘော်ဘလက်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံထားသည်။

    (more…)

  • ကျားဖြန့်နှိမ်နင်းရေး အရှိန်လျော့လုပ်ဆောင်တော့မည်

    ကျားဖြန့်နှိမ်နင်းရေး အရှိန်လျော့လုပ်ဆောင်တော့မည်

    RNA_မတ်(၉)၊၂၀၂၅ခုနှစ်။
     
    မြဝတီဒေသအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များအတွင်း လူကုန်ကူးခံထားရသူများ (နေရပ်ပြန်လိုသော နိုင်ငံခြားသား) နှင့်ပတ်သက်ပြီး အရှိန်လျော့လုပ်ဆောင်သွားတော့မည်ဟု ကရင်နည်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကပြောကြားထားသည်။

    (more…)

  • အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်သူများကို လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်တိုက်တွန်း

    အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်သူများကို လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန်တိုက်တွန်း

    RNA_မတ်(၈)၊၂၀၂၅ခုနှစ်။

    ပြည်သူများအနေဖြင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်း ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက် တရားမျှတမှု ရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါဝင်ကြရန် အမျိုးသမီးအဖွဲ့အစည်း (၂၅) ဖွဲ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်ထားသည်။

    ပဋိပက္ခအတွင်း အမျိုးသမီးများပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ အမျိုးသမီးများအပေး နည်းမျိုးစုံနှင့် အကြမ်းဖက်ခြင်း (ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေသော ရိုးရာဓလေ့ထုံးစံများနှင့် နည်းပညာအရေအကြမ်းဖက်ဖြင်း) တို့သည် မည်သို့မျှ သိခံခွင့်လွှတ်၍ မရသည့် လူသားအချင်းချင်းအပေး တန်ဖိုးမထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါပဲ ရရှိလမ့်မည်မဟုတ်

    အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါပဲ ရရှိလမ့်မည်မဟုတ်

    RNA_မတ်(၈)၊၂၀၂၅ခုနှစ်။

    အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတွင် ဂျဲန်ဒါတန်းတူရေးမပါဘဲ မည်သည့်အခါမှ ရရှိလိမ့်မည်မဟုတ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ယနေ့ (မတ်လ ၈ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သတင်းစကား ပါးထားသည်။

    KNDF ၏ ကဏ္ဍအသီးအသီးတွင် တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်များအား ဂျဲန်ဒါတန်းတူညီမျှရေးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ အသိုင်းကြောင်းကို ပြန်လှန်ကြည့်လျှင်လည်း အမျိုးသမီးများသည် သမိုင်းတလျှောက် အရေးပါသည့် တော်လှန်ရေးများတွင် တထောင့်တနေရာမှ ဦးဆောင်ပါဝင်ခဲ့ကြကြောင်း၊ ဖိုဝါဒဆန်ဆန်ဖိနှိပ်ထားသည့် လူ့အဖွဲ့အစည်းကြီးကို ခေတ်အဆက်ဆက်တွင် ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြသည့် အမျိုးသမီးတို့၏ တော်လှန်ရေးသည် ယနေ့အထိပင် ရဲဝံ့စွာ တည်ရှိနေဆဲဖြစ်သည်ဟု သတင်းစကားတွင် ထည့်သွင်းဖော်ပြထားသည်။

    (more…)

  • DKBA နယ်မြေအတွင်းက လူကုန်ကူးသည့် ခေါင်းဆောင်များဘယ်ရောက်သွားလဲ

    DKBA နယ်မြေအတွင်းက လူကုန်ကူးသည့် ခေါင်းဆောင်များဘယ်ရောက်သွားလဲ

    RNA_မတ်(၆)၊၂၀၂၅ခုနှစ်။
     
    ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စိုးမိုးနယ်မြေအတွင်းမှာ လူကုန်ကူးခံရသူများကို ပြန်လွှဲပြောင်းပေးရန်ပြင်ဆင်နေသည့်အတွက် မီဒီယာများနှင့် တွေ့ဆုံစဉ် လူကုန်ကူးသည့် ခေါင်းဆောင် တရုတ်များ ဘယ်ရောက်သွားလဲဟုမေးရာတွင် တရုတ်များရှိသည်ဟု DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က ပြောသည်။
    [embedyt] https://www.youtube.com/watch?v=Qwz8G7i_XIM[/embedyt]
     
    #RedNewsAgency #REDNEWS #RNA