22
Nov
RNA_နိုဝင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။ အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပဲခူးတိုင်း၊ သာယာဝတီထောင်အတွင်း မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာသည် လေဖြတ်ပြီးနောက် (၂) နှစ်နီးပါး ဆေးကုသခွင့် ပိတ်ပင်ခံရသည့်အတွက် နိုဝင်ဘာ (၁၆) ရက်နေ့က ကျဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ - WOPP ထံမှ သိရသည်။ နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာသည် ယခင်ကတည်းက ဆီးချို၊ သွေးချိုရောဂါရှိခဲ့သော်လည်း ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်အတွင်းရှိနေစဉ် အင်းစိန်အကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ (more…)