စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

RNA_ဇူလိုင်၁၄၊၂၀၂၂ ခုနှစ်။

စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်မှာ ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့သည်။

အမျိုးသားစာပေတသက်တာဆုရှင် အသက် (၉၁) နှစ်ရှိ ဆရာကြီးမောင်သာနိုးသည် ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကွန်လွန်ခဲ့ပြီး၊ ဆရာကြီး မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့သည်။

ဆရာကြီး မောင်သာနိုးသည် ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရကြောင်း၊ ဆရာကြီးရေးသားခဲ့သည့် ထင်းရှူးပင်ရိပ် ကဗျာဘာသာပြန်စာအုပ်၊ တော်မှော်ရုံလမ်း၊ ဗမာစာ ဗမာစကား၊ အာရှတိုက်၏ အလင်းရောင်၊ မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ဟိုက္ကူကဗျာ ခရီးသည် စသည့်စာအုပ်များစွာ ထင်ရှားပြီး ကဗျာဆရာများနှင့် စာရေးဆရာများအပေါ် ဩဇာကြီးများသည့် ပညာရှင်တဦးဖြစ်သည်။

Red News Agency

By Editor