Red News Agency

🔴 Mi-17 စစ်ရဟတ်ယာဉ် တိုက်ခိုက်ခဲ့သည့် ရဲဘော်များကို NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြု Red News Agecny

🔴 Mi-17 စစ်ရဟတ်ယာဉ် တိုက်ခိုက်ခဲ့သည့် ရဲဘော်များကို NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြု Red News Agecny

အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းက KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်းလာတယ်ဆိုတဲ့သတင်း၊ ဝက်လက်အရှေ့ခြမ်း ထိတွေ့မှု (၁၅) ကြိမ်အတွင်း တစ်ဖက်အဖွဲ့အစည်းမှ အင်အား (၁၀၀) ကျော်ကို ဟန့်တားနိုင်ခဲ့တယ်ဆိုတဲ့သတင်း၊ တစ်ဖက်အဖွဲ့အစည်းက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ (၁) လုံး (၂၀၀၀) ကျပ်နီးပါးထိ ဈေးတက်နေတယ်ဆိုတဲ့သတင်း၊ Mi-17 ရဟတ်ယာဉ်ကို နည်းပညာမြင့်ယာဉ်ပျံများဖြင့် ဟန့်တားနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား NUG ကျပ်သိန်း ၁ သောင်း ဂုဏ်ပြုလိုက်တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ https://youtu.be/6JbxsofwiJE?si=hdmmlEmNk3GB981J (more…)
Read More
ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြား သေဆုံးသူ (၁၃၀၀) ကျော်ရှိလာ

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြား သေဆုံးသူ (၁၃၀၀) ကျော်ရှိလာ

NA_စက်တင်ဘာ(၂၂)၊၂၀၂၆ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် သေဆုံးသူ (၁၃၄၄)ဦးအထိရှိလာပြီး စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးရှိခဲ့ကြောင်း ချင်းရေးရာအဖွဲ့တစ်ခုဖြစ်သည့် Institute of Chin Affairs (ICA) က အစီရင်ခံစာ ထုတ်ပြန်ထားသည်။ ICA မှ စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၃၁) ရက်အထိ စစ်ရေးပဋိပက္ခများအတွင်း သေဆုံးသူ အရပ်သားပြည်သူ (၆၄၄) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၇၀၀) ဦးအထိရှိခဲ့ကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများအတွင်း သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၆၄၄) ဦးထဲတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၃၀၆)…
Read More
စစ်အုပ်စုက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ(၁)လုံး (၂၀၀၀)ကျပ်နီးပါးထိ ဈေးတက်

စစ်အုပ်စုက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ(၁)လုံး (၂၀၀၀)ကျပ်နီးပါးထိ ဈေးတက်

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ မယ်ဆိုင်မှ တင်သွင်းသည့် ပို့ကုန်များကို စစ်အုပ်စုက ပိတ်ပင်လိုက်မှုကြောင့် တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ကြက်ဥ (၁) လုံး (၂၀၀၀) ကျပ်ဝန်းကျင်အထိရှိလာကြောင်း သိရသည်။ မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်မှတဆင့် တင်ပို့သည့် အေးခဲစားသောက်ကုန်များအပါအဝင် အခြေခံစားသောက်ကုန်များကို စစ်အုပ်စုက ယနေ့ (စက်တင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင်း ယာယီတားမြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများလည်း ဖော်ပြထားသည်။ မယ်ဆိုင်မှ တင်သွင်းကုန်များ ယာယီပိတ်ပင်ထားမှုအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ မပြည့်မီခြင်းနှင့် မြန်မာနိုင်ငံသို့ ပေးဆောင်ရမည့် ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်ထားခြင်း မရှိခြင်းကြောင့် ပို့ကုန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း စစ်အုပ်စုက အကြောင်းပြပြောဆိုထားသည်။ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်ပင်မှုကြောင့်…
Read More
ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းက KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်း

ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းက KNLA တပ်မဟာ (၄) ထံ ပြန်လည်ပူးပေါင်း

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) ထံ ကော်သူးလေတပ်မတော် (KTLA) မှ ထုတ်ပယ်ခံထားရသည့် ဆာကပေါ်တပ်ရင်းတစ်ခုလုံးက လာရောက်ပူးပေါင်းခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးက ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။ KNLA တပ်မဟာ (၄) ထံ လာရောက်ပူးပေါင်းခဲ့သည့် ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းသည် တနင်္သာရီတိုင်းအတွင်း အခြေစိုက်စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ စစ်အုပ်စုတပ်ဖွဲ့များနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းလှုပ်ဆောင်နေသည်ဟုဆိုကာ ဆာကပေါ်တပ်ရင်းတစ်ခုလုံးကို စောနယ်ဒါးမြ ဦးဆောင်သည့် KTLA မှ ထုတ်ပယ်ကြောင်း ပြီးခဲ့သည့် ဩဂုတ် (၂၈) ရက်က ကြေညာချက်…
Read More
ဝက်လက်အရှေ့ခြမ်း ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့

ဝက်လက်အရှေ့ခြမ်း ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကားနှင့် ဒရုန်းများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းက စက်တင်ဘာ (၂၀) ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်နှစ် ၂၀၂၅ ဒီဇင်ဘာ (၂၄) ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃၁) ရက်အထိ (၇)လတာအတွင်း စစ်အုပ်စုတပ်ဖွဲ့များနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်အုပ်စုဘက်မှ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃)၊ အမှတ် (၁၂၊ ၁၃) ခြေမြန်တပ်ရင်းများနှင့် လက်အောက်ခံ…
Read More
စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘီးလင်းရှိ စာသင်ကျောင်းနှင့် နေအိမ် (၄၀) နီးပါး ထိခိုက်ပျက်စီး

စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘီးလင်းရှိ စာသင်ကျောင်းနှင့် နေအိမ် (၄၀) နီးပါး ထိခိုက်ပျက်စီး

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ်ရှိ ကျသောင်းဆိပ် (ယိုကလား)ရွာအနောက်ြခမ်းနှင့် အရှေ့ခြမ်းတို့ကို စစ်အုပ်စု စက်တင်ဘာ (၁၉) ရက် ည (၁၁) နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျသောင်းဆိပ်အနောက်ဘက်ရှိ စာသင်ကျောင်း အဆောက်အအုံ (၃) လုံး၊ ဝန်ထမ်းအိမ်ရာ (၁) လုံးနှင့် နေအိမ် (၂) လုံးထိခိုက်ပျက်စီးခဲ့ပြီး ကျသောင်းဆိပ်ရွာအရှေ့ဘက်ခြမ်းရှိ…
Read More
မြန်မာအလုပ်သမားအလောင်း ဖျောက်ဖျက်ရန် လုပ်ဆောင်သည့် တရုတ်နိုင်ငံသား (၂) ဦး ဖမ်းဆီးခံရ

မြန်မာအလုပ်သမားအလောင်း ဖျောက်ဖျက်ရန် လုပ်ဆောင်သည့် တရုတ်နိုင်ငံသား (၂) ဦး ဖမ်းဆီးခံရ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ရနောင်း (Rayong) ခရိုင် နီခွန်ဖတ်ထနာဒေသရှိ ဘုန်းကြီးကျောင်း၌ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ အလောင်းကို လာရောက်စွန့်ပစ်ခဲ့သူများထဲမှ (၂) ဦးကို ယနေ့ (စက်တင်ဘာ ၁၉ ရက်) ဖမ်းဆီးရမိထားကြောင်း ထိုင်းသတင်းဌာန Amarin News က ဖော်ပြထားသည်။ ယနေ့ နံနက် ၂ နာရီဝန်းကျင်က တရုတ်နိုင်ငံသား (၄) ဦးသည် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) ဦးကို အလောင်းကို ကားဖြင့်တင်ဆောင်လာပြီး နီခွန်ဖတ်ထနာဒေသရှိ ဝပ်မက်ခါ (Wat Map Kha) ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ကာ စွန့်ပစ်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ မြန်မာအလုပ်သမား၏ အလောင်းကို မီးသင်္ဂြိုလ်ပေးရန် ကျောင်းထိုင်ဆရာတော်အား တောင်းဆိုခဲ့သော်လည်း သေဆုံးရသည့်…
Read More
ပြည်နယ်စည်းလုံးညီညွတ်မှု အားကောင်းရေးအပါအဝင် မဟာဗျူဟာ (၄) ခုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌသစ် ပြော

ပြည်နယ်စည်းလုံးညီညွတ်မှု အားကောင်းရေးအပါအဝင် မဟာဗျူဟာ (၄) ခုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌသစ် ပြော

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့ (စက်တင်ဘာ ၁၉ ရက်) တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုမှ မူးအန်ဂျလာကို ခန့်အပ်ခဲ့ကြောင်း သိရသည်။ KSCC ၏ (၂၇) ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လစ်လပ်သွားသည့် ဥက္ကဋ္ဌရာထူးအပြင် ကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KSCC ၏ နိုင်ငံရေးအခန်းကဏ္ဍကို မြှင့်တင်ခြင်းအပါအဝင် ပြည်နယ်စည်းလုံးညီညွတ်ရေး အားကောင်းမှု တည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အသွင်ကူးပြောင်းရေး အစီအမံများ ချမှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု KSCC ဥက္ကဋ္ဌ မူးအန်ဂျလာက Red News Agency…
Read More
ချင်းတောင်ပိုင်း၌ အထိနာနေသည့် စစ်အုပ်စု ဆောမြို့နယ်၌ အင်အားရာနှင့်ချီ ဖြည့်တင်းနေ

ချင်းတောင်ပိုင်း၌ အထိနာနေသည့် စစ်အုပ်စု ဆောမြို့နယ်၌ အင်အားရာနှင့်ချီ ဖြည့်တင်းနေ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဆောမြို့နယ်သို့ ဦးတည်ကာ မကွေးမြို့မှထွက်လာသည့် စစ်အုပ်စုက စစ်ကား (၂၀၀) နီးပါးဖြင့် စစ်ကူအင်အားဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း မကွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (စက်တင်ဘာ ၁၉ ရက်) ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းအစပ်၌ တိုက်ပွဲများပြင်းထန်နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက် မြေပြင်စစ်ကြောင်းများ အထိနာမှုများလည်း ရှိနေခြင်းဖြစ်ပြီး စစ်ကူအင်အားဖြည့်တင်းမှုမျာကို အကြိမ်ကြိမ် လုပ်ဆောင်နေရခြင်း ဖြစ်သည်။ ယင်းစစ်ကူအင်အားများသည် ရှမ်းပြည်နယ်အခြေစိုက်တပ်များနှင့် မန္တလေးတိုင်း မတ္တရာမြို့နယ် အခြေစိုက်တပ်များဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၈၈) မှ ဦးဆောင်ကာ မကွေးမြို့မှ ဆောမြို့နယ်ဘက်သို့ စစ်ကား…
Read More
မြေပြင်စစ်ကြောင်းအထိနာနေသည့် စစ်အုပ်စုက ကန်ပက်လက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်၊

မြေပြင်စစ်ကြောင်းအထိနာနေသည့် စစ်အုပ်စုက ကန်ပက်လက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်၊

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ရှိ ကျေးရွာတစ်ခုကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံနေအိမ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန က ထုတ်ပြန်ထားသည်။ ယနေ့ (စက်တင်ဘာ ၁၉ ရက်) နံနက်ပိုင်း ၇ နာရီဝန်းကျင်က ကန်ပက်လက်မြို့နယ် ကျေးရွာတစ်ခုကို စစ်အုပ်စုက ဂျက်ဖိုက်တာ (၂) စီးဖြင့် ဗုံး (၆) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရမှုရှိ မရှိအခြေအနေနဲ့ပတ်သက်ပြီး ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။ ယခု စက်တင်ဘာ (၁၆) ရက်ကလည်း ကန်ပက်လက်မြို့နယ်အတွင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့်…
Read More