Tag: Red News Agency
-

မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်
RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ပြည်သူများ သွားလာသည့်လမ်းတွင် စစ်ဆေး အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်နေသည့် မြို့အဝင်ဂိတ်တို့အား Shar Htoo Waw Drone နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=q_vPuqV4VAk[/embedyt]မြိုင်ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့ကို မြိုင် ပကဖနှင့်အတူ Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅)၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပ.က.ဖ (ဘာဂျာ “AERIAL Drone Team”)၊ Salingyi Special Task Force – SSTF တပ်ခွဲ “SPACE MAN” Drone အဖွဲ့ တို့ ပူးပေါင်းပြီး မတ်လ (၁၈) ရက်နေ့က ညနေ (၄) နာရီ (၃၀) မိနစ်ဝန်းကျင်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ ကထုတ်ပြန်ထားသည်။#RedNewsAgency -

ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ
RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအတွင်း ယမန်နေ့ညနေ (၆) နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ရဲကား(၂) စီးတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ (၆) ဦး သေဆုံးခဲ့သည်။
ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းအနီး ရဲကား (၂) စီးကို KIA/PDF မှ ပစ်ခတ်တိုက်ခိုက်ရာ ရဲကား(၁) စီးလွတ်သွားပြီး တစ်စီးမှ ရဲသုံးဦး သေဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီ စစ်သားများ အခြေချရာနေရာများမှ ကျေးရွာပြည်သူများရှိရာဘက် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရဲစခန်းကုန်းအတက်မှာဖြစ်တာ၊ ရဲသုံးယောက်က ပွဲချင်း ပြီးပဲ၊ ထိတွေ့တိုက်ပွဲလည်းပြီးရော ငြိမ်းချမ်းသာယာရဲစခန်းကုန်းကရော၊ အန္တမုနိ ဘုရားကုန်းကရော၊ နှစ်မျက်နှာဘုရားကုန်းကရော လက်နက်ကြီးနဲ့ ရမ်းပစ်တော့တာ၊ မီးမှိတ်ပြီး အိမ်အောက်ထဲ ဝပ်နေရတယ်”ဟု ပစ်ခတ်မှုဖြစ်ပွားရာအနီးမှ ပြည်သူတစ်ဦးက ပြောသည်။
-

ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုအပေါ် UWSA ဦးဆောင်သည့် FPNCC ထောက်ခံ
RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။
မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း FPNCC ကယနေ့ ထုတ်ပြန်ထားသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေညှိနှိုင်းရေးကော်မတီ ( FPNCC) လုပ်ငန်းအစည်းအဝေးကို “ဝ” ပြည်နယ် ပန်ခမ်းမြို့တွင် မတ်လ (၁၅)/(၁၆) ရက်တို့က ပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်သည့် မြောက်ပိုင်းမဟာမိတ်(၇) ဖွဲ့ဖြစ်သည့် UWSP၊ KIA၊ PSC၊ SSPP၊ MNTJP၊ ULA၊ PSLF ခေါင်းဆောင်များတက်ရောက်ခဲ့သည်။

#RedNewsAgency
-

ဖက်ဒရယ်နှင့်တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းဆွေးနွေးပွဲအောင်မြင်
RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။တအာင်းပြည်နယ်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC မှ ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတတိယမူကြမ်း ဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ထိုအစည်းအဝေး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နှင့်၁၂ ရက်နေ့က PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ စစ်ဘက်ဆိုင်ရာ အရာရှိအရာခံများ၊ တအာင်းနိုင်ငံရေးခေါင်းဆောင်များ၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ အပါအဝင် (၁၅၀)ကျော်တက်ရောက်ခဲ့ကြောင်း၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်ဟု PSLF/TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း ၁၂ ခန်းပါဝင်ပြီး ပြည်နယ်သားများ၏ အခွင့်အရေးနှင့် တာဝန်များ၊ တအာင်းပြည်နယ် စုဖွဲ့ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အရေးပေါ်အခြအနေ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ ပါဝင်သည်။ -

စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ
RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။ချင်းပြည်နယ်၊ ထန်တလန်မြို့၊စစ်ကောင်စီတပ် အထိုင်ချနေသည့် တပ်ကုန်းသို့ ဆင်းသက်လာသည့် စစ်ကောင်စီတပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။CNA နှင့် CDF-Thantlang တို့ပူးပေါင်းပြီး ထန်တလန် တပ်ကုန်းသို့ဆင်းသက်လာသည့် စစ်ကောင်စီတပ် Mi-17 ထောက်ပို့ ရဟာတ်ယာဉ်ကို မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်ခန့်က Drone ဖြင့်တိုက်ခိုက်ခဲ့ကြသည်ဟု Chinland Information Center မှ ယနေ့ ထုတ်ပြန်ထားသည်။[embedyt] https://www.youtube.com/watch?v=0cjFASSoGnI[/embedyt]#RedNewsAgency -

(၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ
RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် စစ်ဒေသ (၄) ခုနှစ် မြို့ပြလုပ်ငန်း ဒေသများတိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် စစ်သည်အင်အား ထောင်ဂဏန်းအထိ တိုးတက်လာခဲ့ပြီး ပါတီဝင်ကေဒါအများအပြားကိုလည်း စည်းရုံးဖွဲစည်းနိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်မည်ဖြစ်ကြောင်း၊ ပထမဆုံး အပတ်စဉ် (၁) စစ်သင်တန်းကို မြန်မာပြည်မြောက်ဖျား EAO အဖွဲ့တခု၏ လွတ်မြောက်ဒေသတနေရာတွင် အမာခံ ကေဒါ (၃၂) ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၁၅) ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။
-

ယနေ့နံနက် စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။
ယနေ့ နံနက် (၆) နာရီဝန်းကျင်က KNUတပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ပါသည်” ဟု BPLA ကထုတ်ပြန်ထားသည်။
-

KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်
RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်းစခန်းမီးရှို့ခံထားရသည့်မြင်ကွင်း။ “စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်” ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။
-

တပ်ဖွဲ့ဝင် ၂၅၁ ယောက်ရှိသည့် NUG အသိအမှတ်ပြု တပ်ရင်းမှာ သိန်း (၄၀၀) အကြွေးတင်နေ
RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B.21 Kani -PDF မှာ လက်နက်ဝယ်ယူထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေသည်ဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။
တပ်ဖွဲ့ဝင် (၂၅၁) ဦးရှိသည့် B.21 Kani PDF တွင် NUG မှ လက်နက် (၁) လက်မှမရှိသေးကြောင်း၊ M4 A1 (၂) လက် အကြွေးနှင့်ဝယ်ထားသည့်အတွက် သိန်း (၄၀၀) အကြွေးတင်နေကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စားသောက်နေထိုင်ရေးကို ဒေသခံ ရွာများမှ ကူညီနေကြောင်း သိရသည်။
