Author: Editor

  • မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

    မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

    “တော်လှန်ရေးရဲ့ အောင်မြင်မှုတွေဆိုတာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်က ရက်ရက် စက်စက်နှိမ်နှင်းပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကြည်းမှု၊ မတရားမှုကို တော်လှန်လိုစိတ်တွေကပေါက်ဖွားလာတဲ့ အောင်မြင်မှုတွေဖြစ်သလို ပြည်သူကို အထင်သေး ရိုင်းစိုင်းစွာနဲ့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျဆုံးမှုတွေလည်း ဖြစ်ပါတယ်”

    ချမ်းမင်း

    စစ်တပ်အာဏာသိမ်းမှု ၃ နှစ်နဲ့ ၁၈ ရက်ပြည့်မြောက်သွားတဲ့နေ့ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဖြစ်သလို နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံးကျဆုံးခဲ့တဲ့ နေပြည်တော်မှ မြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ထိမှန်သေဆုံးခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အငုံစိတ်များစွာဖြင့် လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျကာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့တာအားလုံးအသိပါ။

    ဒီမိုကရေစီဆိုတဲ့ အရသာကို ကောင်းကောင်းကြီးခံစားခဲ့ဖူးတဲ့ မြန်မာပြည်သူတွေအတွက်တော့ စစ်ခေါင်းဆောင်ရဲ့ အခုလို အာဏာသိမ်းမှုကြီးဟာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိတာကြောင့် လူထုတစ်ရပ်လုံးဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီမိုကရေစီကို ပြန်တောင်းယူခဲ့ပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးအနေနဲ့ နိုင်ငံတကာကလည်း အာရုံစိုက်လာနိုင်အောင်၊ အကြမ်းမဖက်ဘဲ လိုချင်တဲ့ဒီမိုကရေစီကိုလည်းပြန်လည်ရရှိအောင်အတွက် ဆန်းသစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဒီမိုကရေစီနဲ့ထိုက်တန်ကြောင်း ပြသခဲ့ကြပါတယ်။

    မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ တိုက်တန်ကြပါတယ်လို့ အားလုံးက လက်ခံထားသော်လည်း အစကတည်းက နိုင်ငံတော်အာဏာကို လိုချင်လို့ကို တမင်သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အကြမ်းဖက်ဖြိုခွင်းလာပြီး ကျည်စစ်ကျည်တွေအသုံးပြုပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ဖြိုခွင်းခဲ့ကြပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ ကျည်စစ်ကျည်မှန်အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မမြသွဲ့သွဲ့ခိုင်အနေနဲ့ နေပြည်တော်မှာကျဆုံးခဲ့ရပါတယ်။

    (more…)

  • အာဆီယံနိုင်ငံများအတွင်း “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” အတွက် မင်းအောင်လှိုင်စစ်တပ် ကြိုးပမ်းနေ

    အာဆီယံနိုင်ငံများအတွင်း “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” အတွက် မင်းအောင်လှိုင်စစ်တပ် ကြိုးပမ်းနေ

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၄ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံနိုင်ငံများအတွင်း ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောကြားထားသည်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၅၆၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPPက ထုတ်ပြန်ထားပြီး၊ ယင်းသေဆုံးခဲ့ရသူများထဲတွင် ကလေးငယ်များ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများပါဝင်ကြောင်း သိရသည်။
    (more…)

  • လူငယ်နဲ့ စစ်မှုထမ်းဥပဒေ

    လူငယ်နဲ့ စစ်မှုထမ်းဥပဒေ

    “အစားကျွေး အနားပေးပြီးရင် ရေတိုက်အသေရိုက်” တယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စစ်အခြေခံလေ့ကျင့်ရေးတပ်တွေကို မကြာခင် အဓမ္မပို့တော့မှာဖြစ်တယ် ……….

    မောင်ဝိ

    စစ်မှုထမ်း ဥပဒေအသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလအတွင်းပိုင်းကတည်းက ကြိုတင်စီမံထားခဲ့တာ ဖြစ်တယ်။ ထိုအချိန်ကတည်းက နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ထုတ်ပြောခဲ့တာဖြစ်ပြီး၊ ပြောဆိုချက်ထဲမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိကာ အမျိုးသား စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း ၂ နှစ်တန်၊ ၃ နှစ်တန် အခြေအနေပေါ်မူတည်ပြီး စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

    “ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ ကျွန်တော်တို့ လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း ပိုက်ဆံမရှိလို့ မျက်နှာငယ်ရတယ်။ နိုင်ငံရေး အားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို ပြဿနာမျိုးစုံရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်လိမ့်မယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်တယ်။


    လက်ရှိမှာလည်း စစ်ကောင်စီအနေနဲ့ တစ်နှစ်ကို လူဦးရေ ၂၀၀ တွင် ၁ ယောက်သာ တပ်ထဲဝင်ရမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။ ဒါ့အပြင် Non-CDM ဝန်ထမ်းတွေနဲ့ စတင်ပြီး စစ်မှုထမ်းဖို့အကောင်အထည်ဖော်နေတာတွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ကြေညာပြီး၊ တိုင်းနဲ့ပြည်နယ်များမှာ ပေါ်တာဆွဲခံရမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွါးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း စစ်တပ်ကပေါ်တာဆွဲလို့ ဖမ်းဆီးခံရတဲ့ လူငယ် ၃၀၂ ဦးရှိလာကြောင်းနဲ့ လူငယ်တွေကိုလည်း တပ်သားသစ် စုဆောင်းမှုအဖြစ် ခေါ်ယူသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

    (more…)

  • စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

    စစ်ကောင်စီ စစ်ရှုံးသည့်ရသာကို ခံစားနေရပြီဟု ဗိုလ်မိုက်ခဲပြော

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၄ ခုနှစ်။

    “ကျွန်တော်အမြင်ပြောရမယ်ဆိုရင် စကစရဲ့ဘဝက ဆုပ်လဲစူး စားလဲရူးဆိုတဲ့ ဘဝရောက်နေပြီ။ သေချာတခုကတော့ ဒီကောင်စစ်ရှုံးနေပြီ စစ်ရှုံးတဲ့ အရသာကို သူတို့ခံစားဖူးပြီ စစ်ရှုံးတဲ့အရသာ သိပ်ကိုကြောက်စရာကောင်းပါတယ်” စသဖြင့် အညာရဲ့တော်လှန်ရေးအခြေအနေနှင့် လက်တလောအနေအထားများကို Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=8rwS5ebkSbM[/embedyt]

    Red News Agency

  • လက်နက်ကိုင်တော်လှန်ရေးလုပ်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ကြမည်

    လက်နက်ကိုင်တော်လှန်ရေးလုပ်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ကြမည်

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) New Mon State Party (Anti-military Dictatorship) ကို NUG အပါအဝင်တော်လှန်ရေး အင်းအားစုများက ကြိုဆိုကြပြီး မွန်ပြည်ကာကွယ်ရေးတပ်မှလည်း အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင် (အာဏာရှင်စနစ် အမျိုးမျိုး) ချေမှုန်း ပျက်သုဉ်းရေးအတွက် လက်တွဲပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်ကာကွယ်ရေးတပ် (Mon State Defense Force – MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Liberation Army)၊ စစ်အာဏာရှင်ဟူသမျှ တော်လှန်သော မွန်လူငယ်အင်အားစု – (Mon Against Dictatorship)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG စသည့် တော်လှန်ရေးအင်အားစုများက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)ကို ကြိုဆိုကြပြီး လက်တွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြသည်။

    (more…)

  • ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

    ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

    ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိသည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • Loikaw PDF ရဲဘော်များ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲနှင့် ရှားတောတိုက်ပွဲများတွင် အပြည့်အဝပါဝင်ခဲ့

    Loikaw PDF ရဲဘော်များ မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲနှင့် ရှားတောတိုက်ပွဲများတွင် အပြည့်အဝပါဝင်ခဲ့

    RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

    Loikaw PDF ရဲဘော်များသည် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲများဖြစ်သည့် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ပြီး ဒုတိယမြို့သိမ်းတိုက်ပွဲအဖြစ် ရှားတော တိုက်ပွဲတွင်လည်း အပြည့်အဝပါဝင်ခဲ့သည်ဟု သိရသည်။

    “Loikaw PDF သည် မယ်စဲ့မြို့နယ် အလုံးစုံလွတ်မြောက်ရေးတိုက်ပွဲတွင်လည်း ရာနှုန်းပြည့်ပါဝင်ခဲ့ကာ စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးကို ဦးတည်ပါဝင်ခဲ့ပြီး အခုအခါတွင် ဒုတိယမြောက် အလုံးစုံလွတ်မြောက်သွားသည့် ရှားတောမြို့သိမ်းတိုက်ပွဲတွင်လည်း ထပ်မံ ပါဝင်တိုက်ခိုက်ခဲ့သည်။ Loikaw PDF ၏ drone တိုက်ခိုက်ရေး mission ရာချီ ဆောင်ရွက်ခဲ့ပြီး မြို့သိမ်းပွဲတွင်လည်း အင်တိုက်အားတိုက်ပူးပေါင်းခဲ့သည်” ဟု ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) – Loikaw PDF မှ ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • တလနီးပါး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု ရဲမှူးများအပါအဝင် ၁၆၀ ကျော်သေဆုံး

    တလနီးပါး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု ရဲမှူးများအပါအဝင် ၁၆၀ ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

    ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား စစ်ကောင်စီ၏ တပ်များက အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက်ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တလတာနီးပါး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီး၊ ဒု – ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် (၁၆၀) ကျော်သေဆုံးခဲ့ပြီီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။

     

    ရှားတောမြို့နှင့် ပတ်ဝန်းကျင်မှ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

    (more…)

  • ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

    ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

    RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

    ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။

    စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးနှင့်အတူ ၄၀ ကျော်သေဆုံး

    ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးနှင့်အတူ ၄၀ ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။

    ကရင်နီပြည်၊ ရှားတောမြို့သိမ်းနိုင်ရေးအတွက် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဗျူဟာကုန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအပါအဝင် ၄၀ ကျော်ဆုံးပြီး မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    ရှားတော့မြို့သိမ်းနိုင်ရေးအတွက် ကရင်နီတပ်တော် – KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အင်အား ၈၀ ခန့်ရှိ ဗျူဟာကုန်းကို ဝင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ကြောင်း၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်းဖမ်းဆီးရမိထားကြောင်း သိရသည်။

    (more…)