23
Sep
RNA_စက်တင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်ချများ ချမှတ်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူမအပေါ် အလွန်သက်ညှာမှုများ ပေးထားကြောင်း TIME မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။ အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အင်တာဗျူးဆောင်းပါးကို အနောက်တိုင်းမီဒီယာကြီးတစ်ခုဖြစ်သည့် TIME မဂ္ဂဇင်းက ယနေ့ (စက်တင်ဘာ ၂၃ ရက်) တွင် ဖော်ပြခဲ့ပြီး ယင်းအင်တာဗျူးဆောင်းပါး၌ အခြားပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ အမြင်နှင့် မြန်မာ့စစ်ရေးပဋိပက္ခ၊ စီးပွားရေးပြိုလဲနေမှုများအကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။ နေပြည်တော်၌ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ TIME မဂ္ဂဇင်းက မေးမြန်းချိန် “ကျွန်တော် အတော်လေး သက်ညှာပေးထားပါတယ်။ အခြေအနေတွေ ဒီအဆင့်ထိရောက်အောင် ကျွန်တော် တတ်နိုင်သမျှ ကြိုးစားခဲ့ပါတယ်” ဟု မင်းအောင်လှိုင်က…