Red News Agency

မြန်အောင်ဆည် ကျိုးကျနိုင်သဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းပေးနေ

မြန်အောင်ဆည် ကျိုးကျနိုင်သဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းပေးနေ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် မြင်ဝါးတောင်ရွာအနီးရှိ မမြဆည် (မြန်အောင်ဆည်) မျက်နှာပြင်၌ အက်ကြောများ ဖြစ်ပေါ်ပြီး ရေလှောင်တမံထိန်း ဆင်ခြေလျှောမြေသားများ နိမ့်ကျပြိုကျများမှုကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများကို နေရာရွှေ့ပြောင်းနေကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။ မြန်အောင်ဆည် တမံထိန်း မြေသားများ နိမ့်ကျပြိုကျမှုသည် အောက်တိုဘာ (၇) ရက်နေ့ကတည်းက စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၉) ရက်နေ့အထိ မြေပြိုကျမှုများ ရှိနေခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ စိုးရိမ်ရသည့်အခြေအနေကြောင့် ဒေသတာဝန်ရှိသူများက ရေပိုလွှဲရေ ထုတ်လွှတ်မှုနှင့် တမံမြေသားများအား ထိန်းသိမ်းနိုင်ရး လုပ်ဆောင်နေကြောင်း သိရသည်။ မြန်အောင်ဆည် ကျိုးကျနိုင်သည့်အခြအနေအပေါ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဆည်အနီးဝန်းကျင်ရှိ စမ်းရွာကြီးရွာ၊ ဥယျာဉ်ကွင်းရွာ၊ မရွေးကုန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ငါးဘတ်ကျရွာနှင့်…
Read More
စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သည့် ခရိုနီများထဲမှ ဒဏ်ခတ်ပိတ်ဆို့မှုဖယ်ရှားခံရသူ (၅) ဦးအထိရှိလာ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။ စစ်အုပ်စုအတွက် ရေနံနှင့် လောင်စာဆီများ တင်သွင်းပေးနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုမှ ပိုင်ရှင်ဖြစ်သူ ခရိုနီ ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးခဲ့ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် ခရိုနီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်နှင့် မိသားစုကို အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ကျောင်းတက်ရောက်နေသည့် ၎င်းတို့၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်လည်း အရေးယူခံရမှုစာရင်းတွင် ပါဝင်ခဲ့သည်။ ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခံရသူများထဲတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းရှင် (၅) ဦးအထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်…
Read More
မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မြန်မာ့ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက ဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Pigott ၏ ပြောကြားမှုကို ရိုက်တာသတင်းဌာနက အောက်တိုဘာ (၈) ရက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်ငွေးကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။ အမေရိကန်နိုင်ံခြားရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့် (Michael Vance) အပါအဝင် ထိပ်တန်းတာဝန်ရှိသူအချို့ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း…
Read More
မြိတ်ခရိုင် ကျွန်းစုရှိ ပျူစောထီးဂိတ်စခန်းကို PDF နှင့် ပကဖတို့ ဝင်ရောက်တိုက်ခိုက်

မြိတ်ခရိုင် ကျွန်းစုရှိ ပျူစောထီးဂိတ်စခန်းကို PDF နှင့် ပကဖတို့ ဝင်ရောက်တိုက်ခိုက်

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မိုင်းတွေးရွာရှိ ပျူစောထီးဂိတ်စခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ မိုင်းတွေးရွာရှိ စစ်အုပ်စုလက်အောက်ခံ ပျူစောထီခေါင်းဆောင်နှင့်အဖွဲ့သည် ဒေသခံပြည်သူများ၏ လှေများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနှင့် စားနပ်ရိက္ခာများကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်နေခြင်းတို့ကြောင့် မြိတ်ခရိုင် PDF နှင့် ပကဖတို့က အောက်တိုဘာ (၈) ရက် နံနက် (၅) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိုင်းတွေးရွာ တံတားဦးတွင် အခိုင်အမာတပ်စွဲထားသည့် ပျူစောထီးကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ချိန်…
Read More
မြန်မာဂျီနိုဆိုဒ်အမှု ကိုင်တွယ်နေသည့် ICJ ယာယီတရားသူကြီး နာဗီပီလေး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

မြန်မာဂျီနိုဆိုဒ်အမှု ကိုင်တွယ်နေသည့် ICJ ယာယီတရားသူကြီး နာဗီပီလေး ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ နော်ဝေ နိုဘယ်ဆုရွေးချယ်ကော်မတီက ချီးမြှင့်သည့် ၂၀၂၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တောင်အာဖရိကနိုင်ငံမှ နာဗာနီသမ် “နာဗီ” ပိလေး (Navanethem “Navi” Pillay) ရရှိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ပြန်ထားသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည့် နာဗီပီလေးကို ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ရေးအတွက် တရားမျှတမှုကို လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နာဗီပီလေးသည် လက်ရှိ၌ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ယာယီတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် ဂမ်ဘီယာမှ တရားစွဲဆိုထားသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမှု၌လည်း အထူးယာယီတရားသူကြီးအဖြစ် ပါဝင်နေသူဖြစ်သည်။ ၂၀၂၆ ခုနှစ်အတွက် နိဘယ်ဆုရှင်များကို…
Read More
အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ကလည်း မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖို့ရှိကြောင်း စစ်အုပ်စု ပြောခွင့်ရ ဆို

အင်ဒိုနီးရှားနှင့် ဘရူနိုင်းတို့ကလည်း မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖို့ရှိကြောင်း စစ်အုပ်စု ပြောခွင့်ရ ဆို

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မလေးရှားနိုင်ငံကို (၂) ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့သည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနှင့် ဘရူနိုင်း နိုင်ငံတို့ကလည်း ဖိတ်ခေါ်ဖို့ရှိနေကြောင်း စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက အောက်တိုဘာ (၈) ရက်၌ ဒေသတွင်းသတင်းဌာနများကို ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း (၅) နိုင်ငံမြောက် ခရီးစဉ်အဖြစ် မလေးရှားကို အောက်တိုဘာ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကျော်ကြာ အေးစက်ခဲ့သည့် ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ခြင်းလည်း ဖြစ်သည်။ စစ်အုပ်စုက ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းသတင်းအချက်အလက်များသည် မလေးရှားခရီးစဉ်မှတဆင့် တခြားဒေသတွင်းနိုင်ငံများသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေသည်…
Read More
SRA ညီလာခံသို့ တော်လှန်ရေးထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်၊ ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ဟု ဆို

SRA ညီလာခံသို့ တော်လှန်ရေးထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်၊ ဖွဲ့စည်းပုံနှင့် မူဝါဒအချို့ကို ပြင်ဆင်နိုင်ခဲ့ဟု ဆို

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ စစ်အာဏာရှင်တော်လှန်ရေးလက်နက်ကိုင် (၁၉) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ဒုတိယအကြိမ်မြောက် ညီလာခံကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ (၂၈) ရက်မှ (၃၀) ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ညီလာခံ၌ ဖက်ရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ AA တပ်တော် ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) မှ အထွေထွေအတွင်းရေးမှူး မော်ဘျားမာဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ SRA…
Read More
ဒီပဲယင်းနှင့် ချောင်းဦးကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်၊ မိသားစုဝင် (၄) ဦး သေဆုံးပြီး သံဃာအပါအဝင် (၆) ဦး ထိခိုက်ဒဏ်ရာရ

ဒီပဲယင်းနှင့် ချောင်းဦးကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်၊ မိသားစုဝင် (၄) ဦး သေဆုံးပြီး သံဃာအပါအဝင် (၆) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းနှင့် ချောင်းဦးမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၄) ဦး သေဆုံးကာ သံဃာ (၂) ပါးအပါအဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မုံရွာမြို့အခြေစိုက် စစ်အုပ်စု အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပါရာမော်တာ (၁) စီးသည် နေ့လည် (၁) နာရီဝန်းကျင်က ဒီပဲယင်းအရှေ့ခြမ်း မူးကမ်းကြီးရွာရှိ အရပ်သားပြည်သူများရှိနေရာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မူးကမ်းကြီးဘက်မှာ နမခက တက်လာတဲ့ ပါရာမော်တာနဲ့ ဗုံးကြဲသွားတာ။ (၈) ဦးမှာ (၄) ဦးက နေရာမှာတင် သေဆုံးသွားတယ်၊ ကျန် (၄) ဦးက ထိခိုက်ဒဏ်ရာရတယ်။ အနီးနားဝန်းကျင်မှာ တိုက်ပွဲမရှိဘဲ…
Read More
ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူသည် KNDPC ကုမ္ပဏီဝန်ထမ်းအား နှိပ်စက်သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သူဟု ဆို

ဖားကန့် စုပေါင်းရုံးတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူသည် KNDPC ကုမ္ပဏီဝန်ထမ်းအား နှိပ်စက်သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သူဟု ဆို

RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များရှီရာ စုပေါင်းရုံးအား ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ ဦးဇော်အောင်သည် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များ၌ ရေမဆေးကျောက်ရှာသည့် အလုပ်သမားတစ်ဦးကို နှိပ်စက်သတ်ဖြတ်မှု ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာ (၇) ရက် နေ့လည်ပိုင်းက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်များနှင့် စစ်အုပ်စု လက်အောက်ခံ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုပေါင်းရုံး၌ တွေ့ဆုံပွဲကျင်းပနေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDPC) မှ တာဝန်ခံ ဦးဇော်အောင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ “ဦးဇော်အောင်က KNDPC ကုမ္ပဏီက တာဝန်ခံ။ သူ့ကုမ္ပဏီ ဆန်းကြွယ်ဆိုဒ်ခွဲမှာ ရေမဆေးကျောက်ရှာ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို ကျောက်ခိုးတယ်ဆိုပြီး အခန်းတစ်ခုထဲချုပ်ထားတာ။ နောက် (၂)…
Read More
မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဟု မလေးရှားအစိုးရ ပြော

မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဟု မလေးရှားအစိုးရ ပြော

RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုခြင်းဟု မယူဆသင့်ကြောင်းနှင့် ၎င်း၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံခြင်းမဟုတ်ကြောင်း မလေးရှားအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရေးအတွင်းရေးမှူး မူဟာမက်ကာမေးလ်အဗ္ဗဒူမူနင်က ပြောကြားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernamma က ဖော်ပြထားသည်။ မလေးရှားအစိုးရအနေဖြင့် ဆယ်စုနှစ်တစ်ခုကာလအတွင်း မြန်မာထိပ်တန်း တာဝန်ရှိသူတစ်ဦးကို မလေးရှားသို့ ဖိတ်ခေါ်ခဲ့ခြင်းသည် ပြဿနာရပ်များကို ဖြေရှင်းရန် သံတမန်နည်းလမ်းအရ ထိတွေ့ဆက်ဆံခြင်းနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။ “မြန်မာ(စစ်အုပ်စု)ထိပ်ပိုင်းတာဝန်ရှိသူနဲ့ တွေ့ဆုံတာဟာ သူတို့ကို အသိအမှတ်ပြုတာလို့ မယူသင့်ပါဘူး။ မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို လျစ်လျူရှုလို့ မရပါဘူး”ဟု ကာမေးလ်မူနင်က ၎င်း၏ လူမှုကွန်ရက် Facebook ၌ ရေးသားဖော်ပြထားသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား…
Read More