Tag: Red News Agency

  • တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

    တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

    RNA_ဖားကန့်၊ ဧပြီ (၆)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်‌၌ ယခုရက်သတ္တပတ်အတွင်း ရှေ့တန်းတပ်မ (၃၃)၏ တပ်မမှူး အပြောင်းအလဲရှိသည်ဟု သတင်းထွက်လာပြီးနောက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ငန်းအချို့ ရပ်နားထားသည်ကိုတွေ့ရသည်။

    ဧပြီ (၃)ရက်နေ့က စစ်ကောင်စီ၏ တပ်သား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းက ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်းရှိ ဒေသအခေါ် စိန်စိန်ကုမ္ပဏီလုပ်ကွက်အတွင်းမှ ဘက်ဟိုးနှင့် မြေသယ်ကား(၁၀)စီးနှင့် အထက် သိမ်းဆည်းသွားခဲ့ပြီး ပြန်ရွေးမည်ဆိုပါက တစ်စီးလျှင်ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    (more…)

  • ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

    ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

    RNA_ဧပြီ(၅)၊၂၀၂၃ ခုနှစ်။
     
    “စစ်ကောင်စီတပ်သားတွေက ရှေ့တန်းမှာ အသေခံပေးနေရတယ်လို့ ပြောလို့ရတယ်၊ သူတို့ကို အမိန့်ပေးတဲ့သူကတော့ ပေးနေတာ သူတို့ရဲ့ တပ်သားတွေက အတုန်းအရုန်းကို သေနေကြတာ၊ သေပေးနေရတာပေါ့နော် အဲ့တဖွဲ့တက်လာတယ် အဲတဖွဲ့သေသွားရင် နောက်တဖွဲ့တက်လာ ထပ်သေ အလောင်းတွေလည်း ပြန်မဆွဲဘူး ရတဲ့ သေနတ်လောက်ပဲ ပြန်ဆွဲသွားတယ်။ စစ်မြေပြင်မှာဆိုလို့ရှိရင်ဗျာ စစ်ကောင်စီတပ်သားတွေက ဆောက်တည်ရာမရတော့ဘူး ဦးတည်ရာပတ်ပြေးနေကြရတာ အဲသလိုအနေအထားမျိုးပေါ့” ဟု စစ်မြေပြင်နှင့်ပတ်သက်ပြီး KNDFဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
    [embedyt] https://www.youtube.com/watch?v=gn6JTynq88E[/embedyt]
    နွေဦးတော်လှန်ရေးအတွင်း ခုခံစစ်အားကောင်းသည့် ကရင်နီ (ကယား) ပြည်နယ်တွင် ၆၀ ရာခိုင်နှုန်လောက်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး၊ ကြားခံ စစ်မြေပြင်အဖြစ် ၂၀ ရာခိုင်နှုန်း၊ မြို့ပေါ်ထိန်းချုပ်မှု အနည်းငယ်သာရှိသည့် စစ်ကောင်စီတပ်က ၂၀ ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်ထားနိုင်ကြောင်းနှင့် လတ်တလောက် တိုက်ပွဲအခြေအနေများ စသည်တို့ကို KNDF ဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက Red News Agency ကို ပြောကြားထားသည်။
     
    #RedNewsAgency

  • မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊  Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ

    မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊ Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ

    RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့တို့က ယမန့်နေ့ နံနက် (၅) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ကြရာ စခန်းမှူး မြင့်ကျော်အပါအဝင် (၇) ဦးသေဆုံးကာ၊ G-3 ၁ လက် ၊ Anti Drone Gun ၁ လက်၊ ဗုံးသီး ၁၀ လုံးနှင့် စခန်းမှူးတံဆိပ်တုန်းအပါအဝင် စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မြိုင် ပကဖကထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=vU9WGeaMovY[/embedyt]

    ဧပြီလ (၃) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်ခဲ့သည့် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းချိန် နံနက် (၈) နာရီဝန်းကျင်တွင် စခန်းအားဝင်ရောက်စီးနင်း မီးရှို့ရှာဖေချိန် စစ်ကောင်စီတပ် လေကြောင်းမှ Mi 35 ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မအူရဲစခန်း စီးနင်းသည့် စစ်ဆင်ရေးကို မြိုင် ပ.ကဖ တပ်ရင်း ( ၂)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ Myanmar Royal Dragon Army(MRDA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

    လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

    RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်းအခြေစိုက် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=r3tCE2q1Rl4[/embedyt]
    “ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ဦးစီးချုပ် ဟာကြူလီက ပြောကြားခဲ့သည်။

    (more…)

  • လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

    လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

    RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု – People’s Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

    (more…)

  • NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

    စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)

  • မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

    မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ရုပ်သံကို ယနေ့ ကော်ဘရာစစ်ကြောင်းမှ Cobra Ko Shine က ပြည်သူများကို အသိပေးထားသည်။

    “မြဝတီကုန်သွယ်ရေးဇုံကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပုံ မှတ်တမ်း၊ ဇော်မဲလုံးပြောသလို ကျွန်တော်တို့ မိုက်မိုက်ကန်းကန်းပါပဲ လူ ၂၀ ကျော်လေးနဲ့ ဝင်ပစ်တာ” ဟု ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=jE7MIb3liaE[/embedyt]

    (more…)

  • မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

    မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။
    ယနေ့ကျရောက်သည့် တော်လှန်ရေးနေ့ (စစ်တပ်မှ ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက် အစီအရင်များကို မင်းအောင်လှိုင် ဦးခေါင်းပြတ်ပုံစံဖြင့် အစီအရင်ပြုလုပ်သည့် လှုပ်ရှားမှုကို YRF ရဲဘော်များ ပြုလုပ်ခဲ့ကြသည်။
    မင်းအောင်လှိုင် ခေါင်းပြတ်အား မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟု ဆိုကြသော “မင်းနန်သူကျိန်စာ” အစီအရင်ဖြင့် သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့ကြကြောင်း၊ နေ၀င်ချိန်တခုတွင် ခေါင်းပြတ်ကို မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတခုတွင် သွားရောက် ချထားကာ အညာမှ ဒေသခံပြည်သူတဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တဦးမှ ခုံဖိနပ်ဖြင့် နင်းချေ၍ အစီအရင်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်ဟု Yangon Revolution Force – YRF ( ရန်ကုန်တော်လှန်ရေးအင်အားစု) မှ ထုတ်ပြန်ထားသည်။

    (more…)

  • စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    RNA_မတ်(၂၄)၊၂၀၂၃ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် တပ်ဖွဲ့အင်အားများဖြန့်ကျက် အထိုင်ချစခန်းများပြုလုပ်ထားနိုင်သည့်  M7 People’s Defense Army ခေါင်းဆောင် ဗိုလ်မင်းရောင်ကို Red News Agency ကမေးမြန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=X37p4UhO4Mw[/embedyt]

    နယ်မြေစိုးမိုးနှင့် လက်တလော အခြေအနေများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများ၏ ပါဝင်မှုများ၊ နွေဦးတော်လှန်ရေး ပန်းတိုင်စသည်တို့ကို M7 People’s Defense Army ခေါင်းဆောင်ဗိုလ်မင်းရောင်ကပြည့်ပြည့်စုံစုံဖြေကြားထားသည်။

    Red News Agency

  • ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

    ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင်

    RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။

    မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှအနီးကပ် ဝင်တိုက်ခိုက်ခဲ့ကြစဉ် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိပြီး အင်အားအများအပြားဖြင့် တိုက်ခိုက်ခံရစဉ်တပ်ဆုတ်နိုင်ရန် ကာပစ်ပေးရင်း တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

    (more…)